ရော်နယ်ဒိုကိုမခေါ်ယူနိုင်ခဲ့တဲ့နောက် နောက်ထပ် မန်ယူကြယ်ပွင့်တိုက်စစ်မှုးကို ခေါ်ယူဖို့ ကြံရွယ်နေတဲ့ ချယ်ဆီးလ်

Posted on

ချဲလ်ဆီးအသင်းဟာ လာမယ့်နှစ် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့အသင့်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီတွေအတွင်း မန်ချက်စတာမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရပ်ရှ်ဖို့ဒ်ကို ချယ်လ်ဆီးသာမကပဲ လာလီဂါကလပ် အသက်လက်တီကိုမက်ဒရစ်အသင်းကပါ စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ La Repubblica သတင်းစာက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ရည်ကျဆင်းခဲ့လို့ အင်္ဂလန်လက်ရွေးစင်ကို ယူနိုက်တက်ပရိသတ်တွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပေမယ့် နည်းပြအဲရစ်တန်ဟတ်ကတော့ ဒီရာသီမှာ တည်ငြိမ်တဲ့ခြေစွမ်းကို ပြသလျက်ရှိပါတယ်။အသက်(၂၄)နှစ်အရွယ်ရှိ အဂ်လန် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ လက်ရှိမှာ ယူနိုက်တက် နည်းပြသစ် အဲရစ်တန်ဟက်ဂ်လက်ထက် သူရဲ့အကောင်းဆုံးပုံစံကို ရရှိနေပြီး ဒီရာသီထဲ ပရီးမီးယားလိဂ် (၆)ပွဲကစားထားပြီးချိန်မှာ (၃)ဂိုးသွင်း (၂)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အသင်းဘက်ကနေ စာချုပ်သစ်ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး။နည်းပြတန်ဟတ်လက်အောက်မှာ ဆက်လက်ခြေစွမ်းပြသနိုင်ခဲ့ရင်တော့ ယူနိုက်တက်ဘက်က သေချာပေါက် စာချုပ်သစ်ကမ်းလှမ်းဖွယ် ရှိပါတယ်။ ဒါပေမယ့်  စာချုပ်သက်တမ်းသာ ကုန်ဆုံးခဲ့မယ်ဆိုရင်တော့ အသင်းကနေ ထွက်ခွာနိုင်ခြေလည်း ရှိနေပါတယ်။

ကယ်လ်စီယိုမာကာဒိုသတင်းအရတော့ ချဲလ်ဆီးနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ကလည်း ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်တို့ စာချုပ်သက်တမ်းမတိုးနိုင်ခဲ့ရင် ခေါ်ယူဖို့ အသင့်ဖြစ်နေကြပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်ပြီး အထောင်တိုက်စစ်မှူးအနေနဲ့လည်း ကစားနိုင်တာကြောင့် ရိုမီယူလူကာကူ၊ တီမိုဝါနာတို့မရှိတော့တဲ့ ချဲလ်ဆီးအတွက် တော်တော်လေး အသုံးဝင်ပါတယ်။ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှ အသစ်ခေါ်ယူထားတဲ့ အူဘာမီယန်းကလည်း ချဲလ်ဆီးရဲ့တိုက်စစ်ပြဿနာကို ကာလတိုအတွက်သာ ဖြေရှင်းနိုင်မှာ ဖြစ်တာကြောင့် ရက်ရှ်ဖို့ဒ်က ချဲလ်ဆီးအတွက်တော့ ကာလရှည်အသုံးဝင်နိုင်တဲ့ အဖြေတစ်ခု ဖြစ်လာဖွယ် ရှိပါတယ်။

လက်ရှိမှာ ချယ်လ်ဆီးအသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာလည်း လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ခဲ့ရပေမယ့် ယူနိုက်တက်ဘက်က ရပ်ရှ်ဖို့ဒ်ကို ရောင်းထုတ်ဖို့ လုံးဝ စိတ်ကူးမရှိပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားခဲ့ရာ အခုဆို ရပ်ရှ်ဖို့ဒ်က အသင်းအတွက် အကောင်းဆုံးတွေ စွမ်းဆောင်နေတဲ့ အနေအထားမျိုးထိပါ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။