ကွင်းလယ်နှစ်ဦးရဲ့ စွမ်းဆောင်ရည် မြင့်မားမှုကြာင့် ချဲလ်ဆီးနဲ့ပွဲအတွက် လူရွေးချယ်မှုမှာ ခေါင်းစားရမယ့် တန်ဟဂ်

Posted on

ယူနိုက်တဒ် အတွက် ချဲလ်ဆီးနဲ့ပွဲမှာ လူစာရင်းရွေးချယ်ရတာ ဂိုး-ခံစစ်-တိုက်စစ် က ပြသနာမရှိလှပေမယ့် ကွင်းလယ်မှာတော့ တန်ဟဂ် အတွက် ခေါင်းခဲစရာအခြေအနေတချို့ ရှိနေပါတယ်။ဒါကတော့ လက်ရှိ နောက်ဆုံးပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသထားတဲ့ ဖရဒ် ကို ဆက်သုံးမှာလား ဒါမှမဟုတ် တည်ငြိမ်မှုအပြည့်ရှိပြီး ကွင်းလယ်ကိုစိတ်တိုင်းကျ လိုသလို စေခိုင်းနိုင်တဲ့ အဲရခ်ဆင် ကို အသုံးပြုမှာလားဆိုတာပဲ ဖြစ်ပါတယ်။ ကစားသမား နှစ်ဦးလုံးဟာ မတူညီတဲ့ ခြေစွမ်း၊ကစားဟန်တွေရှိသလို အသင်းပေါ်သက်ရောက်မှုလည်းမတူညီတာကြောင့် အတော်လေးချင့်ချိန်စဉ်းစားရဖွယ် ရှိပါတယ်။

ပထမဆုံး အနေနဲ့ ဖရဒ် အကြောင်းပြောရရင် သူ့ကိုသုံးရတာ ကျားမြှီးဆွဲရသလိုပါပဲ။ကံကောင်းရင် အပိုင်စားရနိုင်ပေမယ့် ကံဆိုးရင်တော့ ကျားစာဖြစ်သွားနိုင်သလို ဖရဒ်က ကောင်းရင် ဇီဒန်း မကောင်းရင် ဘီဘီ ဖြစ်လို့ သူ့ကိုသုံးရတာ စွန့်စားလွန်းရာကျပါတယ်။ ဖရဒ် ကိုအသုံးပြုခြင်း ရဲ့ ကောင်းကျိုးတွေကတော့ ကတ်စမဲရိုး နဲ့ တနိုင်ငံထဲသားဖြစ်လို့ နားလည်မှုရှိရှိ ကစားနိုင်သလို ကိုယ့်လူကိုယ်ယုံကြည်ချက်မှုရှိတာကြောင့် တော်မနေး နဲ့ တွဲတုံးကထက် တိုက်စစ်ကိုပိုပြီး လိုက်ပါနိုင်တာမြင်တွေ့ခဲ့ရပါတယ်။ဖရဒ် က ခြေစွမ်းအရ ထူးခြားကောင်းမွန်နေသူမဟုတ်ပေမယ့် အလုပ်ကြိူးစားပြီး မမောနိုင်မပန်းနိုင်ပြေးလွှားနေတဲ့ အချက်က ရရှ်ဖိုဒ့်/ဆန်ချို တို့ရဲ့ pressing လျော့နည်းမှုကို ကာကွယ်နိုင်ပြီး ဘရူနို အတွက်လည်း ဝန်ပေါ့စေပါတယ်။

အဲရခ်ဆင် ကို အသုံးပြုမယ်ဆိုရင်တော့ တိုက်စစ်ပိုင်းက frist line defence duty ကို အပြည့်အဝရယူရန်လိုပြီး ဘယ်ခြမ်း cover မရတဲ့အတွက် ဆန်ချို အနေနဲ့ ခံစစ်ပိုပြီးလိုက်ပါပေးရဖွယ် ရှိပါတယ်။သို့သော်လည်း ဒိန်းမတ် သား ရဲ့ ကွင်းလယ်ချိတ်ဆက်မှု၊လမ်းကြောင်းရှာဖွေနိုင်စွမ်း၊ဖြန့်ဝေနိုင်စွမ်း နဲ့ တန်ပို အတင်/အချ ပိုင်နိုင်မှု တွေက ကတ်စမဲရိုး လို World Class DM နဲ့ တွဲဖက်ထားချိန်မှာ ပိုမိုသိသာစေသလို ပြိုင်ဘက်ကွင်းလယ်ကို အသာစီးယူပြီး စိုးမိုးကစားနေချိန် တွေမှာ ပိုမိုထိရောက်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

ဖရဒ် နဲ့ အဲရခ်ဆင် က ကောင်းကျိုး/ဆိုးကျိူး တွေ ဒွန်တွဲနေပေမယ့် ဖရဒ် ဟာ ပွဲဆက်ပုံသေခြေစွမ်းနဲ့ ကစားနိုင်မှုမှာ ယုံကြည်ရမှုနည်းပါးတဲ့အချက်က ပြသနာ ရှိနေပြီး risk များတာကြောင့် အဲရခ်ဆင် လို သမ္ဘာရင့်ကွင်းလယ်လူ နဲ့ လန်ဒန်မြေမှာ ဦးစွာရင်ဆိုင်တာက ပိုမိုစိတ်ချလုံခြုံရတဲ့ နည်းဗျူဟာ တည်ဆောက်မှုဖြစ်လာနိုင်ပါတယ်။