ရော်နယ်ဒို ယူနိုက်တက်မှာ ပျော်ရွှင်ခြင်း ရှိ ၊ မရှိကို အတည်ပြပေးလိုက်တဲ့ အဲရခ်တန်ဟဂ်

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ Omonion အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမတိုင်ခင် ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း ရော်နယ်ဒို ဟာ အသင်းမှာ မပျော်ရွှင်ဘူးဆိုတဲ့ သတင်းတွေအပေါ် တန်ဟဂ် က အတည်ပြု ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒို က မန်စီးတီး ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲမှာ မိနစ်(၉၀)လုံးအရံအဖြစ်သာ ရှိနေခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ပျံ့လာခဲ့ပါတယ်။တန်ဟဂ် ကတော့ ရော်နယ်ဒို ဟာ ပွဲမကစားရရင်မပျော်ရွှင်တာ မှန်ကန်ကြောင်း ပြောဆိုခဲ့ပြီး သူ့အနေနဲ့ ဒါဘီပွဲမှာ ဂိုးပြတ်အရေးနိမ့်နေတာကြောင့် ရော်နယ်ဒို ရဲ့ပုံရိပ်ကို ငဲ့ကွက်ကာ ထုတ်မသုံးခဲ့တာ ဖြစ်တယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။

တန်ဟဂ် က “သူထွက်မယ်ဆိုတဲ့အမူယာမျိုးတော့ ကျွန်တော်မမြင်ပါဘူး၊ကျွန်တော့်အနေနဲ့ ခရစ်တီယာနို ကို (၄-ဝ/၅-၁/၆-၁) နဲ့ ရှုံးနိမ့်နေတဲ့ အနေထားတစ်ရပ်မှာ ထည့်သွင်းလိုခြင်းမရှိပါဘူး။ဒါက သူ့ရဲ့ ကြီးမားတဲ့ပုံရိပ်ကို ထိန်းသိမ်းလိုက်တာ နောက်လာမယ့်ကိစ္စတွေ ဒါမှမဟုတ် ဇန်နဝါရီ နွေရာသီအပြောင်းရွှေ့တွေ နဲ့ ဆက်စပ်တာမျိုးမရှိပါဘူး။သူ့ကို လေ့ကျင့်ခန်းမှာ ကျွန်တော်မြင်မိသလောက်တော့ သူမပျော်မရွှင် ဖြစ်နေတာမျိုး မတွေ့ရပါဘူး၊သူပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဆော့ကစားနေသလို အာရုံစိုက်မှုအပြည့်နဲ့ လေ့ကျင့်ခန်းဆင်းနေတာပါ။ခရစ်တီယာနို အပြင် အခြားကစားသမားအားလုံးလည်း လာမယ့်ပွဲအားလုံးအတွက် အာရုံစိုက်အပြည့်နဲ့ လေ့ကျင့်လျက်ရှိပါတယ်”လို့ဆိုပါတယ်။

ရော်နယ်ဒို နဲ့ ဆက်စပ်ပြီး တန်ဟဂ် က ” သူ့အနေနဲ့ ဒါဘီပွဲမကစားရလို့ ဒေါသထွက်တာ၊မပျော်ရွှင်တာ ဒါတွေတော့ရှိပါတယ်။ဒါပေမယ့် မေးခွန်းကို ဆက်စပ်ပြီးဖြေရရင် လက်ရှိလေ့ကျင့်ခန်းမှာ သူက ပျော်ရွှင်နေသလို အသင်းဖော်တွေနဲ့လည်းဆက်ဆံရေးကောင်းရှိပါတယ်။ဒါပေမယ့် အရိုးသားဆုံးပြောရရင် ခရစ်တီယာနို လို ကစားသမားအနေနဲ့ အရေးကြီးပွဲတစ်ပွဲကို မကစားရတဲ့အခါ ပေါက်ကွဲတာတွေတော့ ရှိမှာပါပဲ။”

” ကျွန်တော့်အနေနဲ့ ကစားသမားတိုင်းအပေါ်မှာလေးစားမှုအပြည့်နဲ့ ပဲ ဆက်ဆံပါတယ် ဒါပေမယ့် သူတို့အားလုံးကမတူညီတဲ့ ဘဝနောက်ခံတွေရှိကြသလို သူတို့မှာ ကွဲပြားတဲ့ အမူအကျင့်တွေရှိပါတယ် ဒါကြောင့် ဒီလို ကစားသမားတွေထံကနေ အကောင်းဆုံးညှစ်ထုတ်နိုင်ဖို့ဆိုရင် မတူညီတဲ့နည်းလမ်းတွေ အသုံးပြုရတာပဲမဟုတ်လား။ကျွန်တော့်အသင်းမှာတော့ ယေဘူယျအားဖြင့် ဘုံတူညီချက် နဲ့အခြေခံစည်းမျဉ်းတွေရှိပြီး ဒါကမည်သူမဆို လိုက်နာရမယ့်အချက်တွေပဲ ဖြစ်ပါတယ်” လို့ဆိုပါတယ်။