Getty Images

ဖရန်ကီဒီဂျောင် အပြောင်းရွှေ့ရဲ့ အဆုံးသတ်

Posted on

ဖရန်ကီဒီဂျောင် အပြောင်းရွှေ့ဟာ ဘာစီလိုနာ ရဲ့ စာချုပ်အပေါ်ကတိမတည်မှုနဲ့ကျင့်ဝတ်ဖောက်ပြန်မှုတွေကြောင့် ဘောလုံးကမ္ဘာရဲ့ အဆ်ိုးရွားဆုံးသော ပြသနာတွေထဲက တစ်ခုအဖြစ် ဝင်ရောက်သွားမှာအသေချာပါပဲ။

Getty Images

ဖရန်ကီ ကို ကြွေးကျန်လစာငွေတွေ မပေးချေလိုတဲ့ ဘာစီလိုနာ ဟာ လက်ကျန်စာချုပ်အရပေးချေရမယ့် လစာကိုလည်း အပြည့်မပေးလိုပဲ (၅၀%)လျှော့ချကာ ခံစားခွင့်တွေဖျတ်သိမ်းပြီး စာချုပ်သစ် ချုပ်ဆိုလိုနေတာပဲဖြစ်ပါတယ်။

ကိုဗစ်ကာလမှာ အသင်းအခက်ခဲဖြစ်နေလို့ လျှော့ယူပေးခဲ့တဲ့ လစာငွေကို အဆင်ပြေနေချိန်မှာ မဆပ်တဲ့အပြင် Shopping ထွက်နေတာကြောင့် ဖရန်ကီ ဖက်ကလည်း ထပ်မံလျှော့ယူဖို့ လက်သင့်မခံပဲ ငြင်းဆိုလိုက်တာကြောင့် အခြေအနေတွေကပိုပြီးတင်းမာလာတာပဲ ဖြစ်ပါတယ်။

ဖရန်ကီ အနေနဲ့ အသင်းမှာဆက်နေမယ်ဆိုရင် လစာငွေလျှော့ယူပြီး သူတို့တောင်းဆိုတဲ့ အချက်လက်တွေအတိုင်း စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူရန် ဖိအားပေးထားသလို တဖက်မှာလည်း စာချုပ်သစ်မချုပ်ပဲ ဆက်နေမယ်ဆိုရင် ဥပဒေအရဖြေရှင်းမယ်လို့ ခြိမ်းခြောက်ထားပါသေးတယ်။

Getty Images

ဖရန်ကီ ရဲ့ ဒုတိယအကြိမ်ပြင်ဆင် ချုပ်ဆိုတဲ့ စာချုပ်ဟာ ဥက္ကဌဟောင်းဘာတိုမြူ ဘုတ်အဖွဲ့ရဲ့ ကိုဗစ်ကာလအတွင်း အရေးပေါ် အသစ်ချုပ်ဆိုခဲ့တဲ့ စာချုပ်ဖြစ်ပြီး လက်ရှိ ဥက္ကဌလာပေါ်တာကတော့ မူလစာချုပ် (၂၀၁၉)အတိုင်း ပြန်လည်လက်ခံပြီး လစာငွေကို (၅၀%)လျှော့ယူရန်သာဖိအားပေးလျက်ရှိပါတယ်။

ဖရန်ကီ နဲ့ အေးဂျင့် အလ်လီဒူရမ်ဆန် တို့ကတော့ ဘာစီလိုနာ ရဲ့ တောင်းဆိုချက်ကို လိုက်လျောမှာမဟုတ်ပဲ ကြွေးကျန်ယူရို(၁၉)သန်း ကို ပေးချေရင် အသင်းကနေ ထွက်ခွာမှာဖြစ်ပြီး မပေးချေရင်တော့ မူလစာချုပ်အတိုင်း ခံစားခွင့်အပြည့်နဲ့ အသင်းမှာ ဆက်လက် ရှိနေမှာဖြစ်ကြောင်း အသိပေးထားသလို ဥပဒေပိုင်းအရ ဖြေရှင်းရန် ရှေ့နေတွေထံ စာချုပ်စာတမ်းတွေ လွှဲပြောင်းပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

သို့သော်လည်း ဖရန်ကီသာဆက်နေရန် ဆုံးဖြတ်ခဲ့ရင် အဓိက ပြသနာတက်နိုင်တဲ့အခြမ်းက ဘာစီလိုနာသာဖြစ်ပြီး ကစားသမားအသစ်တွေကို စာရင်းသွင်းဖို့ အခက်ခဲတွေရင်ဆိုင်ရပါလိမ့်မယ်။

Getty Images

ဖရန်ကီဒီဂျောင် အနေနဲ့ အသင်းပြောင်းရွှေ့မယ်ဆိုရင် လက်တလောမှာ မန်ယူနိုက်တဒ် အပြင် ချဲလ်ဆီး ကလည်း စိတ်ဝင်စားမှုပြထားပါတယ်။ ချဲလ်ဆီး က ဘာစီလိုနာ နဲ့ ယခုရာသီမှာ ကြီးမားတဲ့ ပွတ်တိုက်မှုတွေ ရှိနေသလို တဖက်မှာလည်း အလွန်ဆို-အူဘားမီးယန်း အပြောင်းရွှေ့အတွက် ညှိနှိုင်းနေပြီး ဖရန်ကီဒီဂျောင် ရဲ့ အခြေအနေအတွက်ပါ စုံစမ်းမေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သို့သော်လည်း ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာထံ တရားဝင်ချဉ်းကပ်မှု နဲ့ ကမ်းလှမ်းမှု မရှိသလို ကစားသမားနဲ့လည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခြင်းတော့ မရှိပါဘူး။မန်ယူနိုက်တဒ် အသင်းကတော့ ဘာစီလိုနာ နဲ့ ပြောင်းရွှေ့ကြေး ယူရို(၇၅+၁၀)သန်း နဲ့ သဘောတူညီမှု ရယူထားသလို ယုံကြည်ရတဲ့ နယ်သာလန်ကလာတဲ့ သတင်းရင်းမြစ်တွေအရ ကစားသမားနဲ့လည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုကို နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဖရန်ကီ နဲ့ အဲရခ်တန်ဟဂ် က ဆရာတပည့်ဟောင်းတွေ ဖြစ်သလို အေးဂျင့်ဖြစ်သူ အလ်လီဒူရမ်ဆန် နဲ့လည်း မလာစီယာ/အဲရခ်ဆင် အပြောင်းရွှေ့တွေကြောင့် ဆက်ဆံရေးကောင်း ရှိထားတဲ့ ယူနိုက်တဒ် အသင်းဟာ နောက်ကွယ်မှာ သဘောတူညီမှု ရယူထားပြီး ဘာစီလိုနာ ကနေ ထွက်ခွာရန်ဆုံးဖြတ်လိုက်တာနဲ့ အသင်းမှာ လက်ခံနိုင်ဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။