ဖရန်ကီဒီဂျောင် အတွက် ALL IN ပဲဆိုတဲ့ တန်ဟဂ် နဲ့ မန်ယူနိုက်တဒ်

Posted on

မန်ယူနိုက်တဒ် အသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင် ကို လာမယ့်ရက်သတ္တပတ်အတွင်း ခေါ်ယူသွားနိုင်ဖို့ ကြိုးစားနေပြီး All in ပြုလုပ်တော့မယ်လို့ စပိန်ကလာတဲ့သတင်းတွေကဆိုပါတယ်။

ဖရန်ကီ အပြောင်းရွှေ့ကသုံးလနီးပါးကြာမြင့်ခဲ့ပြီးနောက် ဘာစီလိုနာ နဲ့ မူလသဘောတူညီမှု ယူရို(၇၅+၁၀)သန်း ကို ပေးချေရန် ယူနိုက်တဒ် က သဘောတူညီထားသလို ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု နောက်ကွယ်မှာ ရယူထားနိုင်ပြီဖြစ်ပေမယ့် ကြွေးကျန်လစာငွေ ပြသနာကြောင့် ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

မန်ယူနိုက်တဒ် အသင်း နဲ့ ဖရန်ကီဒီဂျောင် ကြားမှာ အေးဂျင့်ကတဆင့် သဘောတူညီမှု ရယူထားပြီးဖြစ်ကြောင်း နယ်သာလန်ကလာတဲ့သတင်းတွေကဆိုကြပြီး အစောပိုင်းမှာ ဘာစီလိုနာ ရဲ့ အသာစီးယူမှုကြောင့် အပြောင်းရွှေ့ကို နောက်ဆုတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဖရန်ကီ အနေနဲ့ ဘာစီလိုနာထံကနေ ယူရို(၁၉)သန်းကြွေးကျန် ပြသနာဖြေရှင်းရန် ကျန်ရှိတာကြောင့် အပြောင်းရွှေ့ကိုနောက်ဆုတ်ခဲ့ရပေမယ့် ဆရာဟောင်း အဲရခ်တန်ဟဂ် ထံ သူ့ရဲ့ ရပ်တည်ချက် နဲ့ ပြောင်းရွှေ့လိုတဲ့အကြောင်းကို အတိလင်းဖွင့်ဟပြီးဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။ကနဦးမှာတော့ အဆိုပါသတင်းတွေကို စပိန်ဂျာနယ်လစ်တွေက ငြင်းဆိုခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ လာမယ့်တပတ်အတွင်း ဖရန်ကီ နဲ့ တန်ဟဂ် တို့ တွေ့ဆုံသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဖရန်ကီဒီဂျောင် က ချဲလ်ဆီး ရဲ့ ကမ်းလှမ်းမှုတချို့ရှိလင့်ကစား စိတ်ဝင်စားဟန်မပြခဲ့သလို တူချယ် ရဲ့ကြိုးပမ်းမှုကလည်း အချည်းနှီးဖြစ်ခဲ့ရပါတယ်။ ဒီဂျောင် အနေနဲ့ ကြွေးကျန်ပြသနာကို ရှေ့နေတွေနဲ့သာ ဆက်ရှင်းရန် ဆုံးဖြတ်ဖွယ် ရှိနေပြီး လာမယ့် ရက်သတ္တပတ်အတွင်း မန်ယူနိုက်တဒ် နဲ့ အပြောင်းရွှေ့ကို အဆုံးသတ်ဖို့ ကြိုးပမ်းဖွယ်ရှိပါတယ်။

စပိန်ကလာတဲ့ သတင်းတွေအရ မန်ယူနိုက်တဒ် အသင်းဟာ ဘာစီလိုနာ အတွက်ရော ကစားသမားအတွက်ပါ စိတ်ကျေနပ်လောက်မယ့် ကမ်းလှမ်းမှု ပြုလုပ်ကာ ကမ်းလှမ်းသွားဖွယ်ရှိပြီး တစ်ပတ်အတွင်းအဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။