တန်ဟဂ် ဆင်းသက်ရမယ့် ပျားတို့ရဲ့မြို့တော် (သို့) ဘရန်းဖိုဒ့်က စောင့်ကြိုနေတဲ့ အခက်ခဲများ(ပွဲကြို သုံးသပ်ချက်)

Posted on

အဲရခ်တန်ဟဂ် ရဲ့ ရာသီကြိုကအလုပ်ဖြစ်ခဲ့သလောက် ပရီးမီးယားလိဂ် နဲ့ ပထမဆုံး နဖူးတွေ့ဒူးတွေ့ ကစားခဲ့ရတဲ့ ဘရိုက်တန် နဲ့ ပွဲမှာတော့ ကြီးမားတဲ့ အခက်ခဲတွေစတင်ကြုံတွေ့လာပါတယ်။

တန်ဟဂ် အနေနဲ့ ဘရိုက်တန် နဲ့ ပွဲမှာ တော်မနေး ကို No( နေရာကနေ Advance Playmaker Role အထိ တက်ကစားစေပြီး Fred က Deep-Lying Playmaker အဖြစ် ကစားစေခဲ့ပြီး ရလာဒ်ကတော့ ပထမပိုင်းတင် ကွင်းလယ်ခါးပြတ်သွားလို့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။အထူးသဖြင့် တိုက်စစ်ကိုပိုမိုလိုက်ပါကစားတဲ့ တော်မနေး ရဲ့ ဘောလုံးအထိန်းသိမ်းနဲ့အရည်ချင်းညံဖျင်းမှုတွေက အသင်းကို ကြီးမားတဲ့ထိုးနှက်ချက်တွေ ဖြစ်လာပြီး ယနေ့ပွဲမှာတော့ ဒီအချက်တွေကို ပြင်ဆင်ဖို့လိုပါလိမ့်မယ်။

တန်ဟဂ် အနေနဲ့ ဂိုးနေရာမှာတော့ ဒဟေးယားကို ပဲ ဆက်လက်အသုံးပြုနိုင်ပြီး ညာတောင်ပံခံစစ်မှာ ဒါးလော့ က ပွဲထွက်လာနိုင်ပါတယ်။ဘယ်ခြမ်းခံစစ်မှာတော့ ရှော ထက် မလာစီယာ က ပိုပြီးအခြေအနေကောင်းနေသလို ဗဟိုခံစစ်မှာတော့ ဗာရန်း နဲ့ လင်ဒီလောဖ့်/မာတီနက်ဇ် ကို တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။

သတင်းတွေအရ မက်ဂွိုင်းယား ကို နေရာဖယ်ဖို့မဖြစ်နိုင်ဘူးလို့ဆိုပေမယ့် တန်ဟဂ် အနေနဲ့ ရာသီအစမှာပဲ အလှည့်ကျပုံစံမျိုး အသုံးပြုဖွယ်ရှိပါတယ်။ကွင်းလယ်မှာတော့ ပြသနာရှာခဲ့တဲ့ မက်/ဖရဒ် အစား ဖရဒ် နဲ့ အဲရခ်ဆင် ကို တွဲဖက်ပြီး အသုံးပြုလာနိုင်ပါတယ်။

အဲရခ်ဆင် ရဲ့ ဘရိုက်တန် နဲ့ ပွဲက Middle Third ဆင်းကစားပြီး long pass တွေနဲ့ ကစားကွက်ခင်းကျင်းခဲ့တာ က အားသာချက်တစ်ခုဖြစ်လာနိုင်လို့ ပျားတို့ရဲ့မြို့ဟောင်းကို ဒိန်းမတ်သားနဲ့ ပြန်ပြီးဆင်းသက်လာဖွယ်ရှိပါတယ်။ဘရူနိုက နံပတ်(၁၀) နေရာကနေ ပြန်ပါဝင်နိုင်ပြီး တိုက်စစ်မှာ တော့ ရော်နယ်ဒို ကို မြှားဦးတည်ပြီး မားကပ်စ်ရရှ်ဖိုဒ့်(ဘယ်) နဲ့ ဆန်ချို (ညာ) တို့ ပွဲထုတ်လာဖွယ် ရှိပါတယ်။

ဘရန်းဖိုဒ့်ဟာ မန်ယူနိုက်တဒ် နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ နောက်ဆုံး (၅)ပွဲမှာ (၃)ပွဲရှုံး (၂)ပွဲသရေ ကျထားပြီး နိုင်ပွဲမရရှိသေးပါဘူး။ပြီးခဲ့တဲ့ရာသီက ဘရန်းဖိုဒ့် ကွင်းကို သွားရောက်ကစားခဲ့ရာမှာတော့ ယူနိုက်တဒ် က (၁-၃)နဲ့ အနိုင်ရထားတာကြောင့် သလို နှစ်ကျော့ပေါင်း (၆)ဂိုး သွင်းယူထားတာကြောင့် ယနေ့ညမှာ တန်ဟဂ် အတွက် ပထမဆုံးနိုင်ပွဲရလာနိုင်မယ်လို့ ယူဆရပါတယ်။

ယူနိုက်တဒ် တိုက်စစ်ကို ဦးဆောင်လာမယ့် ရော်နယ်ဒို က ဘလွန်းဒီအော် ဆန်ခါတင်စာရင်းမှာ ပါဝင်လာတာကြောင့် ယနေ့ညမှာ သူ့ရဲ့ သွင်းဂိုးတွေ ရရှိဖို့အရေးကြီးနေပြီး ဘာကြောင့် ဘလွန်းဒီအော် စာရင်းမှာပါဝင်နေရလည်းဆိုတဲ့မေးခွန်းတွေကို သွင်းဂိုးနဲ့ ဖြေဆိုဖို့တော့လိုပါလိမ့်မယ်။ဒီနေ့ညဟာ ယူနိုက်တဒ် နဲ့ ရော်နယ်ဒို ပရိတ်သတ်တွေ ပျော်ရမယ့်ည ဖြစ်လာမှာတော့ အသေချာပါပဲ။