(၂၄)နာရီးအတွင်း ကစားသမား(၂)ဦးကို ခေါ်ယူပြီး အပြောင်းရွှေ့မှာ ပတ်ကြမ်းနေတဲ့ ယူနိုက်တက်

Posted on

မန်ယူနိုက်တဒ်အသင်းဟာ အိုင်းယက်စ် တောင်ပံကစားသမား အန်တိုနီ ကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ယနေ့ တရားဝင်ကြေငြာတော့မှာပဲ ဖြစ်ပါတယ်။ဘရာဇီးလ်သားဟာ ယမန်နေ့က ဆေးစစ်ရန် အသင်းထံလာရောက်ခဲ့ပြီး အောင်မြင်စွာပြီးဆုံးခဲ့တဲ့နောက် ယနေ့ကြေငြာမှုကိုပြုလုပ်မှာဖြစ်ပါတယ်။အန်တိုနီ အနေနဲ့ ယူနိုက်တဒ် ကို ပြောင်းရွှေ့ခွင့်ရရန် အတော်လေးအားစိုက်ကြိုးပမ်းခဲ့ရသလို တဖက်မှာလည်း သူဟာ ဆရာဟောင်းနဲ့ ပေါင်းစပ်ပြီးအောင်မြင်မှုအသီးပွင့်တွေများစွာဆွတ်ခူးနိုင်ဖို့ ကြိုးစားနေသူလည်းဖြစ်ပါတယ်။

အန်တိုနီ က အိုင်းယက်စ် အသင်းထံ တန်ဟဂ် ရဲ့ ခေါ်ယူမှု နဲ့ ဆာအိုပေါ်လို ကနေ ၂၀၂၀ မှာ ရောက်ရှိလာသူဖြစ်ပြီး အသင်းရဲ့ ညာတောင်ပံတိုက်စစ်ကစားသမား ဟာကိးမ်ဇီယချ် နေရာကို တိုက်ရိုက်ဖြည့်တင်းခဲ့သူလည်းဖြစ်ပါတယ်။ဘရာဇီးလ်သားပီသတဲ့ အလိမ်ခေါက်ကျွမ်းကျင်မှု ရှိပြီး နည်းစနစ်ပိုင်းကြေညပ်သူဖြစ်တဲ့အပြင် တန်ဟဂ် ရဲ့ စိတ်တိုင်းကျပြုပြင်ထားတဲ့ ကစားသမားဖြစ်တာကြောင့်လည်း ယူရိုသန်း(၁၀၀) အထိ ပေးချေကာ ယူနိုက်တဒ်က ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။

တန်ဟဂ် ရဲ့ ညာခြမ်းဟာ ဘယ်ခြေသုံး တောင်ပံကစားသမားတွေကိုသာ အသုံးပြုလေ့ရှိပြီး ဂွာဒီယိုလာ ရဲ့မာရက်ဇ်၊ကလောပ့် ရဲ့ ဆာလာ နဲ့ ကွန်တီ ရဲ့ ကလူဗက်စကီး တို့နည်းတူ အန်တိုနီ ဟာလည်း ယူနိုက်တဒ် ရဲ့ ညာခြမ်းမှာအသုံးပြုမယ့် ဘယ်ခြေသုံးကစားသမားဖြစ်လာပါလိမ့်မယ်။

အန်တိုနီ က ညာခြမ်းမှာ ကစားတဲ့အခါ အတွင်းကို ချိုးဝင်ပြီး ဂိုးသွင်းဖို့ကြိုးစားနိုင်သလို တောင်ပံအစွန်ကို ခွဲထုတ်ပြီး ကွင်းလယ်တိုက်စစ်(ဇုံ၁၄)ကို နေရာလွတ်တွေ ရရှိစေဖို့ ကူညီနိုင်ပါတယ်။ အန်တိုနီ ဟာ တန်ဟဂ် အတွက် နည်းဗျူဟာပိုင်းအရ ကြီးမားတဲ့ အကျိုးရရှိစေမှာဖြစ်သလို တစ်ဦးချင်းစွမ်းဆောင်ရည်အရလည်း အသင်းကိုအကျိုးရှိစေမှာအသေချာပါပဲ။

ယူနိုက်တက်ဟာ အန်တိုနီကို ခေါ်ယူပြီး (၂၄)နာရီမပြည့်ခင်မှာပဲ နောက်ထပ် ကစားသမားတဦးကို ထပ်မံခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြန်ပါတယ်။ယူနိုက်တက်အသင်း ထပ်မံခေါ်ယူခဲ့တဲ့ ကစားသမားကတော့ နယူးကာဆယ်အသင်းရဲ့ ဂိုးသမားဖြစ်သူ မာတင် ဒူဘရက်ကာ ဖြစ်ပါတယ်။

၎င်းဂိုးသမားကိုတော့ လက်ရှိ ဒီဂီယာနဲ့ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်ဖို့အတွက် ရည်ရွယ်ချက်ဖြင့် ခေါ်ယူခဲ့တာလို့ ဆိုပါတယ်။အသက်(၃၃)နှစ်အရွယ် ဂိုးသမား မာတင်ကို ၅သန်း နဲ့ တစ်ရာသီအငှားဖြင့် ကနဦးခေါ်ယူခဲ့ပြီး၊ အပြီးသတ်ခေါ်ယူခွင့်ပါ စာချုပ် ချုပ်ဆိုခဲ့တာပါ။ ဈေးကွက်ပိတ်သိမ်းခါနီးအထိ ယူနိုက်တက်အသင်းရဲ့ အပြောင်းရွှေ့လှုပ်ရှားမှုတွေကတော့ သရဲနီပရိသတ်တွေအတွက် အားရကျေနပ်စရာဖြစ်စေမှာ အသေအချာပါပဲ။