မနှစ်က သူတို့ကို ဒုက္ခပေးထားတဲ့ ယူနိုက်တက်တိုက်စစ်မှုးကို ကြောက်ရွံ့နေတယ်လို့ ဝန်ခံလိုက်တဲ့ ကွန်တီ

Posted on

ယခုတစ်ပတ်ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကြိတ်အနယ်ရှိလာမယ့် ပွဲစဉ်တစ်ခုအဖြစ် နည်းပြအဲရစ်တန်ဟတ် ကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက အိမ်ကွင်းဖြစ်တဲ့ အို့ထရက်ဖို့ဒ် ကွင်းကြီးအတွင်းမှာ နည်းပြကွန်တီရဲ့ တော့တင်ဟမ်အသင်းကို ယနေ့ညမှာ လက်ခံကစားသွားရဖို့ ရှိနေပြီး ပွဲကြိုသတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ်အတွင်း နည်းပြ ကွန်တီက ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မျှားဦးမှာ ဝါရင့်တိုက်စစ်ကစားသမား ရော်နယ်ဒို ပါဝင်လာနိုင်တဲ့အပေါ် ကြောက်ရွံ့စိုးရိမ်မိတဲ့အကြောင်း ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ -၂၂ ဘောလုံးရာသီအတွင်း ယူနိုက်တက်အသင်းရဲ့ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ထားခဲ့တဲ့ တိုက်စစ်ကစားသမား ရော်နယ်ဒိုက တော့တင်ဟမ်အသင်းနဲ့ ကစားတဲ့ ပွဲစဉ်တွေ မှာ ခြေစွမ်းပြသွင်းဂိုးတွေ သွင်းယူလေ့ရှိသူဖြစ်ပြီး ယူနိုက်တက် အသင်းက တော့တင်ဟမ်အသင်းကို အို့ထရက်ဖို့ဒ်ကွင်းအတွင်း ပြီးခဲ့တဲ့ ရာသီမှာ လက်ခံကစားခဲ့တဲ့ပွဲစဉ်မှာတော့ တစ်ဦးတည်း ၃ဂိုးအထိ သွင်းယူကာ ယူနိုက်တက်အသင်းက တော့တင်ဟမ်အသင်းကို ၃ဂိုး – ၂ဂိုးဖြင့် အနိုင်ကစားထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ခြေစွမ်းပိုင်းနဲ့ ပက်သက်လို့ တော့တင်ဟမ်နည်းပြ အန်တိုနီယီုကွန်တီက “ပြီးခဲ့တဲ့ ရာသီမှာ ရော်နယ်ဒိုက ကျွန်တော်တို့အသင်းဘက်ကို ဟက်ထရစ် သွင်းယူးပေးထားခဲ့တဲ့အပြင် သူက တကယ့်ကိုမယုံကြည်နိုင်စရာ ထိပ်တန်းကစားသမား တစ်ဦးဖြစ်တဲ့အကြောင်း သက်သေပြသနိုင်ခဲ့ပါတယ်”

“ ရော်နယ်ဒိုက သူကစားပေးရတဲ့အသင်းအတိုင်းအတွက်ကို ကွဲပြားခြားနားတဲ့အဆင့်တစ်ခု ရောက်ရှိအောင် ကစားပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာလည်း သူက တော့တင်ဟမ်ဘက်ကို ၃ဂိုးသွင်းယူခဲ့နိုင်ခဲ့ပြီး သူရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ စွမ်းဆောင်ရည်ပိုင်းအပေါ် ကျွန်တော့အနေဖြင့် အမြဲလေးစားနှစ်သက်ခဲ့ရပါတယ်”

“ပြီးခဲ့တဲ့ ရာသီမှာ ယူနိုက်တက်အသင်းက တော့တင်ဟမ်အသင်းကို ၃ဂိုး – ၂ဂိုးဖြင့် အနိုင်ရသွားခဲ့တယ်ဆိုတာကလည်း ကျွန်တော့်တို့အသင်းက ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့ရတာမဟုတ်ဘဲ ရော်နယ်ဒိုတစ်ဦးတည်းကိုသာ မယှဉ်ပြိုင်နိုင်ခဲ့ကြတာပါ” လို့ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။