ကတ်စမဲရိုးကို ခေါ်ယူနိုင်ဖို့ နေ့နေ့ညည ကြိုးစားခဲ့ရတဲ့ ဗာရန်း ပြောပြမယ့် ကတ်စမဲရိုး အကြောင်း

Posted on

ရီးရဲလ်မက်ဒရစ် ရဲ့ သမိုင်းတစ်ခုကို အတူတကွ ရေးသားခဲ့ကြတဲ့ ဗာရန်း၊ကတ်စမဲရိုး နဲ့ ရော်နယ်ဒို တို့ဟာ အသင်းတစ်သင်းတည်းမှာ လာရောက် ပေါင်းစပါမိကြပြီးနောက် လက်ကျန် ပွဲတွေဟာ မန်ယူနိုက်တဒ် အတွက် စိတ်ဝင်စားစရာတွေ ပြည့်နှက်နေပါတယ်။

ယူနိုက်တဒ် ကွင်းလယ်ဟာ အားနည်းချက် အများစုံ နေရာဖြစ်ပေမယ့် ရွိုင်ကိန်း အလွန် ပထမဆုံး ကွင်းလယ်ခံစစ်ဖြည့်တင်းမှု ဖြစ်ခဲ့တဲ့ ကတ်စမဲရိုးကို ခေါ်ယူလိုက်ပြီးနောက် အတော်အသင့် တောင့်တင်းလာခဲ့ပါတယ်။ ယူနိုက်တဒ် အနေနဲ့ ကတ်စမဲရိုး ကို ခေါ်ယူခဲ့ရာမှာ အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ ရာဖေးလ်ဗာရန်း ရဲ့ အကူညီကို များစွာယူခဲ့ရပြီး ပြင်သစ်သားကတော့ တော်မနေး လို ကစားသမားကနေ ကတ်စမဲရိုး နဲ့ တွဲကစားရမှာဖြစ်လို့ ပျော်ရွှင်နေဟန် ရပါတယ်။

ဗာရန်း က “ဟုတ်ပါတယ်၊တကယ်ကို စိတ်လှုပ်ရှားနေတာပါ၊သူ့ရဲ့ စွမ်းဆောင်ရည် နဲ့ လုပ်နိုင်စွမ်းကို ကျနော်အသိဆုံးပါ၊သူကအသင်းရဲ့ ကွင်းလယ်မှာ တည်ငြိမ်မှုအတူ စိတ်ပိုင်းဆိုင်ရာ အားသာချက်ပါ ယူဆောင်လာနိုင်မယ့် သူမျိုးပါ။သူကအမြဲတမ်း ခပ်ကြမ်းကြမ်းတုံပြန်တတ်တဲ့ စစ်သူရဲတစ်ယောက်ဖြစ်ပြီး သူ့ပုံစံ နဲ့ ဒီက ကစားပုံက စိန်ခေါ်မှုတွေကြိုက်တဲ့ သူဖြစ်လို့ အဆင်ပြေပါလိမ့်မယ်။”

” ကျွန်တော့် အထင် သူ့အတွက် အိုးထရဒ့်ဖိုဒ့် ရဲ့ သိပ်ကိုခမ်းနားခဲ့တဲ့ညကို တွေ့ကြုံခဲ့ရတာ က လုံးဝပြီးပြည့်စုံစေပါတယ်။အဲ့ဒီနေ့(vs လီဗာပူးလ်) က အသင်းရဲ့ ခြေစွမ်း တိုးတက်မှုက ပရိတ်သတ်တွေရဲ့ အံမခန်း အားပေးမှုကြောင့်ဖြစ်ပြီး ကွင်းရဲ့ အရှိန်က ကြောက်စရာကောင်းလောက်အောင် ကြီးမားခဲ့ပါတယ်”လို့ဆိုပါတယ်။

ဆက်လက်ပြီး ဗာရန်းက “သူ့အနေနဲ့ ဒီကိုပြောင်းလာဖို့ဆုံးဖြတ်ချက်ချတာအတွက် ကျွန်တော့် အကူညီလိုမယ်တော့မထင်ပါဘူး။သူမက်ဒရစ် မှာ အချိန်အတော်ကြာနေခဲ့ပြီးပြီမလို့ ဒီကိုလာရတဲ့ အကြောင်းပြချက် နဲ့ ခံစားချက်ကို ကျွန်တော် ကောင်းစွာသိပါတယ်။သူ့အတွက် စိန်ခေါ်မှုအသစ်တွေလိုအပ်နေပြီး သူဒီကလပ်ကို ရွေးချယ်ပြောင်းရွှေ့လာရတဲ့ အဓိကအကြောင်းအရင်းကလည်း အနာဂတ် ကို စိန်ခေါ်ချင်လို့ပါပဲ။”

” ကျွန်တော် ကိုယ်တိုင်လည်း ဒီအသင်းကို တူညီတဲ့ ရည်ရွယ်ချက်နဲ့ ပြောင်းရွှေ့ခဲ့တာမလို့ သူ့ခံစားချက်ကို သေချာသိပါတယ်။မက်ဒရစ် မှာ အချိန်အတော်ကြာဖြတ်သန်းခဲ့ပြီးနောက် ဒီအသင်းကိုရောက်ရှိလာတဲ့အခါ ပရိတ်သတ်တွေရဲ့အားပေးမှု ကွင်းရဲ့ပတ်ဝန်းကျင်အနေထား အစရှိတာတွေက ပထမဆုံး မြင်တွေ့ခဲ့ပြီးနောက် ကျွန်တော်လည်း စိတ်ဓာတ် တက်ကြွခဲ့တာ အမှန်ပါပဲ”လို့ဆိုခဲ့ပါတယ်။