ဆာအဲလက်စ်အလွန် အတောင့်တင်းဆုံးလူစာရင်းနဲ့ မန်စီးတီးကို ရင်ဆိုင်မယ့် ယူနိုက်တဒ်

Posted on

မန်ယူနိုက်တဒ် ရဲ့ အင်္ဂလန်ဒါဘီ လို့ တင်စားကြတဲ့ လီဗာပူးလ်၊မန်ချက်စတာဒါဘီဖြစ်တဲ့ မန်စီးတီး နဲ့ ပွဲတွေမှာ လူအင်အားအတောင့်တင်းဆုံး၊နည်းစနစ်ပိုင်းအရအမြင့်မားဆုံး စွမ်းဆောင်ရည် ပေးစွမ်းနိုင်မယ့်အသင်းကို ပွဲထုတ်လာဖွယ် ရှိပါတယ်။ ယူနိုက်တဒ် အနေနဲ့ ဒီပွဲအတွက် တန်ဟဂ် ရဲ့ နည်းစနစ်ကို စီးဆင်းနိုင်ဖို့ ခက်ခဲနေပေမယ့် အိုလေ ရဲ့ ဂွာဒီယိုလာ ကို အနိုင့်ကျင့်ခဲ့တဲ့ နည်းဗျူဟာ တွေ က ကျန်ရစ်နေဆဲ ဖြစ်တာကြောင့် ခံစစ်အသေ နဲ့ ဖိအားမြှင့်တန်ပြန်တိုက်စစ် ကိုစာအသုံးပြုဖွယ်ရှိပါတယ်။ယူနိုက်တဒ် ရဲ့ လူစာရင်းဟာ ယခင်နှစ်တွေကထက်ပိုမိုတောင့်တင်းပြီး နည်းစနစ်ကြွယ်ဝမှုလည်း ရှိလာတာကြောင့် ဂွါဒီယိုလာအတွက် ခေါင်းကိုက်စေမယ့် ပွဲဖြစ်လာမှာတော့အသေချာပါပဲ။

(ဂိုး) ဒဟေးယား

တန်ဟဂ် အတွက် ဆွီပါကီပါလိုပေမယ့် ရှိတာနဲ့လှအောင်အရုပ်ချယ်ရတဲ့ဘဝမှာတော့ ဒဟေးယား က စားရမှာလည်းသဲတလျှပ်လျှပ် ပစ်ရမှာလည်း အဆီတဝင်းဝင်း ဖြစ်နေမှာတော့ အသေချာပါပဲ။လက်တလောမှာတော့ စပိန်သားကသာ ဆက်ပြီးပါဝင်လာနိုင်ပါတယ်။

(ခံစစ်)ဒါးလော့၊ဗာရန်း၊မာတီနက်ဇ်၊ရှော

မလာစီယာ ပါဝင်နိုင်ချေများပေမယ့် တန်ဟဂ် အတွက် ရှော ရဲ့ခြေစွမ်းကိုစမ်းသပ်လိုရင် အကောင်းဆုံး ပွဲဖြစ်သလို အင်္ဂလန်မှာဂိုးသွင်းပြီးပြန်လာတဲ့ ရှော က စိတ်ပိုင်းဆိုင်ရာလည်း အမြင့်ဆုံးမှာ ရှိနေပါလိမ့်မယ်။ယူနိုက်တဒ် ခံစစ်တန်းကတော့ ဒါးလော့၊ဗာရန်း၊မာတီနက်ဇ် အတွဲကို ဖယ်ထုတ်မှာ မဟုတ်ပဲ အထိုင်အတွဲအဖြစ် အသုံးပြုလာဖွယ်ရှိပါတယ်။

(ကွင်းလယ် ) တော်မနေး၊အဲရခ်ဆင်

ဒီပွဲရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံးနေရာက ကွင်းလယ်ပဲ ဖြစ်ပါတယ်။ ကတ်စမဲရိုး လို ကမ္ဘာ့အကောင်းဆုံး DM ရှိသလို လက်တလောခြေစွမ်းအရ အမြင့်ဆုံးရောက်နေတဲ့ တော်မနေး လည်း ရှိတာကြောင့် ရွေးချယ်ရခက်နိုင်ပါတယ်။In Form ဖြစ်နေတဲ့ တော်မနေး ကို အဲရခ်ဆင် နဲ့ တွဲမလား ဒါမှမဟုတ် shut down ချဖို့ တော်မနေး+ကတ်စမဲရိုး သုံးမလားဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။

(ကွင်းလယ်တိုက်စစ် )ဘရူနိုဖာနန်ဒက်စ်

ဘရူနို ရဲ့ နောက်ပိုင်းကစားပုံတက်မှုက အားရစရာ ကောင်းပြီး ဒီပွဲမှာ ဒီဘရိုင်း နဲ့ အဓိက အားပြိုင်ရမယ့် ပေါ်တူဂီသားရဲ့ခြေစွမ်းကစောင့်ကြည့် ချင်စရာကောင်းပါတယ်။ဘရူနိုက ယခုနောက်ပိုင်းမှာ သွင်းဂိုးနဲ့ဖန်တီးမှုတွေတင်မက အသင်းလိုက်ရွေ့လျားပုံနဲ့ ကစားကွက်ဖန်တီးမှုပါ ပိုမို ပါဝင်လာတာကြောင့် အသင်းနဲ့ပိုပြီးလိုက်လျောညီထွေရှိလာပါတယ်။

(တိုက်စစ်) အန်တိုနီ၊ရရှ်ဖိုဒ့်၊ဆန်ချို

ရရှ်ဖိုဒ့် နဲ့ မာစီရယ် ကို လေ့ကျင့်ရေးမှာ ပြန်လည်မြင်တွေ့ခဲ့ရလို့ တန်ဟဂ် အတွက် စိတ်အေးရပါပြီ။သို့သော်လည်း ကာလရှည်ကြာဒဏ်ရာရထားတဲ့ မာစီရယ် ကို ချက်ချင်းအသုံးပြုတာထက် ရရှ်ဖိုဒ့်ကိုသာ ပွဲထုတ်လာဖွယ်ရှိပြီး အန်တိုနီ (ညာ) နဲ့ ဆန်ချို (ဘယ်) ဝန်းရံလာနိုင်ပါတယ်။ရော်နယ်ဒို ကိုတော့ အရံအဖြစ်သာမြင်တွေ့ရဖွယ်များပါတယ်။