ယူနိုက်တက်ပရိသတ်တွေကို စိတ်အေးရစေမယ့် ရော်နယ်ဒိုရဲ့အနာဂတ် အခြေအနေ

Posted on

ရော်နယ်လ်ဒိုရဲ့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်တဲ့ ဇာတ်လမ်းဟာ ယခုနွေရာသီရဲ့ အရှည်လျားဆုံးနဲ့ အရှုပ်ထွေးဆုံး အပြောင်းအရွှေ့ဇာတ်လမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ မန်ယူနဲ့အတူ မရိုးနိုင်တဲ့ ဒီရာသီ နွေရာသီအပြောင်းအရွှေ့ဈေးကွက် ဇာတ်ဝင်ခန်းတွေကလည်း အချိတ်အဆက်မိမိ နဲ့ အသုံးတော်ခံလာခဲ့တာဟာ စီရော်နယ်ဒို၊ ဒီဂျောင်နဲ့တို့ရဲ့ဇာတ်ဝင်ခန်းတွေဟာ အခုဆိုရင် ဇာတ်သိမ်းပိုင်းကို ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

အခုတော့ စီရော်နယ်ဒို နွေရာသီအပြောင်းအရွှေ့ပုံပြင်ကတော့ တစ်ခန်းရပ်ရတော့မှာဖြစ်ပါတယ်။ ဈေးကွက်ပိတ်ဖို့ ရက်ပိုင်းလေးပဲ လိုတော့တာကြောင့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ မန်ချက်စတာမှာပဲ ဆက်ရှိနေတော့မယ်လို့ Sky Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မကြာသေးခင်က ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေ အရဆိုရင် နာပိုလီနဲ့ ဆွေးနွေးနေတာမျိုးရှိသလို လူငယ်ကစားသမားဘဝတုန်းက ကစားခဲ့တဲ့ ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းကိုလည်းပြန်တော့မယ်လို့ ကြားသိခဲ့ရတာပါ။ ဒါပေမဲ့ အီတလီစာနယ်ဇင်းသမား ကာလိုလော်ဒီဆာရဲ့ အဆိုအရတော့ ရီးရဲလ်တိုက်စစ်မှူးဟောင်းဟာ မန်ချက်စတာမှာပဲ ဆက်ရှိနေတော့ မယ်ဆိုတာပါပဲ။

မန်ယူအသင်းရဲ့လေ့ကျင့်ရေးကွင်းကို လာရောက်ခဲ့ချိန်မှာ စီရော်နယ်ဒိုအနေနဲ့ သူရဲ့ဂျာစီကို ဝတ်ဆင်ထားတဲ့ အသင်းပရိသတ်ကလေးတစ်ယောက်ကို လက်မှတ်ရေးထိုးမှု ပြုလုပ်ခဲ့တဲ့ပုံတွေ ထွက်ပေါ်လာပြီးမှာ စီရော်နယ်ဒို အနေနဲ့ မန်ယူမှာ ဆက်နေဖို့ သေချာသလောက်ရှိနေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာ စီရော်နယ်ဒိုရဲ့ အသင်းပြောင်းမယ့်သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် မန်ယူအသင်းတာဝန်ရှိသူတွေကတော့ သူတို့ရဲ့ အဓိကတိုက်စစ်မှူး ကို အသင်းမှာဆက်ရှိနေဖို့ ယုံကြည်နေတယ်လို့ သိရပါတယ်။

နွေရာသီအပြောင်းအရွှေ့ဈေးကွက် ပိတ်ခါနီးဖြစ်တာကြောင့် စီရော်နယ်ဒိုအနေနဲ့ မန်ယူနိုက်တက်အသင်းမှမှာ ဆက်ရှိမလား ၊အခြားအသင်းကို ပြောင်းရွှေ့သွားမလားဆိုတာကို သေချာပေါက် သိရဖို့ကတော့ ရက်ပိုင်းသာ လိုတော့တာပဲ ဖြစ်ပါတယ်။