ရော်နယ်ဒိုကို အသင်းကနေ ထွက်ရအောင် နောက်ကွယ်က လုပ်ဆောင်နေတဲ့ မန်ယူကစားသမားများ

Posted on

မန်ယူနိုက်တဒ် ကစားသမားတချို့က ရော်နယ်ဒိုကို အသင်းကနေ ထွက်ခွာသွားစေရန် ကြိုးပမ်းလျက်ရှိတယ်လို့ သတင်းတွေကဆိုပါတယ်။ယူနိုက်တဒ် ကစားသမားတွေဟာ ရာသီကြိုမှာ ကောင်းမွန်တဲ့ ဝန်းကျင်ကို တည်ဆောက်ထားနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ရာသီပြန်လည်စတင်ပြီးနောက် ဆိုးရွားတဲ့ ခြေစွမ်းအပြင် အသင်းဖော်တွေကြား ကတောက်ကဆဖြစ်မှုလည်းတိုးမြင့်လာတယ်လို့ သိရပါတယ်။

ဘရန်းဖိုဒ့် နဲ့ ပွဲစဉ်မတိုင်ခင် ကြာသပတေးနေ့က ပြုလုပ်တဲ့ လေ့ကျင့်ခန်း အတွင်း ယူနိုက်တဒ် ကစားသမားတချို့က ရာသီကြိုလေ့ကျင့်ရေးမဆင်းပဲ အသင်းမှာ တိုက်ရိုက်ပါဝင်ခွင့်ရနေတဲ့ ရော်နယ်ဒို ရဲ့ အမူအကျင့်အပေါ် မေးခွန်းထုတ်ခဲ့ကြပြီး အငြင်းပွားခဲ့တယ်လို့ သိရပါတယ်။

ဘရန်းဖိုဒ့် ကို (၄-ဝ) နဲ့ ရှုံးန်မ့်မှုအပြီး ယူနိုက်တဒ် ကစားသမားတချို့က အသင်းရဲ့ အတွင်းရေးတွေကို ဖွင့်ထုတ်ခဲ့ကြပြီး အိုလေ/ရန်းနဂ် တို့ခေတ်ကနည်းတူ ဆည်ဝကဗျိုင်း မီဒီယာတွေကို အားကိုးကာ အဝတ်လဲခန်းကို ချယ်လှယ်လျက်ရှိပါတယ်။

ရော်နယ်ဒို က လေ့ကျင့်ရေးမှာ ပြင်းပြင်းထန်ထန်လေ့ကျင့်တာ၊နေ့လည်စာကို အသင်းနဲ့အတူ မစားပဲ တစ်ယောက်ထဲသာ စားသောက်တာ အစရှိတဲ့ အတွင်းသတင်းတွေကို ချပြပြီး ဘရန်းဖိုဒ့် နဲ့ပွဲကရလာဒ်အပေါ် ဖုံးအုပ်ဖို့ ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။အထူးသဖြင့် မက်ဂွိုင်းယား၊ရှော၊ရရှ်ဖိုဒ့် တို့က ရော်နယ်ဒို နဲ့ အတူကစားရတာကို ဖိအားများတယ်လို့ ယူဆနေပြီး သူတို့အနေနဲ့ အရည်ချင်းမပြည့်ဝမှုကို သတင်းမီဒီယာတွေနောက်ကနေ ဖုံးကွယ်နေဖို့ ကြိူးစားနေတာပဲ ဖြစ်ပါတယ်။

ရန်းနဂ် လက်ထက်မှာ သတင်းမီဒီယာတွေထံ သတင်းတွေပေါက်ကြားစေတဲ့ ကစားသမားတွေဖြစ် မက်ဂွိုင်းယား၊ရှော၊ရရှ်ဖိုဒ့်၊လင်ဂါဒ့် နဲ့ ဟန်ဒါဆင် တို့ကို သတိပေးမှုတွေပြုလုပ်ခဲ့ရသလို အဆိုပါကစားသမားတွေဟာ အနာဂတ်မှာလည်း နည်းပြသစ်ကို ဒုက္ခပေးနိုင်တယ်လို့ ရန်းနဂ် က သတ်မှတ်ထားပါသေးတယ်။

ယူနိုက်တဒ် အနေနဲ့ ကစားသမားအများအပြားကို မထုတ်ပယ်နိုင်တာ ကြောင့် တန်ဟဂ် ရဲ့ ကစားသမားအချို့ကို ချန်လှပ်တာ၊လူစာရင်းကနေပယ်ထုတ်တာတွေ ပြုလုပ်လာပြီး လေ့ကျင့်ရေးကို ပြင်းထန်စွာပြုလုပ်စေတဲ့နောက် “ဆိုးရွားတဲ့လေ့ကျင့်ရေး” ဆိုတဲ့အသံတွေနဲ့အတူ အတွင်းသတင်းတွေပါ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ရန်းနဂ် လက်အောက်မှာ ညနေ (၆)နာရီထိ လေ့ကျင့်ခန်းဆင်းရတာကြောင့် မှောင်တယ်လို့ ညည်းညူ ခဲ့သူတွေက တန်ဟဂ် လက်ထက်မှာတော့ နေ့လည်ခင်း မှာဆင်းရတယ်လို့ အပူချိန်(၃၀)ဒီဂရီ ဟာ ပြင်းထန်တယ်လို့ ညည်းတွားလျက်ရှိကြပါတယ်။