ရော်နယ်ဒိုနဲ့ မန်ယူနိုက်တက်တို့ ပြသနာအတွက် အကောင်းဆုံးဖြစ်စေမယ့် အဖြေကို ဖော်ထုတ်လိုက်တဲ့ နဗီးလ်

Posted on

ယူနိုက်တဒ် ရဲ့ တစ်ပတ်တစ်ခါမရိုးနိုင်တဲ့ ပြသနာတွေကြားထဲမှာ ရော်နယ်ဒို ရဲ့ ပွဲမပြီးခင် ကွင်းထဲဝင်သွားခဲ့တဲ့သတင်းက ဆိုးဆိုးရွားရွား ပဲ ကျယ်ပျံ့မှုကြီးခဲ့ရပါတယ်။ ယနေ့ထက်တိုင်နိုင်ငံတကာ အားကစားဂျာနယ်၊သတင်းအစီစဉ်၊ဝေဖန်ရေး တွေ ရဲ့ ခေါင်းကြီးသတင်း ဖြစ်နေတာကြောင့်လည်း အသင်းအတွက် ပုံရိပ်အရ ထိခိုက်မှုတချို့ ရှိလာပြီး ဂန္နဝင်ညာနောက်ခံလူကြီးဂယ်ရီနဗီးလ် ကတော့ မန်ယူနိုက်တဒ် အနေနဲ့ ပေါိတူဂီသားကို လက်လွှတ်ချိန် တန်ပြီလို့ သတိပေးလိုက်ပါတယ်။ ရော်နယ်ဒို က အသက်အရွယ်အရ အကျပိုင်းကို ရောက်နေသော်လည်း မာန် မလျှော့သလို သူ့ရဲ့ ဖြစ်ချင်စိတ်တွေနောက်ကိုသာ လိုက်နေရင်း ဖြစ်နိုင်ချေကို မေ့လျော့နေတဲ့နောက် အတ္တကြီးတဲ့ ကစားသမားအဖြစ် စွပ်စွဲလိုက်တာပဲ ဖြစ်ပါတယ်။

နဗီးလ်က “ဒီတစ်ပတ်ထဲမှာပဲ ဆက်ဆံရေးကို အဆုံးသတ်တာ ဒါမှမဟုတ် WC အထိ လေ့ကျင့်ခွင့်ပေးပြီး အဲ့ဒီနောက်မှာတော့ အဆက်သွယ်ဖြတ်တာတွေ လုပ်ရပါလိမ့်မယ်။မန်ယူနိုက်တဒ် နဲ့ ရော်နယ်ဒို ကြားက ဆက်ဆံရေးက သေချာပေါက်အဆုံးသတ်ဖို့လိုပါပြီ။အခုချိန်မှာ ရော်နယ်ဒို ကို ပွဲထွက်လူစာရင်းထဲ မြင်ချင်တဲ့ ပရိတ်သတ်တွေက သိပ်များများစားစား မရှိတော့ပါဘူး။ ”

ယူနိုက်တဒ် က သူမပါပဲပိုကောင်းတဲ့ အသင်းဖြစ်နေပါပြီ။သူမပါရင် ဂိုးတွေပိုသွင်းနိုင်သလို သူမပါဝင်ပဲ အနိုင်ရတဲ့ပွဲက ပိုပြီးများလာပါတယ်။မန်ချက်စတာယူနိုက်တဒ် က ရော်နယ်ဒို မရှိတဲ့အချိန်မှာ ပိုကောင်းတဲ့ စုစည်းမှုကို ရရှိနေတယ်ဆိုတာ ရလာဒ် တွေက သက်သေပဲ မဟုတ်လား”လို့ဆိုပါတယ်။

ဆက်လက်ပြီး နဗီးလ် က “အဲရခ်တန်ဟဂ် အတွက် ဒါကဒုတိယအကြိမ်ပြသနာဖြစ်လာတဲ့နောက် ရွေးချယ်စရာ လမ်းမရှိတော့ပါဘူး။ရော်နယ်ဒို က ဘယ်အသင်းဖော်ကိုမှ မစောင့်ဆိုင်းပဲ ကွင်းထဲကနေ ရုတ်တရက် ထ ပြန်ပြီး အဝတ်လဲခန်းထဲ ဝင်သွားတာက ဒုတိယအကြိမ်ပါ ဒါလုံးဝလက်သင့်ခံလို့မရတဲ့ ပြသနာပါ။ရော်နယ်ဒို က မန်ယူနိုက်တဒ်မှာသူ့ကစားသမားဘဝ အဆုံးသတ်ဖို့ လာခဲ့ပေမယ့် အသင်းကသူမရှိချိန်ဆိုရင် ပိုကောင်းနေတာက ပကတိအမှန်တရားပါ။ဒီတော့သူ့အနေနဲ့ အရံခုံတန်းမှာ ပွဲအများစု ရှိနေမှာကို လက်သင့်ခံဖို့လိုအပ်ပြီး မဟုတ်ရင် အသင်းအနေနဲ့သူ့ကို ချန်ခဲ့ပြီးရှေ့ဆက် လျှောက်လှမ်းရမှာပါ”လို့ဆိုပါတယ်။