အာဆင်နယ်အသင်းကို အသာရဖို့ အဲရခ်တန်ဟဂ် ကိုင်တွယ်ဖြေရှင်းရမယ့် အချက် (၃)ချက်

Posted on

အာဆင်နယ် နဲ့ မန်ယူနိုက်တဒ် တို့ရဲ့ ခေတ်ဟောင်းမှာကျန်ရစ်ခဲ့တဲ့ ဒါဘီပွဲဟာ ယခုရာသီမှာတော့ နောက်တစ်ဖန်ပြန်ပြီး အသက်င်ဝင်လာဖွယ် ရှိပါတယ်။ အထူးသဖြင့် အာဆင်နယ် အသင်းဟာ form တစ်ခုထဲမှာ ရှိနေသလို တဖက်မှာလည်း မန်ယူနိုက်တဒ် အသင်းဟာ နောက်ဆုံးသုံးပွဲဆက်နိုင်ပွဲရလာပြီး ပုံစံကောင်းပြသထားတာကြောင့် တခေတ်တချိန် က ကျွန်တော်တို့မျှော်လင့်စောင့်စားခဲ့ရတဲ့ ပွဲကြီးပွဲကောင်းမျိူး ဖြစ်ပေါ်လာဖို့ မျှော်လင့်ရပါတယ်။

အာဆင်နယ် အသင်းဟာ ရှေ့လယ်နောက် ညီနေသလို အာတီတာ စိတ်တိုင်းကျဖန်တီးပုံဖော်ထားတဲ့ အသင်းဖြစ်တာကြောင့်လည်း တန်ဟဂ် အတွက် နိုင်ပွဲဆက်နေချိန်မှာ ကြီးမားတဲ့ စမ်းသပ်မှုဖြစ်လာနိုင်ပြီး အောင်မြင်စွာကျော်လွှားနိုင်ဖို့ တော့ လိုပါတယ်။

အာဆင်နယ် ရဲ့ နံပတ်တစ် အဓိက သတိထားရမယ့်အချက်က ဂျေဇူး ဖြစ်ပြီး မန်စီးတီး တိုက်စစ်မှုးဟောင်း ဟာ ဘောလုံးစွမ်းရည်ပြည့်ဝပြီး ပါးရည်နပ်ရည် ရှိတာကြောင့် အချိန်မရွေး ဒုက္ခပေးနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ အာဆင်နယ် ဟာ ဂျေဇူး ရဲ့ ရွေ့လျားမှုတွေအပေါ်မူတည်ပြီး အခင်းအကျင်းကို ပြုလွယ်ပြင်လွယ်ဖြစ်အောင် ဖန်တီးထားတာကြောင့် အာတီတာ ရဲ့ နည်းစနစ်ကို ဟန့်တားဖို့ဆိုရင် ပထမဆုံး ဂျေဇူး ရဲ့ အရွေ့တွေနဲ့ ဘောလုံးမရှိချိန် လှုပ်ရှားပုံတွေကို ဂရုစိုက်ဖို့လိုပါလိမ့်မယ်။

ဒုတိယအချက်ကတော့ ကွင်းလယ်တိုက်စစ်က အိုဒီဂတ် ရဲ့ ဘောလုံးဖြန့်ဝေနိုင်စွမ်း နဲ့ အတိုးလှုပ်ပဲ ဖြစ်ပါတယ်။ အာဆင်နယ် ကပ္ပတိန်ရာထူးကို (၂၃)နှစ်နဲ့ လက်ခံထားတဲ့ နော်ဝေးလ်သားက ဒီရာသီမှာ ခြေစွမ်းပြနေပြီး အာဆင်နယ် ရဲ့ပင်မအသက်သွေးကြောလို့ဆိုနိုင်ပါတယ်။

အိုဒီဂတ် အတွက် ဒီပွဲမှာ ကတ်စမဲရိုး ပါဝင်လာရင် တစ်ယောက်ချင်း ရင်ဆိုင်ရာမှာ သေချယပေါက်အခက်တွေ့နိုင်ပေမယ့် ကတ်စမဲရိုး နဲ့ ယူနိုက်တဒ် ကစားသမားတွေကြားနားလည်မှု ပြည့်ဝနေဖို့တော့လိုပါတယ်။တတိယအချက်ကတော့ အာဆင်နယ် ရဲ့ တည်ကန်ဘောအသုံးချနိုင်စွမ်းပဲ ဖြစ်ပါတယ်။

အာဆင်နယ် ဟာ ယခုနောက်ပိုင်းမှာ တည်ကန်ဘောတွေကို ကောင်းစွာအသုံးချနိုင်တဲ့ အသင်းဖြစ်လာပြီး အထူးသဖြင့် ထောင့်ကန်ဘောတွေကို ဂရုစိုက်ဖို့လိုပါတယ်။ယူနိုက်တဒ် အနေနဲ့ ဒီပွဲကိုအနိုင်ယူဖို့ဆိုရင် ဂျေဇူး နဲ့ အိုဒီဂတ်အပြင် တည်ကန်ဘောတွေကို ဂရုပြုဖို့လိုပြီး တဖက်မှာတော့ တန်ဟဂ် ရဲ့ လူစာရင်းအရ form သာ မိရင် အာတီတာ ကို အိမ်မက်ဆိုးတွေပေးနိုင်တဲ့ အခြေအနေမှာ ရှိနေလို့ ပွဲကောင်းတစ်ပွဲဖြစ်လာမှာတော့ အသေချာပါပဲ။