ကစားသမားတိုင်း အတုယူရမယ့် ကက်စီမဲရိုးရဲ့ အရှုံးကို လက်မခံနိုင်မှုနဲ့ တာဝန်သိမှု

Posted on

ကတ်စမဲရိုး နဲ့ပက်သက်ရင် သူဟာ စိတ်ဓာတ်ပိုင်းမာကြောပြီး တိုက်ရည်ခိုက်ရည်အပြည့်ရှိကြောင်း အသင်းဖော်တွေကဆိုကြပါတယ်။ မန်ယူနိုက်တဒ် ကို ရောက်ရှိလာပြီးနောက် အသင်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာလည်း သူဟာ ဘယ်အချိန်မဆို (၁၂၀%) ပေးဆပ်တဲ့သူ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါသေးတယ်။

ကတ်စမဲရိုး ဟာ ခံစစ် နဲ့ ကွင်းလယ် ကြား က ကြားခံနယ်မှာ အပိုင်စားဖြစ်သူဖြစ်ပြီ သူ့နေရာဟာ ပြိုင်ဘက် ကစားသမားတွေ မျက်မုန်းကျိုးတဲ့နေရာ၊ အနီ/အဝါ တွေ မကြာခန ထိနိုင်တဲ့နေရာ ပြီးတော့ သူသာ ခြေကျနေရင် အသင်းခံစစ်စုဖွဲ့မှုပျက်သွားနိုင်တဲ့နေရာမျိုးဖြစ်ပါတယ်။သို့သော်လည်း အဆိုပါနေရာမှာ ကစားနေတဲ့ ကတ်စမဲရိုး ဟာ တာဝန်ကျေတာထက်ပိုပြီး အသင်းကသာအလိုရှိရင် အနားယူရက်ပါဖျတ်ပြီး ပြန်လာဖို့ဝန်လေးသူမဟုတ်ကြောင်း သိသာစေတဲ့ ဖြစ်ရက်တစ်ခု ဖြစ်ပွားခဲ့ဖူးပါသေးတယ်။

ဂျူလိုင် (၂၇) မှာ ကတ်စမဲရိုး ဟာ ရီးရဲလ်အသင်းရှိရာ အော်ရန်လန်ဒို ကို သွားရောက်ဖို့ ဆာအိုပေါ်လိုလေဆိပ်ကို ရောက်ရှိနေပါပြီ။ဘရာဇီးလ် နဲ့ ကိုပါအမေရိကချန်ပီယံဖြစ်ပြီး နောက် ကတ်စမဲရိုး ဟာ နွေရာသီအားလက်ရက်အဖြစ် ဒစ်စနေ မှာ မိသားစု နဲ့အတူ အနားယူနေရာကနေ ရုတ်ချည်း လေယာဉ်ပေါ် တက်ဖို့ မှာကြားနေလို့ သူ့ကို မိသားစုတွေက နားမလည်နိုင်အောင်ဖြစ်ခဲ့ကြပါတယ်။

ကတ်စီက ရီးရဲလ် နဲ့အတူ ဆိုးရွားလှတဲ့ အချိန်ကို ဖြတ်သန်းခဲ့ရလို့ ဖလော်ရီဒါ ရဲ့ နေရောက်ခြည်အောက် လန်းဆန်းမှုကို ရှာဖွေရန် ရက်ရှည်ခရီးကို စီစဉ်ခဲ့ပေမယ့် သူ့ရဲ့ အရေးပေါ် အခြေနေကတော့ မိသားစု ကို ယုတ်ချည်း ချန်လပ်ခဲ့ရပါတော့တယ်…

ကတ်စမဲရိုး တစ်ယောက် တရားဝင်ခွင့်ပြုထားတဲ့ အားလက်ရက်ကနေ ပြန်လာခဲ့ရတဲ့အကြောင်းအရင်းကတော့ ဖလော်ရီဒါ မှာ သမီးတွေနဲ့အတူ ဘုတ်ပေါ်အနားယူနေစဉ် ခြေစမ်းပွဲအဖြစ်ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီ မှာ ရီးရဲလ် ဟာ အေတီကို ကို (၇-၃) နဲ့ အရေးနိမ့်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

အသင်းရဲ့ရလာဒ်ကို မြင်မြင်ချင်းမှာပဲ ကတ်စီ က သူ့ရဲ့သမီးကို တချက်ကြည့်ပြီး”အဖေ့အလုပ်ကတော့ အဖေ့ကို အရေးတကြီးလိုအပ်နေပြီ။ တောင်းပန်ပါတယ်သမီးငယ်ရေ”လို့ တောင်းပန်ပြီး နောက်နေ့မနက်မှာတော့ မက်ဒရစ် လေ့ကျင့်ရေးကွင်းကို ဘရာဇီးလ်သား ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။