ရော်နယ်ဒို ကြောင့် မန်ချက်စတာဒါဘီကို အရေးနိမ့်မှာ စိုးရိမ်နေရတဲ့ ယူနိုက်တဒ်

Posted on

ယခုတစ်ပတ်မန်ယူနိုက်တဒ် ရဲ့ မန်ချက်စတာဒါဘီ ဟာ တန်ဟဂ် အတွက် အကြီးမားဆုံးသော စမ်းသပ်မှုဖြစ်လာနိုင်ပြီး အသင်းအတွက်လည်း နည်းစနစ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုအတွက် အကြီးမားဆုံးစမ်းသပ်မှု ဖြစ်လာပါလိမ့်မယ်။ ယူနိုက်တဒ် ရဲ့ လက်ရှိအခင်းအကျင်းဟာ တန်ဟဂ် စိတ်တိုင်းကျ ချမှတ်ထားတဲ့မဟာဗျူဟာထဲ အံမဝင်တာကြောင့် အသင်းနဲ့လိုက်လျောညီထွေ ရှိမယ့် နည်းစနစ်ကိုသာ အသုံးပြုထားရတဲ့အတွက် လည်း ဂွာဒီယိုလာ လို နည်းစနစ်ကြွယ်ဝတဲ့ နည်းပြကိုရင်ဆိုင်ကစားရာမှာ ထွက်ပေါ်လာမယ့် ကစားကွက်ပိုင်း နဲ့ ရလာဒ်ပိုင်း ကို ပရိတ်သတ်တွေက စိတ်ဝင်စားနေကြပါတယ်။

တန်ဟဂ် အတွက် အဓိကပြသနာက တိုက်စစ်ဖြစ်လာနိုင်ပြီး low block,deep defence ကို အားထားနေပြီး def to att အပြောင်းလဲ ခပ်မြန်မြန် နဲ့ ရှေ့ကို ထိုးဖောက်တဲ့ smart defence and quick counter ကစားကွက် အတွင်း မှာ ရော်နယ်ဒို ကို အထောင်တိုက်စစ်မှာအသုံးပြုခဲ့ရင် ဒီယက်ဇ် နဲ့ အခန်ဂျီ ဦးဆောင်လာမယ့် မန်စီးတီး ခံစစ်အတွက် အားသာချက်တွေရရှိလာနိုင်ပါတယ်။

လက်ရှိအချိန်မှယ ရော်နယ်ဒို ဟာ ကစားသမားဘဝတလျှောက် အဆိုးရွားဆုံးသော ခြေစွမ်းကျဆင်းမှုကို ရင်ဆိုင်နေရပြီး ပေါ်တူဂီမီဒီယာ နဲ့ ပရိတ်သတ်တွေ ကိုယ်တိုင်က စပိန်ကိုအရေးနိမ့်ပြီး ထွက်ခဲ့ရတဲ့ ပွဲအတွက် စတင် ဝေဖန်နေကြပြီပဲ ဖြစ်ပါတယ်။ ယူနိုက်တဒ် ရဲ့ တိုက်စစ်ပိုင်းမှာ မာစီရယ်/ရရှ်ဖိုဒ့် တို့ ဦးဆောင်ပါဝင်လာရင် ပြသနာမရှိပေမယ့် နှစ်ယောက်လုံးက ဒဏ်ရာ ပြသနာကိုယ်စီရှိနေကြပြီး လွဲချော်နိုင်ချေများနေပါတယ်။

မာစီရယ် ဟာ ကာလအတော်ကြာ ဒဏ်ရာကြောင့် ပျောက်ကွယ်နေသူ ဖြစ်ပြီး လာမယ့် မန်ချက်စတာဒါဘီမှာဆက်ပြီးလွဲချော်နေရင် တန်ဟဂ် အနေနဲ့တိုက်စစ်မှုးအသစ်တစ်ဦး အစားထိုးဖွယ်ရှိပါတယ်။လက်တလောမှာတော့ မာစီရယ် နဲ့ ရရှ်ဖိုဒ့် မပါဝင်နိုင်ရင် ရော်နယ်ဒို က ဦးဆောင်တိုက်စစ်မှုးအနေနဲ့ ပါဝင်လာမှာ ဖြစ်ပြီး ပေါ်တူဂီစတားရဲ့ခြေစွမ်းနဲ့ယုံကြည်မှုကျဆင်းမှုက အသင်းရဲ့ တိုက်စစ်အရှိန်ကိုရပ်တံ့မှုဖြစ်လာစေမှာကို ပရိတ်သတ်တွေက စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။