ရော်နယ်ဒိုကို အီတလီပြန်ပို့ဖို့ အပြင်းအထန် ကြိုးပမ်းနေတဲ့ ဂျော့မန်ဒက်စ်

Posted on

ရော်နယ်ဒိုကို အီတလီပြန်ပို့ဖို့ အပြင်းအထန် ကြိုးပမ်းနေတဲ့ ဂျော့မန်ဒက်စ်

ရော်နယ်ဒို ရဲ့ အပြောင်းရွှေ့သတင်းတွေက ဈေးကွက်ပိတ်ခါနီးမှာ တကျော့ပြန် ထိုးတက်လာပြီး ယခုတစ်ကြိမ်ကတော့ အီလတီတွေ ဖက်ကိုလှည့်သွားပြီပဲ ဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်းကို ပြောင်းရွှေ့ရန် (၉၉%)သေချာနေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့မှာတော့အဆိုပါသတင်းတွေဟာလည်း မှားယွင်းနေသလို ရော်နယ်ဒို အနေနဲ့ နောက် (၂-၃)နှစ်မှသာ စပို့တင်း ကို ပြောင်းရွှေ့ကာ အနားယူဖွယ်ရှိနေပါတယ်။

ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ လီဗာပူးလ် နဲ့ ပွဲမှာ (၅)မိနစ် သာ ကစားခွင့်ရခဲ့ပြီး အရံခုံထိုင်ခဲ့ရတာ ကြောင့် ပေါက်ကွဲနေတယ်လို့ သတင်းတွေကဆိုပါတယ်။

သို့သော်လည်း ရော်နယ်ဒို ရဲ့ နောက်ပိုင်းနှစ်တွေမှာ ဇီဒန်း၊ပီယာလို တို့က ပေါ်တူဂီ သား က ချန်ပီယံလိဂ် ပြိုင်ပွဲအတွက်သာ အဓိက ထားအသုံးပြုလေ့ရှိပြီး လိဂ်ပွဲတွေမှာ မကြာခန အနားပေးလေ့ရှိပါတယ်။တန်ဟဂ် အနေနဲ့ ရော်နယ်ဒို ကို ချန်လှပ်ခဲ့တာက နည်းဗျူဟာ ရွေးချယ်မှုကြောင့်ဆိုတာ (၁၀၀%) သေချာပြီး high def: ကစားတဲ့လီဗာပူးလ် ခံစစ်ကို တိုက်ရိုက် အလုပ်ပေးရန်အတွက်သာ ဖြစ်ပါတယ်။

လက်တလောမှာတော့ ရော်နယ်ဒို ကို နာပိုလီ၊အေစီမီလန် အစရှိတဲ့အသင်းတွေကို ပြောင်းရွှေ့နိုင်ရန် ဂျော့ချ်မန်ဒက်စ် က ကြိုးစားနေတယ်လို့ သတင်းတွေကဖော်ပြလာပါတယ်။

ရော်နယ်ဒို သာ နာပိုလီ ကို ရောက်ရှိခဲ့ရင် ဗစ်တာအိုစမန်ဟီ ကို ပြန်လည်ခေါ်ယူနိုင်ပြီး အေစီ ကို ပြောင်းရွှေ့ခဲ့ရင် ရာဖေးလ်လီယို ကို ခေါ်ယူနိုင်ကြောင်းလည်း ဒီမာဇီယို အပါဝင် ယုံကြည်ရတဲ့ သတင်းတချို့ကဖော်ပြနေကြပါတယ်။သို့သော်လည်း ယူနိုက်တဒ် အနေနဲ့ ရော်နယ်ဒို သာ အမှန်တကယ် ထွက်ခွာမယ်ဆိုရင် အန်တိုနီအပြင် PSV တိုက်စစ်က ကော်ဒီဂတ်ပို ကို ပူးတွဲခေါ်ယူဖွယ် ရှိပါတယ်။