ဆောက်သမ်တန်နဲ့ပွဲမတိုင်မီ မန်ယူပရိသတ်တွေအတွက် အားတက်စရာ သတင်းကောင်းတခု

Posted on

မနက်ဖန်ည အစောပိုင်း ဆောက်သမ်တန်နဲ့ပွဲစဉ်မတိုင်မီမှာတော့ မန်ယူနိုက်တက် ပရိသတ်တွေ အားတက်စရာ သတင်းကောင်း ပေါ်ထွက်လို့ လာခဲ့ပါပြီ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေ နှစ်ပေါင်း များစွာ စောင့်ဆိုင်းနေခဲ့ကြတဲ့ လိုအပ်ချက် တစ်ခု မကြာခင်မှာပဲ ဖြည့်ဆီးနိုင်တော့မှာ ဖြစ်ပါတယ်။  အဲ့တာကတော့ ကွင်းလယ် ခံစစ် နေရာမှာ ကမ္ဘာ့ အဆင့် ကစားသမား တစ်ဦးကို မကြာခင် မြင်တွေ့ရတော့မှာမို့လို့ပါပဲ ။အဆိုပါနေရာအတွက် မိုက်ကယ်ကာရစ်နောက်ပိုင်း မန်ယူနိုက်တက်အသင်း ဖြည့်ဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။ အခုတော့ ယင်းနေရာအတွက် ပူစရာမလိုတော့ပဲ ကက်စ်မဲရိုးကို ဖြည့်ဆီးနိုင်ခဲ့ပါပြီ။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်က အိုးလ်ထရပ်ဖို့ဒ် မှာ ပထမဆုံး အကြိမ် မြင်တွေ့ခဲ့ရတဲ့ ကွင်းလယ် ကစားသမားသစ် ကတ်စမဲရိုး ဟာ အလုပ်ပါမစ် ရရှိသွားခဲ့ပြီဖြစ်ပြီး သူဟာ ဆောက်သမ်တန် နဲ့ ပွဲစဉ်မှာ ကစားပေးခွင့် ရရှိနိုင်ခြေ ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တစ်ပါတ်တုန်းက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ လီဗာပူး အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 2 – 1 နဲ့ အနိုင်ရရှိခဲ့တဲ့ အဆိုပါ ပွဲစဉ်ဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပထမဆုံးနိုင်ပွဲ ဖြစ်သွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟတ်ဟာ သူ နှစ်ခြိုက်တဲ့ ကစားသမားတွေကို ပွဲထွက် ကစားစေခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ သူဟာ အဲ့ဒီ ပွဲထွက် ကစားသမား စာရင်းကို အခြေခံပြီး အသင်းကို ပိုမိုတောင့်တင်းအောင် အင်အားဖြည့်သွားဖို့ ရှိနေပါတယ် ။

အခုတော့ ကတ်စမဲရိုး ရောက်လာခဲ့ပြီ ဖြစ်တဲ့အပြင် အလုပ် ပါမစ် ပါ ရရှိသွားခဲ့ပြီ ဖြစ်တာကြောင့် ယူနိုက်တက် ပရိသတ်တွေဟာ စိတ်ပျက်နေခဲ့ကြတဲ့ မက်ဖရက် ကွင်းလယ်ကို ဆက်လက် မြင်တွေ့ရနိုင်ခြေ နည်းပါးသွားခဲ့ကြပါပြီ ။ဆောက်သမ်တန်နဲ့ပွဲစဉ်အတွက် မန်ယူနိုက်တက်ရဲ့ လေ့ကျင့်အရေးအစီအစဉ်မှာလည်း ကတ်စမဲရိုးက ပထမဆုံး စတင်ပူးပေါင်းခဲ့ပြီဖြစ်ပြီး လာမယ့်စနေ့နေ့ပွဲအတွက် အသင့်အနေအထား ရှိနေပြီဖြစ်ပါတယ်။

ကက်စ်မဲရိုးရဲ့ ယူနိုက်တက်ကစားသမားဘဝနဲ့ ပထမဆုံး အင်တာဗျူးမှာလည်း သူဟာ မန်ယူနိုက်တက်ရဲ့ ပွဲစဉ်တိုင်းကို ၁၂၀% ပေးဆပ်ကစားမယ်လို့ ကတိကို အခိုင်အမာပေးထားတာကြောင့် ယူနိုက်တက်ပရိသတ်တွေအတွက်တော့ တကယ့်ကို အားတက်စရာ ဖြစ်လာခဲ့ပါပြီ။