ဒီဂီယာကို အလိုရှိတဲ့ စပိန်ကလပ် နဲ့ ဂိုးသမားအပြောင်းလဲ ပြုလုပ်လိုနေတဲ့ တန်ဟဂ်

Posted on

အေတီကိုမက်ဒရစ်အသင်းဟာ လာမယ့်ရာသီမှာ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေတဲ့ ဂိုးသမား ဂျွန်အိုဘလက်နေရာကို မစားထိုးရန်အတွက် ယူနိုက်တဒ်ဝါရင့်ဂိုးသမား ဒဟေးယား ကို ပြန်လည်ခေါ်ယူလိုတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။အေတီကို အနေနဲ့ ၂၀၁၁ မှာ ဒဟေးယား ကို ထိုစဉ်က စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို(၁၈.၆)သန်း နဲ့ ရောင်းချခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မန်ယူနိုက်တဒ်ရဲ့ ဂန္နဝင်ဂိုးသမား ဖြစ်လာခဲ့ပြီး ခေတ်နဲ့စနစ် အပြောင်းလဲကြောင့်သာ အပြောင်းရွှေ့သတင်းတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ အဲရခ်တန်ဟဂ် က shot-stopping ကောင်းမွန်ပြီး sweaper role ပါကစားနိုင်တဲ့ ခေတ်သစ်ဂိုးသမားကို အလိုရှိနေတာကြောင့်လည်း ဒဟေးယား ကို ပြန်လည်ခေါ်ယူလိုတဲ့ အေတီကို ရဲ့ အိမ်မက် တွေက အမှန်တကယ် အကောင်ထည်ပေါ်လာနိုင်တယ်လို့ စပိန်မီဒီယာတွေကဆိုပါတယ်။

မန်ယူနိုက်တဒ် အသင်းဟာ လာမယ့်ရာသီမှာ ဂိုးသမားနေရာကို အဓိကဖြည့်တင်းရန် စီစဉ်နေပြီး ဘောလုံးလက်ခံနိုင်ပြီး ပေးပို့မှု ကောင်းမွန်ကာ ခံစစ်-တိုက်စစ် အကူးပြောင်းတွေမှာ အားထားရတဲ့ ဂိုးသမားမျိူးအလိုရှိနေပါတယ်။ဒဟေးယား ရဲ့ အားနည်းချက်တွေဖြစ်တဲ့ ရှေ့တက်ဖျတ်ထုတ်မှု၊တည်ကန်ဘောထွက်ဆွဲနိုင်မှု၊ပေးပို့နိုင်မှုနဲ့ အကွက်မြင်တတ်မှုတွေမှာ အားသာပြီး စပိန်သားနည်းပါး လက်စွမ်း မလျော့တဲ့ ဂိုးသမားကို ရှာဖွေနေတာဖြစ်ပြီး ဝုဗ် ရဲ့ ဂျိုဆေးဆား၊ဘရိုက်တန် ဂိုးသမား ရော်ဘတ်ဆန်းချက်ဇ်၊ဗီလာ ရဲ့ မာတီနက်ဇ် တို့ကို ချိန်ရွယ်လျက်ရှိပါတယ်။ဂျာမဏီ၊စပိန် နဲ့ ပြင်သစ် က ဂိုးသမားတချို့ကိုလည်း စောင့်ကြည့်လျက်ရှိပြီး အသင်းရဲ့လူငယ်ဂိုးသမား မာခ့်ကိုဗာ့ဂျ် ကလည်း တန်ဟဂ် ရဲ့ စောင့်ကြည့်စာရင်းမှာ ပါဝင်နေပါတယ်။

ယူနိုက်တဒ် ရဲ့ အငှားချထားတဲ့ ဒိန်းဟန်ဒါဆင် က sweeper role မှာ ပြသနာမရှိပေမယ့် shot stopping မှာ ပြသနာရှိသလို သူ့ရဲ့ နှုတ်ဖွာမှု နဲ့ မီဒီယာထံဖွင့်ချမှုတွေကတော့ တန်ဟဂ် အနေနဲ့ သည်းခံပေးဖွယ်မရှိတာကြောင့် အသင်းကိုပြန်လာဖို့ ခက်ခဲနိုင်ပါတယ်။ တန်ဟဂ် အနေနဲ့ အင်္ဂလန်သားတွေကို မယုံကြည်မှုဖြစ်နေသလို တည်ငြိမ်တဲ့ပုံစံကောင်းမပြနိုင်တဲ့ ဘယ်ကစားသမားကိုမှ အခွင့်အရေးမပေးတဲ့ မူဝါဒကြောင့် ဟန်ဒါဆင် အတွက် ယူနိုက်တဒ်နံပတ်(၁)ဖြစ်လိုတဲ့ အိမ်မက်က အဆုံးသတ်ဖွယ်ရှိပါတယ်။

တန်ဟဂ် အလိုရှိတဲ့ ဂိုးသမားကိုသာ လာမယ့်ရာသီမှာတင်သွင်းလာနိုင်ရင် ဒဟေးယား ရဲ့ ထွက်ခွာမှုက သေချာပေါက်ဖြစ်ပေါ်လာဖွယ်ရှိပြီး အေတီကို က အကောင်းဆုံးရွေးချယ်စရာ ဖြစ်လာပါလိမ့်မယ်။ယူနိုက်တဒ်အတွက်လည်း တစ်ပတ်ပေါင်(၃၇၅၀၀၀)ပေးချေ နေရတဲ့ ကစားသမားကို ပိုမိုကောင်းမွန်ပြီးခေတ်နဲ့လျော်ညီတဲ့ဂိုးသမားနဲ့ အလဲလှယ်လုပ်ရမှာမလို့ ပိုကောင်းတဲ့ မျှချေကိုဖန်တီးနိုင်မှာ ဖြစ်ပါတယ်။