လွှတ်တော်အမတ် ဦးဘိုဘိုဦး

အာဏာသိမ်းခဲ့ခြင်းရဲ့ နောက်ကွယ်ကအကြောင်းအရင်း

Posted on

၂၀၂၁ ဖေဖဝါရီလ တစ်ရက်နေ့မတိုင်ခင် သုံးရက်အလိုက စစ်ကောင်စီ အကြီးအကဲမင်းအောင်လှိုင်မှ ကိုယ်စားလှယ်လွှတ်ကာ သမ္မတ ရာထူးပေးဖို့လာရောက်တောင်းဆိုသည်ကို NLDရဲ့ငြင်းဆိုမှုကိုခံခံရသဖြင့်အာဏာသိမ်းခဲ့ရခြင်းဖြစ်ကြောင်း လွှတ်တော်အမတ် ဦးဘိုဘိုဦး ဒလမြို့နယ်မဲဆန္ဒ နယ်အမှတ် ၂ ရွေးချယ်ခံကိုယ်စားလှယ်မှမဲခေါင်သတင်းဌာနနှင့် အင်တာဗျူးတွင်ပြောကြားလိုက်သည်။

လွှတ်တော်အမတ် ဦးဘိုဘိုဦး

စစ်တပ်ကဘာ့ကြောင့်အာဏာသိမ်းလိုက်တာလဲဆိုတာ ကြည့်လိုက်တော့လဲ စစ်တပ်ကိုဦးဆောင်နေတဲ့ စစ်ကောင်စီဥက္ကဌရဲ့ အာဏာရူးသွပ်မှုတစ်ခုထဲကြောင့်သာလျှင် ဖြစ်တယ်ဗျ။ သူကသမ္မတပေးပါဆိုပြီးတော့ ဒီဖေဖော်ဝါရီ၁ရက်နေ့မတိုင်ခင် ၃ရက်အလိုမှာ လာတောင်းတာလေ။ သမ္မတသူ့ကိုခန့်ပါတဲ့။ သမ္မတခန့်ပေးပါတဲ့ မခန့်ပေးဘူး မခန့်နိုင်ဘူး သဘောမတူတော့ဘူးဆိုမှ ဟိုဟာပြော ဒီဟာပြော။ ဒီဟာပြော ဟိုဟာပြောနဲ့ ဖြစ်လာတာဗျ။ အဲ့လိုအနေအထားတွေရှိတယ်။ သူတစ်ဦးရဲ့ အာဏာရူးသွပ်မှုနဲ့ ကျွန်တော်တို့တိုင်းပြည်က ရေစုန်မျောနေရတာကို စိတ်မကောင်းဖြစ်နေရတာပေါ့ဗျာ။ သူ့နောက်ကိုမလိုက်သင့်ဘူးဗျာ။ သူ့တပ်ကလူတွေကလဲလေ မျက်လုံးစုံမှိတ်ပြီးမလိုက်သင့်ဘူးဗျာ။

လွှတ်တော်အမတ် ဦးဘိုဘိုဦး

ဦးဘိုဘိုဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ထွေထွေရွေးကောက်ပွဲတွင် ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂ ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံပွဲအား NLD တက်ရောက်ခဲ့ပါသေးတယ်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် မဲအပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း မဲမသမာမှုများ ရှိသည်ဟုဆိုကာ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင် အားလုံးနီးပါး ကို ဖမ်းဆီးတရားစွဲထားသည့်အပြင် ပါတီကိုလည်း ဖျက်သိမ်းရန် ကြိုးပမ်းလျက်ရှိသည်။

Getty Images

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ အနိုင်ရ NLD ပါတီအား ဖျက်သိမ်းရန် ကြိုးပမ်းနေသော်လည်း တရုတ်နိုင်ငံ အနေဖြင့် NLD ဖျက်သိမ်းရေး မလိုလားကြောင်း ဩဂုတ်လ ၁၂ ရက်က စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းက ပြောခဲ့ကြောင်း သိရသည်။

Getty Images

စကစအကြီးအကဲမင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့် အပြစ်မဲ့ပြည်သူ၁၀၆၂ဦးသေဆုံးပြီး ၇၀၀၀ကျော်ဖမ်းဆီးခံနေရဆဲ ဖြစ်ကြောင်း နိင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေကော်မတီ AAPP မှထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *