နှုတ်ဆက်ပွဲအခန်းအနားမှာ အသင်းဟောင်းကို မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့တဲ့ သရဲနီသစ် ကက်စ်မဲရိုး

Posted on

ရီးယဲလ်အသင်းဟာ မန်ယူအသင်းသို့ ပြောင်းရွှေ့သွားမယ့် ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုကို ယနေ့ နှုတ်ဆက်ပွဲအခမ်းအနားပြုလုပ်ပေးခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ရီးရဲလ်မက်ဒရစ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း + အပိုဆုကြေး ပေါင် ၁၀သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။

နှုတ်ဆက်ပွဲအခန်းအနားမှာ ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က ကက်စီမီရိုသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အသင်း၏ အရေးအပါဆုံးကစားသမားတစ်ဦးဖြစ်ခဲ့ကြောင်း၊ အသင်းအတွက် ကက်စီမီရို၏ စွမ်းဆောင်ပေးခဲ့မှုများကို ဘယ်တော့မှ မေ့မည်မဟုတ်ကြောင်း၊ ယခုလိုနေ့မျိုး ရောက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ကြောင်း၊ ယနေ့မှာ အလွန်ထူးခြားပြီး ဝမ်းနည်းစရာကောင်းသည့်နေ့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကက်စီမီရိုကလည်း မျက်ရည်များဖြင့် နှုတ်ဆက်စကားပြန်လည်ပြောကြားခဲ့ပြီး ယခုအသင်းသို့ လူငယ်လေးအဖြစ် ရောက်ရှိလာပြီး လူကြီးတစ်ယောက်အဖြစ် ထွက်ခွာရခြင်းဖြစ်ကြောင်း၊ ရီးယဲလ်အသင်းမှ အားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ ကွင်းလယ်တွဲဖက်ကစားသမားများဖြစ်သည့် တိုနီကရို့စ်နှင့် မိုဒရစ်တို့ကို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ကြောင်း၊ မန်ယူလိုအသင်းကြီးတစ်သင်းတွင် မိမိကစားသမားဘဝကို တိုးတက်အောင် တည်ဆောက်သွားရမည့်အတွက် စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အားလုံးကိုကျေးဇူးတင်ချင်ပါတယ်၊ကျွန်တော့်ရဲ့ အသင်းဖော်တွေ၊ရီးရဲလ်မက်ဒရစ်အသင်းဝန်ထမ်းတွေ၊တာဝန်ရှိသူတွေ၊ကျွန်တော့်ရဲ့အမေနဲ့ ကျွန်တော်ရဲ့ဇနီးပေါ့၊တစ်နေ့တစ်ချိန်ကြရင် ရီးရဲလ်မက်ဒရစ်အသင်းကို ကျွန်တော်သေချာပေါက်ပြန်လာမှာပါ၊မန်ချက်စတာယူနိုက်တက်လို အသင်းကြီးမှာ စွန့်စားခန်းသစ်တွေပြုလုပ်ရဖို့အတွက် ကျွန်တော်စိတ်လှုပ်ရှားနေပါပီ” လို့ ကတ်စ်မဲရိုးက နှုတ်ဆက်ပွဲအခန်းအနားမှာ ပြောဆိုသွားခဲ့ပါတယ်။

ကတ်စ်မဲရိုးဟာ ရီးရဲမက်ဒရစ်အသင်းဆီကို ၂၀၁၃ ခုနှစ်တုန်းက ရောက်ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းကာလများမှာတော့ အသင်းရဲ့အဓိက ကွင်းလယ်လူ ဖြစ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့အောင်မြင်မှုတွေမှာ ကတ်စ်မဲရိုးဟာ မိုဒရစ်၊ တိုနီခရူးစ်တို့နဲ့အတူ ကွင်းလယ်ပိုင်းမှာ အဓိက ပါဝင်စွမ်းဆောင်ခဲ့ပါတယ်။ အခုတော့ ဘရာဇီးလ်သားနဲ့ ရီးရဲမက်ဒရစ်တို့ တို့ရဲ့ဇာတ်လမ်းက တခန်းရပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့တော့မယ့် ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ကက်စီမဲရိုးရဲ့စွမ်းဆောင်မှုနဲ့ အောင်မြင်မှုများ
(၃၁၈)ပွဲ
(၃၀)ဂိုး
(၂၃)ဖန်တီးမှု
ချန်ပီယံလိဂ်ဖလား(၄)ကြိမ်
လာလီဂါ (၃)ကြိမ်
UEFA စူပါဖလား (၂ကြိမ်)
FIFA Club World Cup ( ၃ ကြိမ်)
ကိုပါဒယ်ရေး ( ၁ ကြိမ် )
စပိန်စူပါဖလား (၃ကြိမ်)