ကမ္ဘာ့ဖလားအပြီးမှာ ရော်နယ်ဒို ကို လက်လွှတ်ရဖွယ်ရှိတဲ့ မန်ယူနိုက်တဒ်

Posted on

မန်ယူနိုက်တဒ်အသင်းဟာ လာမယ့် ကမ္ဘာ့ဖလားအလွန်မှာတော့ ရော်နယ်ဒို ကို လက်လွှတ်ဖွယ်ရှိတယ်လို့ Times ရဲ့ ပင်တိုင်ဆောင်းပါးရှင်း ဒူကန်ကတ်စတယ် က ဖော်ပြလာပါတယ်။ ရော်နယ်ဒို ကိုယ်တိုင်ကလည်း ကာတာကပြန်လာပြီးနောက် အသင်းသစ် ရှာဖွေနိုင်ဖို့ မျှော်လင့်ထားပြီး လာမယ့်ဆောင်းဈေးကွက်ဟာ အသင်းပြောလိုတဲ့သူ့အတွက်မျှော်လင့်ချက်ရှိလာနိုင်တယ်လို့ ယူဆနေပါတယ်။ပြီးခဲ့တဲ့နွေဈေးကွက်မှာခေါ်ယူမယ့် အသင်းမရှိတာကြောင့် အပြောင်းရွှေ့ကို လက်လွှတ်ခဲ့ရပေမယ့်လည်း လာမယ့် ဈေးကွက်မှာတော့ အိုးထရဒ့်ဖိုဒ့် ကနေ ပြောင်းရွှေ့ဖို့ ပေါ်တူဂီစတားက ဆန္ဒပြင်းပြနေတယ်လို့ Times ကဖော်ပြထားပါတယ်။

ရော်နယ်ဒို ကို ခေါ်ယူဖို့ ပိုင်ရှင်သစ် တော့ဒ်ဘိုလေး ရဲ့ ချဲလ်ဆီး က ကြိုးစားနေပြီး ယူနိုက်တဒ်ကတော့ ကနဦးမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်ကို မရောင်းချဘူးလို့ဆိုထားပါတယ်။မက်ဒရစ် ကလည်း စိတ်ဝင်စားမှုမပြသလို လက်ရှိမှာ အခြားသောအသင်းကြီးတွေကလည်း ခေါ်ယူရန် အချက်မပြတာကြောင့် ရော်နယ်ဒို အနေနဲ့ ဆော်ဒီကို သွားရောက်မှာလားဆိုတဲ့ မေးခွန်းတွေတော့ရှိနေပါတယ်။အမည်မဖော်ပြလိုတဲ့ ဆော်ဒီကလပ်အသင်းတစ်သင်းဟာ ရော်နယ်ဒို ကို ခေါ်ယူဖို့ တစ်နှစ်လုပ်ခပေါင် (၁)ဘီလျံအထိ ပေးချေရန်အသင့် ရှိနေပြီး ရော်နယ်ဒို ဟာ အသက် (၃၈) နှစ်မှာ ကမ္ဘာ့လုပ်ခလစာအများဆုံး ကစားသမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

နည်းပြကြီးတန်ဟဂ် ကတော့ ရော်နယ်ဒို ထွက်ခွာမယ်ဆိုရင် ခွင့်ပြုပေးမှာဖြစ်ပြီး ကစားသမားနဲ့လည်းနားလည်မှု ရယူထားနိုင်သည့်တိုင် အသင်းဘုတ်အဖွဲ့ရဲ့ခေါင်းမာမှုအပေါ်တော့ အပြောင်းရွှေ့ကမူတည်နေပါသေးတယ်။ ယူနိုက်တဒ် အနေနဲ့ လာမယ့်ဆောင်းဈေးကွက်မှာ ကစားသမားသစ်ခေါ်ယူရန် ဘက်ဂျက်မရှိတာကြောင့် ရော်နယ်ဒို ထွက်ခွာမှသာ ကစားသမားသစ် ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ဒီအတွက်လည်း တန်ဟဂ် က ရော်နယ်ဒို သာ ထွက်ခွာမယ်ဆိုရင် ခွင့်ပြုပေးဖို့ ဆုံးဖြတ်ထားတာဖြစ်ပြီး ပြန်လည်ခေါ်ယူမှုအဖြစ် ကော်ဒီဂတ်ပို ကို ပြောင်းလဲခေါ်ယူဖွယ်ရှိပါတယ်။ ယူနိုက်တဒ်အနေနဲ့ လာမယ့် နွေမှာ ဂတ်ပို ကို ခေါ်ယူရန်ခဲယဉ်းတာကြောင့်လည်း ယခုဆောင်းဈေးကွက်မှာပဲ ရော်နယ်ဒို ကို ရောင်းချကာပြန်လည်ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။