ကတ်စမဲရိုး အပြောင်းအရွှေ့ နောက်ဆုံးရ အခြေအနေ

Posted on

ယူနိုက်တက်အသင်းအနေနဲ့တော့ သူတို့အသင်းအတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့ ကွင်းလယ်ကစားသမား နေရာကိုတော့ ရီးရဲလ်အသင်းနဲ့အတူ အောင်မြင်မှုများစွာ ရယူထားနိင်ခဲ့တဲ့ ကက်စ်မဲရိုးနဲ့ အင်အားဖြည့်တင်းသွားဖို့ လုပ်ဆောင်နေပြီး အပြောင်းအရွေ့မှာလည်း ဖြစ်မြောက်နိုင်ချေရှိတယ်လို့ update သတင်းတွေအရ သိရပါတယ်။

ယူနိုက်တက် ဟာ ကက်စမဲရိုး အတွက် တရားဝင် ပေးချေမှု ယူရို သန်း 60 + စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ထပ်မံ ပေးချေမှု ယူရို 10 သန်း ပုံစံနဲ့ မကြာခင် တရားဝင် ကမ်းလှမ်းမှု ပေးပို့တော့မှာ ဖြစ်ပါတယ်။ ရီးရဲ မက်ဒရစ်ကလဲ အဲဒီ အချက်လက်တွေကို သဘောကျလို့ လက်ခံဖို့ အသင့်ဖြစ်နေပါပြီ။

အပြောင်းအရွှေ့ဟာ အပြီးသတ် သဘောတူညီမှု ရဖို့ နောက်ဆုံး အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကစားသမား အတွက် စာချုပ်ကိုတော့ 4 နှစ် + 1 နှစ် ထပ်မံ သက်တမ်း တိုးနိုင်တဲ့ ပုံစံမျိုး နဲ့ ကမ်းလှမ်းထားပါတယ်။

စပိန် မီဒီယာတွေ မှာတော့ ရီးရဲ မှာ ရတဲ့ လစာထက် 2 ဆ ပိုရတယ်လို့ ဖော်ပြနေကြပေမယ့် ၊ The Athletic ကတော့ အဲဒီ ပမာဏ ကို ပယ်ချပြီး ဒီဂီယာ ရနေတဲ့ တစ်ပတ်လုပ် ပေါင် 350000 ဝန်းကျင်နား ရှိတယ်လို့ ရေးသားထားပါတယ်။ အထက်ပါ ကိစ္စတွေ အားလုံး ဆောင်ရွက် ပြီးစီးတာ နဲ့ ရက်ပိုင်း အတွင်း ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေကြပါတယ်။

ကဲစမဲရိုး ဟာ မက်ဒရစ် ကနေ ထွက်ခွါပြီး ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်တယ်လို့ ရီးရဲ တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။ ဘာကြောင့်လဲဆိုတော့  ကတ်စမဲရိုးအနေနဲ့ ယခင်က တခြားအသင်းများရဲ့ စိတ်ဝင်စားမှုများကို အမြဲတမ်း ပယ်ချခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်ကနေ ထွက်ခွါရန် စိတ်ကူးထားကြောင်း ထုတ်ဖော်ပြသခဲ့ခြင်းမှာ ဒီတစ်ခါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒါ့အပြင်ဘရာဇီးကွင်းလယ်လူက  ယူနိုက်တက် ရဲ့ ကမ်းလှမ်းမှုကို သဘောကျတဲ့အပြင် နယ်မြေသစ်မှာ စိန်ခေါ်မှုအသစ်တွေရှာဖွေလိုကြောင်း အသင်းဖော်တွေကို ပြောကြားခဲ့ပါတယ်။

Times သတင်းထောက် Paul Hirst အဆိုရ ယူနိုက်တက်ဟာ ကက်စီမဲရိုအပြောင်းအရွှေ့အတွက် ရီရဲလ်မက်ဒရစ် နှင့် ပြောင်းရွှေ့ကြေး ယူရိုသန်း(60)+အပိုဆုကြေးယူရို (10) သန်းဖြင့် သဘောတူညီမှုရသွားပြီးဖြစ်ပါတယ်။ ကစားသမားမှာ (4)နှစ်စာချုပ်+စာချုပ်ပါအရတစ်နှစ် သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုမည်ဖြစ်သည်။ဆေးစစ်မှုသည်(48)နာရီအတွင်း ဖြစ်မြောက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက် ဟာ ကစ်စမဲရိုးအပြင် နောက်ထပ်ကွင်းလယ်ကစားသမားတစ်ဦး၊ နေရာစုံကစားနိုင်တဲ့ တိုက်စစ်ကစားသမားတစ်ဦး၊ ညာနောက်ခံလူတစ်ဦး နှင့် အရန်ဂိုးသမားတစ်ဦးတို့ကို အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

ယူနိုက်တက်အနေနဲ့တော့ လက်ရှိရာသီ ပရီးမီးယားလိဂ် ၂ ပွဲ ကစားပြီးချိန်မှာ ၂ပွဲရှုံးရလဒ်နဲ့ အမှတ်ပေးဇယား ဘိတ်ချီးကို ရောက်နေတာဖြစ်ပြီး နည်းပြသစ် တန်းဟက်ဂ်ရဲ့ ကစားကွက်နဲ့ လက်ရှိ ကစားသမားတွေရဲ့ အရည်အချင်းက အံဝင်ခွင်ကျမရှိတာကြောင့်လည်း ကစားသမားသစ်တွေ များစွာခေါ်ယူပြီး တစ်သင်းလုံးနီးပါးပြောင်းလဲဖို့ လိုအပ်နေခဲ့ကာ ကက်စ်မဲရိုးကိုသာ ရမယ်ဆိုရင်တော့ ကွင်းလယ်အတွက် အနည်းငယ်စိတ်ချရတဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်လာမှာလည်း ဖြစ်ပါတယ်။