ယူနိုက်တဒ်ပရိသတ်တိုင်း အလိုရှိနေတဲ့ ဆန္ဒကို ဖြည့်ဆီးပေးဖို့   ကြိုးပမ်းလာတဲ့ ချဲလ်ဆီးအသင်း

Posted on

ယူနိုက်တဒ်ပရိသတ်တိုင်း အလိုရှိနေတဲ့ ဆန္ဒကို ဖြည့်ဆီးပေးဖို့   ကြိုးပမ်းလာတဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ နောက်တန်းကို အလျှင်အမြန်အားဖြည့်လိုနေတာကြောင့် ဈေးကွက်အတွင်း လှုပ်ရှားမှုတွေ ပြုလုပ်လျက်ရှိပြီး လက်စတာ နောက်ခံလူဖိုဖန်နာ အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူရန် ကြိုးစားလျက်ရှိပါတယ်။

လက်စတာအသင်းဟာ ညှိနှိုင်းရခက်သလို ကစားသမားရောင်းချရာမှာ မြင့်မားတဲ့ဈေးနှုန်းနဲ့သာ ရောင်းချလေ့ရှိတဲ့ အသင်းဖြစ်တာကြောင့် ဖိုဖန်နာ ကို ပေါင်(၈၅)သန်းနဲ့ ကမ်းလှမ်းထားသည့်တိုင် လက်ခံခြင်းမရှိပဲ ငြင်းဆိုနေတာကြောင့် ဈေးကွက်မပိတ်မှီ ဗဟိုနာက်ခံလူတစ်ဦးအရေးပေါ်လိုအပ်နေတဲ့ ချဲလ်ဆီး အသင်းက ပစ်မှတ်သစ်အဖြစ် လက်စတာ နောက်ခံလူဟောင်း လက်ရှိ မန်ယူနိုက်တဒ် ကပ္ပတိန် မက်ဂွိုင်းယား ကို ချိန်ရွယ်လာတယ်လို့ သိရပါတယ်။

ဆိုးလ်ရှား လက်ထက်မှာ ပေါင်သန်း(၈၀) နဲ့ ခေါ်ယူခဲ့ပြီး ပထမနှစ်ရာသီလုံး အဆင်ပြေခဲ့တဲ့ မက်ဂွိုင်းယား ဟာ ပြီးခဲ့တဲ့ရာသီမှာတော့ အမှားများစွာနဲ့ ပရိတ်သတ်တွေကြား ဝေဖန်မှုအမြင့်ဆုံးခံရတဲ့ ကစားသမားဖြစ်လာပါတယ်။

ယခုရာသီမှာလည်း မက်ဂွိုင်းယား ရဲ့ ခြေစွမ်းက ဆိုးရွားနေသလို ပရိတ်သတ်တွေကြား လူစာရင်းကနေပယ်ထုတ်ဖို့ တောင်းဆိုမှုမြင့်တက်နေသလို သူ့ကိုကပ္ပတိန်ဆက်ထားတာနဲ့ပက်သက်လို့ နည်းပြတန်ဟဂ် တောင်မှ အတော်လေး ဝေဖန်ခံခဲ့ရပါသေးတယ်။

မက်ဂွိုင်းယား က Counter Attacking ကစားပြီး low block ကစားတဲ့ နည်းဗျူဟာ မှာ အကောင်းဆုံး အံဝင်ပေမယ့် တန်ဟဂ် လို high line def ကစားတဲ့ အသင်းမှာတော့ သူ့အတွက် တောင်းဆိုမှုကများလွန်းနေပါတယ်။

မက်ဂွိုင်းယား အတွက် High line def ကစားဖို့ လိုအပ်တဲ့ ပြေးနှုန်း၊ဘောလုံးဖြတ်တောက်နိုင်တဲ့ စွမ်းရည်၊ပြေးလမ်းကြောင်း ပိတ်ဆို့တားစီးနိုင်မှု နဲ့ တစ်ဦးချင်းအပိုင်ကာကွယ်နိုင်စွမ်းတွေမှာ ရာနှုန်းပြည့်ကောင်းမွန်ရန်လိုအပ်နေပြီး မဖြစ်နိုင်တဲ့ နေရာချထားမှုလို့ လက်ရှိအချိန်မှာသတ်မှတ်လို့ရပါတယ်။

ယူနိုက်တဒ် အနေနဲ့ မက်ဂွိုင်းယား ကို အလွယ်တကူ ရောင်းချမှာ မဟုတ်ပေမယ့် ချဲလ်ဆီးအသင်းက ပေါင်သန်း(၆၀) ဝန်းကျင်နဲ့ကမ်းလှမ်းလာရင်တော့ လက်သင့်ခံဖွယ်ရှိပါတယ်။ချဲလ်ဆီး အသင်းက ပူလီဆစ် ကို တစ်ရာသီအငှားချပေးတာ (သို့) အပြောင်းရွှေ့တစိတ်တပိုင်းအဖြစ် ပါဝင်စေတာမျိုး ပြုလုပ်ကာ မက်ဂွိုင်းယားကို ခေါ်ယူဖို့ ကြိုးပမ်းဖွယ်ရှိတယ်လို့ သိရပါတယ်။