အဲရစ်တန်ဟတ်ရဲ့ သူမတူတဲ့ အရည်အသွေး (၃)ခုကို ထုတ်ဖော်ပြောလိုက်တဲ့ ကတ်စမဲရိုး

Posted on

ရီးရဲလ်မက်ဒရစ် ရဲ့ ဂန္နဝင်ကွင်းလယ်လူအဖြစ် ကနေ မန်ယူနိုက်တဒ် ကို ယုတ်ချည်းပြောင်းရွှေ့လာခဲ့တဲ့ ကတ်စမဲရိုး ရဲ့ ဆုံးဖြတ်ချက်အပေါ် မက်ဒရစ်ပရိတ်သတ်တွေကိုယ်တိုင်က အံအားသင့်ခဲ့ကြပြီး ရွိုင်ကိန်း အလွန်မှာထဲက DM ကောင်းကောင်းမရှိခဲ့တဲ့ ယူနိုက်တဒ် ပရိတ်သတ်တွေကတော့ အကြီးအကျယ်ပျော်ရွှင်ခဲ့ရပါတယ်။

ကတ်စမဲရိုး ဟာ လက်ရှိ (၂၁)ရာစု ရဲ့ အကောင်းဆုံး DM တစ်ယောက်ဖြစ်ပြီး အသင်းမှာ ကာလရှည်ကြာ လစ်လပ်နေခဲ့တဲ့ အဖျတ်ကွင်းလယ်လူ ဖြစ်တာကြောင့်လည်း မျှော်လင့်တကြီး အားကိုးခဲ့ကြပေမယ့် အစောပိုင်းမှာတော့ တော်မနေးကြောင့် ပွဲထွက်ခွင့်ထိခိုက်ခဲ့ပါသေးတယ်။သို့သော်လည်း ကတ်စမဲရိုး နဲ့ အသင်းကျောရိုးစိမ့်ဝင်မှု ပိုမိုအားကောင်းလာတာနဲ့အမျှ ဘရာဇီးလ်သားက အဓိက ကစားသမားဖြစ်လာခဲ့သလို အသင်းကိုပြောင်းရွှေ့ခဲ့ရာမှာလည်း အဲရခ်တန်ဟဂ် ရဲ့ အခန်းကဏ္ဏကအရေးပါခဲ့တယ်လို့ဆိုပါတယ်။

ကတ်စမဲရိုး က “ကျွန်တော်က နည်းပြရဲ့ အနိုင်ရလိုမှု၊စိတ်အားထက်သန်မှု နဲ့ အလုပ်ကြိုးစားတဲ့ အချက်တွေအပေါ်သဘောကျနှစ်ခြိုက်ခဲ့တာပါ။ သူတစ်ယောက်ထဲတော့မဟုတ်ပါဘူး၊နည်းပြအဖွဲ့တစ်ခုလုံးတူတူပါပဲ အားလုံးက အလုပ်အရမ်းကြိုးစားကြပါတယ်။သူတို့က ပွဲတိုင်းအနိုင်ရခြင်ပြီး အကြောင်းပြချက်မလိုချင်တဲ့ သူတွေပါ။သူတို့ကိုကြည့်လိုက်ရင် အမြဲတမ်း အသစ်အဆန်းတွေ ဖန်တီးချင်စိတ်ရှိပြီး သူတို့ကို သေချာကြည့်ရင် ပွဲတိုင်းမတူညီတဲ့ နည်းစနစ်တွေ ချမှတ်ဖို့သာ အာရုံစိုက်နေတာ တွေ့ရပါလိမ့်မယ်။မန်ယူနိုက်တဒ် ဟာ သိပ်ကို ပြီးပြည့်စုံတဲ့ နည်းပြတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်ဆိုတာသေချာပါတယ်။နည်းပြရဲ့ အိုင်းယက်စ် မှာ ပြုလုပ်ခဲ့တဲ့အရာတွေကို ကျွန်တော် သေချာမြင်တွေ့ခဲ့ဖူးသလို ဒီမှာလည်း သူက တပုံစံထဲ လုပ်ပြနေတာပါ”လို့ဆိုပါတယ်။

ဆက်လက်ပြီး ကတ်စမဲရိုး က “ကျွန်တော်တို့က မတူညီတဲ့ ကစားဟန်တွေပိုင်ဆိုင်ထားတဲ့ ကစားသမားအများအပြားစုဖွဲ့ထားတာဖြစ်ပေမယ့် နည်းပြရဲ့ နည်းစနစ် ကို လိုက်မှီပြီး သူတို့ ကစားစေချင်တဲ့ ပုံစံအတိုင်း မကြာခင်မှာ ကစားပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။နည်းပြတိုင်းက သူတို့ရဲ့ကိုယ်ပိုင် တည်ဆောက်မှု၊ထိန်းကျောင်းမှု၊ဦးဆောင်မှု ပုံစံတွေ ရှိကြပါတယ်။ကျွန်တော်အရင်က ကားလိုစ့်(အန်စလော့တီ) နဲ့ ဇီဒန်း တို့လက်အောက်မှာ နေခဲ့ဖူးပါတယ်၊သူတို့က အသင်းတစ်သင်းကို ဦးဆောင်ဖို့အရေးကြီးဆုံးအရာဖြစ်တဲ့ အနိုင်ရလိုစိတ်နဲ့ပက်သက်ရင် သိပ်ကိုဆန္ဒပြင်းပြသူတွေပါ။အလုပ်ကြိုးစားမှု နဲ့ စိတ်ဆန္ဒပြင်းပြမှုက ကလပ်အသင်းတစ်သင်းကို အမှန်ကန်ဆုံးလမ်းကြောင်းပေါ်ဆွဲတင်နိုင်တဲ့ အရာဖြစ်ပြီး အနိုင်ရရှိမှုဟာ ဒီအရာတွေကနေ ဆင့်ပွားဖြစ်ပေါ်လာတဲ့ အသီးပွင့်ပါပဲ”လို့ဆိုပါတယ်။