အဲရခ်တန်ဟဂ် ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့(၂)ခုကို အထူးချီးကျူးလိုက်တဲ့ ဒီဂျောင်

Posted on

နယ်သာလန်ကွင်းလယ်လူဟောင်း နစ်ကယ်ဒီဂျောင် ကတော့ အဲရခ်တန်ဟဂ် ဟာ မန်ယူနိုက်တဒ် ကို ရောက်ရောက်ခြင်းမှာပဲ သူ့အတွက် တိုက်ရဲခိုက်ရဲတဲ့ စစ်သူရဲတွေကို တင်သွင်းလာတာက မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ထောက်ခံလိုက်ပါတယ်။အင်္ဂလန်မီဒီယာတွေကြားမှာ အင်္ဂလိပ်အခြေစိုက် ကစားသမားတွေနဲ့ အင်္ဂလန်သားတွေကို ခေါ်ယူခြင်းမပြုခဲ့သလို လက်တလောမှာတော့ နိုင်ငံ့လက်ရွေးစင်တချို့ ဟာ ပွဲထွက်ခွင့်အခက်ခဲတွေ ကြုံနေရလို့ ဝေဖန်သံတချို့ထွက်လာပေမယ့်လည်း ဒချ့်ကွင်းလယ်လူဟောင်းကတော့ တန်ဟဂ် က မှန်ကန်တဲ့ရွေးချယ်မှုကိုပြုလုပ်ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။

ဒီဂျောင် က “အဲရခ် ရဲ့ မန်ချက်စတာယူနိုက်တဒ် က အတ္တကြီးတဲ့ ကစားသမား(၂၃)ယောက် စုဝေးနေတဲ့အသင်းပါ၊ကမ္ဘာပေါ်ကအကောင်းဆုံး ကစားသမားတွေကို တစုတဝေးထဲ တွေ့မြင်နိုင်ပေမယ့် ဒီလိုအတ္တကြီးတဲ့ကစားသမားတွေကို အသင်းစိတ်ဓာတ်ပြည့်ဝတဲ့သူတွေအဖြစ် ပြောင်းလဲနိုင်မှသာ ကောင်းမွန်ပြီး ပြည့်စုံတဲ့ အသင်းတစ်သင်းကို တည်ဆောက်နိုင်ပါလိမ့်မယ်။တန်ဟဂ် က သူ့ရဲ့ ကစားသမားရွေးချယ်မှုတွေကို အတော်လေး ဂရုတစိုက်ပြုလုပ်ခဲ့တာ သိသာပါတယ်။သေချာတာတစ်ခုကတော့ သူရွေးချယ်လိုက်တဲ့ ကစားသမားတိုင်းက သူ့ကို စစ်ပွဲထဲမှာအနိုင်ရစေမယ့် သူတွေဆိုတာပါပဲ”လို့ဆိုပါတယ်။

ဆက်လက်ပြီး ဒီဂျောင် က “အဲရခ်တန်ဟဂ် ရဲ့ မဟာဗျူဟာကို မြင်နေရပါတယ်၊လီဆန်ဒရိုမာတီနက်ဇ် ကို ကြည့်လိုက်ပါ သူ့မှာ ဘယ်လိုပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်တဲ့ စိတ်ဓာတ်မျိုးရှိပါတယ်။မာတီနက်ဇ် က မီးခိုးထွက်တဲ့အထိ တန်ဟဂ် အတွက်ဆိုရင် ပြေးမယ့်သူ တစ်ယောက်ပါ။အန်တိုနီ ကို ပေါင်းထည့်လိုက်နိုင်တာက လည်း ဒီသဘောပါပဲ”

” အန်တိုနီ မှာ မာတီနက်ဇ် လို စိတ်ဓာတ်မျိုးရှိသလို သူတို့ရဲ့ ကစားပုံက ကျွန်တော်တို့အခေါ်နဲ့ဆိုရင် “ငါ့ကိုကျော်ခြင်ရင် အေ-ပဲရမယ်” ဆိုတာမျိုးပါ။အန်တိုနီ ဆီမှာ ဒီလို ပုံစံနဲ့ ကစားတာကို အြကိမ်ကြိမ်မြင်တွေ့ခဲ့ပြီးပါပြီ။မန်ယူနိုက်တဒ် ရဲ့ အပြောင်းရွှေ့က တကယ်ကိုကောင်းခဲ့ပြီး သူတို့ရဲ့ တိုက်ခိုက်လိုစိတ်တွေမြင့်မားလာတာကို အခု ကျွန်တော်တို့ မြင်နေရပြီလေ”လို့ဆိုပါတယ်။