ယူနိုက်တက်ကို ရောက်ရောက်ချင်း ပရိသတ်တွေ ဒဲ့ကြွေမယ့် စကားလုံးတွေ ပစ်သွင်းလာတဲ့ ကတ်စ်မဲရိုး

Posted on

စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်းရဲ့ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ ကတ်စမဲရိုး က မက်ဒရစ်မှာ နှုတ်ဆက်ပွဲ လုပ်ဆောင်ခဲ့တဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်လှုပ်ရှားနေကြောင်း ထုတ်ပြော သွားခဲ့လိုက် ပါတယ် ။

ကတ်စမဲရိုး ဟာ ရီးယဲ မက်ဒရစ် အသင်းအတွက် 10 စုနှစ် တစ်ခုအကြာအထိ ကစားပေးခဲ့တာ ဖြစ်ပြီး ဆုဖလား အောင်မြင်မှုတွေ အများကြီးရယူပေးထားနိုင်ခဲ့တဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်နိုင်ခဲ့တဲ့ အတွက် နှုတ်ဆက်ချိန်မှာ စိတ်မထိန်းနိုင်ပဲ ငိုကြွေးခဲ့ပါတယ် ။

ကတ်စမဲရိုးဟာ ရီးယဲ မက်ဒရစ် အတွက် ကစားပေးခဲ့တဲ့ 10 နှစ်တာ အချိန်ကာလအတွင်းမှာ လာလီဂါဖလား 3 ကြိမ် ၊ ကလပ် ကမ္ဘာ့ ဖလား 3 ကြိမ် နဲ့ ချန်ပီယံလိဂ် ဖလား 5 ကြိမ်အထိ ရယူဆွတ်ခူးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ရီးယဲ မက်ဒရစ် အသင်းဟာ သူ့ကို ဂန္တဝင် တစ်ဦးလို သတ်မှတ် နှုတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခြားတစ်ဖက်မှာတော့ ကတ်စမဲရိုးကို ပေါင် သန်း 60 နဲ့ ခေါ်ယူဖို့ ကြိုတင်သဘောတူညီမှု ရယူထားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လီဗာပူး နဲ့ ပွဲမတိုင်မီမှာ ကတ်စမဲရိုးကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့တာနဲ့ပတ်သက်ပြီး ကက်စ်မဲရိုးက “လူတွေက ကျနော်ငွေမျက်နှာကြောင့်ယူနိုက်တက်ကိုပြောင်းတယ်လို့ထင်ကြတယ်။ ကျနော့်အကြောင်းဘာမှမသိတဲ့လူတွေဖြစ်ပါလိမ့်မယ်။ ငွေမျက်နှာကြောင့်သာပြောင်းရကြေးဆိုရင် လွန်ခဲ့တဲ့(၄)နှစ်ကတည်းက ကျနော်အသင်းပြောင်းပြီးနေလောက်ပြီ။ ချန်ပီယံလိဂ်ကိုစွန့်ပြီးယူရိုပါလိဂ်ကိုဆင်းကစားတယ်တဲ့လား? ကျနော် ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံးအသင်းတစ်သင်းကိုပြောင်းကစားတာလေ”

“ဒီအပြောင်းအရွှေ့အတွက် ကျနော်တကယ်ရင်ခုန်မိပါတယ်။ ယူနိုက်တက်ကသမိုင်းကြောင်းအစဉ်အလာကြီးမားတဲ့အသင်းပါ။ ဒီအသင်းမှာကျနော့်နာမည်ကိုရေးထိုးနိုင်ဖို့အတွက် အလုပ်တွေအများကြီးလုပ်ပြဖို့လိုတယ်။”

” နောက်ပြီး ကျနော်အင်္ဂလန်မှာဘာအောင်မြင်မှုမှမရဖူးသေးပါဘူး။ ကျနော်သူတို့အပေါ်ဘယ်လိုအလေးအနက်ထားတယ်ဆိုတဲ့အကြောင်းကိုလည်း ယူနိုက်တက်ပရိသတ်တွေကိုကျနော်ပြချင်တယ်။ ဒီပရိသတ်တွေအတွက် ကျနော်အသည်းအသန်ကြိုးစားမှာပါ”

“ယူနိုက်တက်ကိုပြောင်းကစားတယ်ဆိုတာဟာ ကျနော့်အတွက်တော့ တကယ်အရေးပါတဲ့စိန်ခေါ်မှုတစ်ရပ်ပါပဲ။ လက်ရှိအချိန်မှာ ကိုယ့်ကိုယ်ကို အသက်(၁၈)နှစ်အရွယ်လူငယ်ကစားသမားတစ်ယောက်လိုပဲခံစားနေရတယ်။ ကျနော့်ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဆိုရင် လီဗာပူးလ်နဲ့ပွဲကို ကျနော်ဝင်ကန်နေလောက်ပြီ” လို့ ဆိုပါတယ်။