စိတ်ပညာရှင်ရဲ့ အကူအညီယူနေရတဲ့ စီ ရော်နယ်ဒို

Posted on

စိတ်ပညာရှင်ရဲ့ အကူအညီယူနေရတဲ့ စီ ရော်နယ်ဒို

ရော်နယ်ဒိုဟာ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ကမ္ဘ့ာအတော်ဆုံးစိတ်ပညာရှင် Jordan B. Peterson နဲ့ တွေ့ဆုံခဲ့ပုံကို တင်ထားပါတယ်။ ရော်နယ်ဒိုကတော့ သူ့ သူငယ်ချင်းနဲ့တွေ့ခဲ့တယ်လို့သာ သုံးနှုန်းခဲ့ပေမယ့် သူ့ပရိသတ်တွေကတော့ ကစားသမားရဲ့ စိတ်အခြေအနေအတွက် စိုးရိမ်နေကြပါပြီ။

ရော်နယ်ဒိုတယောက် စိတ်ပိုင်းဆိုင်ရာကုထုံး လိုအပ်လို့ ပညာရှင်အကူအညီယူနေပြီလားလို့လည်း ပရိသတ်တွေက မေးခွန်းထုတ်နေကြပါတယ်။သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင်လည်း ၂၀၂၂ က ရော်နယ်ဒိုအတွက် စိတ်ဆင်းရဲစရာတွေများပြားခဲ့ပါတယ်။ ကိုယ်ရေးကိုယ်တာပိုင်းမှာဆိုရင် ရင်သွေးလေးတဦးကို သူ ဆုံးရှုံးခဲ့ရပါတယ်။ ပေါ်တူဂီ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့အတွက် Paly-off အဆင့်အထိ ကစားခဲ့ရတယ်။

ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရပြီး သူ့အနာဂတ်အတွက် အများကြီးစဉ်းစားခဲ့ရပါတယ်။ ဒီရာသီအစမှာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သူ အာရုံတွေများခဲ့ရပြီး သတင်းဖော်ပြမှုတွေထဲမှာ အလိမ်အညာတွေပါတယ်လို့ ရှင်းလင်းခဲ့ရတယ်။ယူနိုက်တက်ရဲ့ ရာသီအစရလဒ်ဆိုးမှု၊ သူ့ရဲ့ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေမှုနဲ့ ခြေစွမ်းပိုင်းကျဆင်းလာမှုတွေကို ကြုံတွေ့နေရပါတယ်။

အခုချိန်ထိ မာန်မလျှော့သေးဘဲ အောင်မြင်မှုတွေကို ရယူချင်နေတဲ့ သူ့အတွက်တော့ ဒီလိုရင်ဆိုင်နေရမှုတွေက စိတ်ပိုင်းဆိုင်ရာအရတော့ အနည်းနဲ့အများဖိအားတွေ ရှိလာခဲ့မှာ သေချာပါတယ်။

ဒါတွေကို ရင်ဆိုင်နေရတာကို သူ မကျော်လွှားနိုင်လို့ စိတ်ရောဂါကုထုံးပညာရှင်နဲ့တွေ့ခဲ့တာလားလို့ အားလုံးက ယူဆနေကြတာပါ။ အခုလောလောဆယ်မှာတော့ ရိုနယ်ဒိုကစိတ်ပိုင်းဆိုင်ရာကုသမူခံယူထားတာ မကြာသေးဘူးလို့သိရပါတယ်။ ရာသီကြိုပွဲစဉ်ကိုအသင်းနဲ့မပူးပေါင်းနိုင်တာဒီအချက်ကြောင်းလို့သိရပါတယ်။

မိသားစုပြဿနာနဲ့ ရင်သွေးသေဆုံးမူအပါဝင် ဒီကိစ္စတွေကြောင်းစိတ်ကျအခြေနေကိုခံစားခဲ့ရတယ်လို့သိရပါတယ်။ ဒါကြောင်း ကမ္ဘာ့အတော်ဆုံးစိတ်ပညာတွေထဲက တဦးဖြစ်တဲ့ ဂျော်ဒန် ဘီပီတာဆန်နဲ့ ရာသီကြိုကာလမှာအတူရှိနေခဲ့တယ်လို့ဆိုပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဖိအားဒဏ်တွေကို ကျော်လွှားနိုင်သည့်တိုင်အောင် ကျနော်တို့အနေနဲ့ ရိုနယ်ဒိုသွင်းဂိုးတွေရရှိပါစေဆိုပြီးတော့ မျော်လင့်နေရုံမှအ ပါး သူအရင်လိုခြေစွမ်းကောင်းပါစေဆိုပြီး မျော်လင့်လို့ မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူကပရီးမီးယားလိဂ်မှာကစားဖို့ လုံလောက်တဲ့ အရည်ချင်းတွေ ကျလာတယ်လို့မြင်လို့ပါ။