ယူနိုက်တဒ်မှာ လွန်ခဲ့တဲ့ (၁၅)နှစ်က လာရောက်ကစားခဲ့ဖူးကြောင်း ဖွင့်ဟလိုက်တဲ့ ကတ်စမဲရိုး

Posted on

မန်ယူနိုက်တဒ် အသင်းရဲ့ ကစားသမားသစ် ကတ်စမဲရိုး က သူ့အနေနဲ့ လွန်ခဲ့တဲ့ (၁၅)နှစ်က ယူနိုက်တဒ် ရဲ့ အိုးထရဒ့်ဖိုဒ့် ကွင်းကြီးမှာ လာရောက်ကစားခဲ့ဖူးတယ်လို့ ဝန်ခံလိုက်ပါတယ်။ ရီးရဲလ်ကနေ ပေါင်(၆၂)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာတဲ့ ဘရာဇီးလ်သားဟာ နိုင်ငံအသင်းဖော် ဖရဒ် နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။

ကတ်စမဲရိုး နဲ့ ဖရဒ် ဟာ ဘရာဇီးလ်အတွက် အတူတကွ ပွဲထွက်ကစားထားတဲ့ (၁၉) ပွဲမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်တဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။ကတ်စမဲရိုး အတွက် ရီးရဲလ်အသင်းဖော်ဟောင်း ဗာရန်း နဲ့ ရော်နယ်ဒို တို့ရှိနေတာကလည်း အားတက်စေမယ့်အချက်တချက် ဖြစ်လာပါလိမ့်မယ်။

ကတ်စမဲရိုးက “ကျွန်တော့်ကိုအားလုံးကနွေးထွေးစွာနဲ့ကြိုဆိုခဲ့ကြပါတယ်။အသင်းရဲ့တာဝန်ရှိသူတွေကရော၊နည်းပြ နဲ့ အသင်းဖော်တွေ ပြီးတော့ ပရိတ်သတ်တစ်ယောက်ချင်းစီက အထူးကြိုဆိုမှုတွေပြုလုပ်ပေးခဲ့ပြီး ကျွန်တော့်ကိုယ်ကျွန်တော် သိပ်ကိုထူးခြားတဲ့ ကစားသမားတစ်ယောက်လို့ ခံစားမိစေပါတယ်။လက်ရှိအချိန်မှာ ကြုံတွေ့နေရတဲ့ အခြေအနေကို ကျွန်တော်ကတော့ စိန်ခေါ်မှုတစ်ရပ်အဖြစ် မှတ်ယူပြီး ဒီစိန်ခေါ်မှုကိုကျော်လွှားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်။”

” ကျွန်တော့် ကိုယ်ကို အသက်(၂၀)အရွယ်ပြန်ရောက်သွားသလိုတောင်ခံစားမိပါတယ်။ကျွန်တော့်ရဲ့ အသင်းဖော်အသစ်တွေနဲ့အတူ ဒီကွင်းကြီးမှာ ကစားရတာက တကယ့်ကို ဂုဏ်ယူရမယ့်အရာဖြစ်ပြီး ပွဲတွေကစားဖို့ မစောင့်နိုင်အောင်ပါပဲ”လို့ဆိုပါတယ်။

အိုးထရဒ့်ဖိုဒ့်မှာကစားခဲ့ဖူးတာနဲ့ ပက်သက်ပြီး” ကျွန်တော်လွန်ခဲ့တဲ့ (၁၅)နှစ်က ဒီမှာ ကစားခဲ့ဖူးပါတယ်။လူအတော်များများကတော့ ဒီအကြောင်းအရာကိုသိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် (၁၅)နှစ်သားတုံးက ပြိုင်ပွဲတစ်ခုအတွက် ဒီမှာ လာ ကစားခဲ့ဖူးပါတယ်။ကျွန်တော် ဆာအိုပေါ်လိုမှာ ရှိစဉ်ကလာကစားခဲ့တာဖြစ်ပြီးအဲ့ဒီ့တုံးကသာ နောက် (၁၅)နှစ်မှာ ဒီကွင်းကြီးထဲ ပြန်ခြေချနိုင်မယ်လို့ တွေ့းခဲ့ရင် ဒါက မဖြစ်နိုင်ဆုံးအိမ်မက်တစ်ခုပဲလို့ ရေရွတ်မိမှာပါ အခုတော့ တကယ်ဖြစ်လာခဲ့ပါပြီ။”

” ကျွန်တော်တို့ အဲ့ဒီအချိန်က နိုက်ကီ က စီစဉ်တဲ့ လူငယ်ပွဲ လာကစားခဲ့တာဖြစ်ပြီး အရိုးသားဆုံးဝန်ခံရရင် လွန်ခဲ့တဲ့ (၁၅)နှစ်ထဲက မန်ချက်စတာယူနိုက်တဒ် ကို ပြောင်းရွှေ့ဖို့ဆိုတာ အိမ်မက်တစ်ခု ဖြစ်နေခဲ့တာပါ။အခုတော့ ကျွန်တော့်မျှော်လင့်ချက်တွေ အမှန်တကယ်ဖြစ်လာသလို ကျွန်တော့်အတွက်တော့ အပျော်ရွှင်ရဆုံးအခိုက်တံ့တွေထဲကတစ်ခုဖြစ်လာခဲ့ပါပြီ။ကွင်းထဲကို အသင်းဖော်တွေနဲ့အတူသွားရောက်ပြီး အသင်းကိုရှိရမယ့်နေရာမှာပြန်လည်ရောက်ရှိစေဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ”လို့ဆိုပါတယ်။