ရော်နယ်ဒို ယူနိုက်တဒ်မှာ နေရာရဖို့ ခက်ခဲသွားနိုင်တဲ့ အဓိက အကြောင်းအရင်းများ

Posted on

ရော်နယ်ဒို တစ်ယောက် ယူနိုက်တဒ်မှာ နေရာရဖို့ဆိုရင် ယခုထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းတွေပြသရန်လိုနေပြီး လက်ရှိအခြေအနေတွေအရတော့ ပေါ်တူဂီ သားဟာ လူစာရင်းကနေ လွင့်ထွက်သွားနိုင်တဲ့ အခြေအနေကို မြင်တွေ့နေရပါတယ်။ ယူနိုက်တဒ်ရဲ့ဆိုစီဒက်ကို အရေးနိမ့်ခဲ့တဲ့ ပွဲမှာလည်း ရော်နယ်ဒို ပါဝင်ခဲ့ပေမယ့် လုံလောက်တဲ့ ဂိုးကန်သွင်းချက် နဲ့ အားထုတ်ကြိုးပမ်းမှုတွေ မပြုလုပ်နိုင်တာကြောင့်လည်း အသင်းရဲ့တိုက်စစ်က အားနည်းခဲ့ရသလို တဖက်မှာလည်း ပေါ်တူဂီသားရဲ့ ကျဆင်းသွားတဲ့ ကစားအားကို သိသာထင်ရှားစွာမြင်တွေ့ခဲ့ရပါတယ်။

ရော်နယ်ဒို ဟာ ပြိုင်ဘက်နောက်တန်း နဲ့ အပြိုင်ပြေးထွက်သွားချိန်တိုင်း ယခင်လို ချိန်သားကိုက်မှုမျိုး မရတော့သလို ပြေးအားလည်းလျော့ကျသွားတာကြောင့် အတော်လေး အခက်ကြုံနေရပါတယ်။ ရော်နယ်ဒို ရဲ့ အမြင့်ဘောအသုံးချနိုင်စွမ်းကလည်း မေးခွန်းထုတ်စရာတွေ ရှိလာပြီး အဲရခ်ဆင် ရဲ့ ဖြတ်တင်ဘော တွေကို မမှီတော့တာဟာ ယခင်လိုအမြင့်ခုံနိုင်စွမ်းတွေ ကျရှုံးသွားပြီလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာပါတယ်။

ယူနိုက်တဒ် တိုက်စစ်ပိုင်းမှာ မားကပ်စ်ရရှ်ဖိုဒ့် ရဲ့ အမြင့်ခုန်စွမ်းဆောင်ရည် က မေးခွန်းထုတ်စရာတွေ ပြည့်နှက်နေတာ ကြောင့် ဝေဖန်ခံနေရချိန် ရော်နယ်ဒို ကိုယ်တိုင်ကလည်း ယခုလို ဖြစ်ပျက်နေတာကြောင့် တန်ဟဂ် အတွက်တော့ တိုက်စစ်မှုးသစ် ရှာပုံတော်ကို မကြာခင်မှာ ဖွင့်လှစ်ရဖွယ် ရှိပါတယ်။

အန်သိုနီမာစီရယ် ပြန်လည်ပါဝင်လာခဲ့ရင် ရော်နယ်ဒို အနေနဲ့ နေရာရဖို့ခက်ခဲနိုင်ပြီး လက်ရှိခြေစွမ်း နဲ့ ကြံခိုင်မှုအရ အရံခုံတန်းကနေ သာ ပါဝင်ခွင့်ရတာမျိုးဖြစ်လာဖွယ်ရှိပါတယ်။ရော်နယ်ဒို ကိုယ်တိုင်ကလည်း အန်တိုနီ ပါရောက်ရှိလာတာကြောင့် အရံခုံထိုင်ရမယ့် အဖြစ်ကို လက်သင့်ခံထားဖွယ်ရှိပြီး ဆန်ချို၊မာစီရယ်၊အန်တိုနီ အတွဲဖက်က ယူနိုက်တဒ် ရဲ့ ရှေ့တန်းသုံးယောက်အတွဲဖက် ဖြစ်လာနိုင်ပါတယ်။

ယူနိုက်တဒ် အနေနဲ့ ရော်နယ်ဒို ကို ရာသီကုန်အထိသာ ဆက်ထားနိုင်ပြီး လာမယ့်နွေမှာတော့ အသင်းနဲ့ လမ်းခွဲသွားဖွယ်ရှိပါတယ်။ရော်နယ်ဒိုကိုယ်တိုင်ကလည်း လာမယ့်ရာသီကို အသင်းဟောင်း စပို့တင်းထံပြန်လည်သွားရောက်ကာ အနားယူဖွယ်ရှိနေပါတယ်။