ယူနိုက်တက်တိုက်စစ်မှုးအပါဝင် တိုက်စစ်မှုး(၄)ဦးကို ခေါ်ယူပေးဖို့ ပီအက်စ်ဂျီထံ တောင်းဆိုထားတဲ့ အမ်ဘာပေ

Posted on

ပီအက်ဂျီအသင်းတိုက်စစ်မှူး ပြီးခဲ့တဲ့ရာသီက အသင်းနဲ့ စာချူပ်သက်တမ်းတိုးမြင့်ခဲ့ပြီးနောက် ကစားသမား လေးယောက်ကို ခေါ်ယူရန်တောင်းဆိုထားကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ ရာသီ တလျောက်လုံးမှာ ရီးရဲမက်ဒရစ် ကို ပြောင်းမယ်လို့ သတင်းကြီး နေခဲ့တဲ့ ဘာပေ ဟာ PSG နဲ့ စာချုပ်ကုန်ဖို့ လအနည်းငယ် လိုတဲ့ အချိန်ရောက်မှ ပြင်သစ် ကလပ် နဲ့ ၃ နှစ် ထပ်မံ သက်တမ်း တိုးသွားခဲ့ ပါတယ်။ဒီလို သက်တမ်းတိုးနိုင်ဖို့ PSG တာဝန်ရှိသူတွေဟာ ဘာပေ ကို မက်လုံးမျိုးစုံ ပေးခဲ့ရသလို ပြင်သစ် သမ္မတ ကိုယ်တိုင် ပါဝင် ခဲ့ရပါတယ် ။

လက်ရှိ မှာတော့ ဘာပေ ဟာ PSG မှာ မက်ဆီ ၊ နေမာ တို့နဲ့ အတူ ရာသီသစ်ကို ဖြတ်သန်းနေပြီး အသင်းမှာ သြဇာအကြီးများဆုံး ကစားသမား ဖြစ်လာပြီလို့ ပြောဆိုမှုတွေ ပေါ်ထွက်လာခဲ့ ပါတယ် ။ဘာပေ ဟာ အသင်းကို ပြောင်းရွှေ့ ရောက်ရှိ လာတဲ့ Transfer ဂုရု လူးဝစ် ကမ်ပိုစ့် ကို လူသစ်တွေ ၊ လူကောင်းတွေ ခေါ်ယူပေးဖို့ တောင်းဆို ခဲ့တယ်လို့ သတင်း ပေါ်ထွက်လာခဲ့ပါတယ် ။

အဆိုပါကစားသမားတွေထဲမှာ ပြင်သစ်အသင်းနဲ့ ကစားဖော် ဒယ်ဘီလီပါဝင်နေသလို ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီးလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် မန်ယူနိက်တက်တိုက်စစ်မှူး ရက်ဖို့လည်း ပါဝင်နေပါတယ်။ ဒါ့အပြင် အက်မက်ပီဟာ လူငယ်ကစားသမား စမာကာကို ခေါ်ယူရန်တောင်းဆိုထားကြောင်း သိရပါတယ်။

အနှစ်ချုပ် ရရင်တော့ အမ်ဘာပေ တောင်းဆိုခဲ့တယ် ဆိုတဲ့ စာရင်းထဲက ၄ ယောက်ထဲမှာ ရက်ဖိုဒ့် က လွဲရင် ကျန် ၃ ယောက်ဟာ အသင်းသစ်တွေဆီ ရောက်ရှိ သွားခဲ့ပါပြီ။ဒါကြောင့် လာမယ့် ဇန်နဝါရီမှာ ရက်ဖိုဒ့် ကို PSG တို့ ကြိုးစားလာမလား ဆိုတာ စောင့်ကြည့်သွားရမှာပါ ။

အက်မက်ပီဟာ ပီအက်ဂျီအသင်းပိုင်ရှင်တွေရဲ့ အလိုလိုက်ခြင်းကို ခံနေရတယ်လို့ ပရိတ်သတ်တွေက သတ်မှတ်ထားကြပြီး အသင်းဥက္ကဌလို့ တပ်ပြောခံရသည်အထိ ဝေဖန်မူတွေနဲ့ ရင်ဆိုင်နေရပါတယ်။