ကတ်စမဲရိုး ယူပေးခဲ့တဲ့ စတန်းဖို့ဘရစ်ချ်က အဖိုးတန် (၁)မှတ် (ပွဲပြီး သုံးသပ်ချက်)

Posted on

ယူနိုက်တဒ် ရဲ့အခင်းအကျင်းက မျှော်လင့်ထားတဲ့အတိုင်းပဲ တသွေမတိမ်း ပွဲထုတ်ခဲ့ပြီး အဲရခ်ဆင် က ဖရဒ် အစား ပါဝင်လာတာကလွဲရင် အပြောင်းလဲမရှိခဲ့ပါဘူး။ဒီအတွက်လည်း ယူနိုာက်တဒ် ကစားသမားအများစုဟာ ပွဲပန်းမှု ဝေဒနာကို ရင်ဆိုင်ခဲ့ရပြီး တန်ဟဂ် တစ်ယောက် ပရီးမီးယားလိဂ်မှာ အတွေ့ကြုံရဖို့ များစွာလိုနေသေးတာကို မီးမောင်းထိုးပြခဲ့တဲ့ ပွဲဖြစ်ခဲ့ပါတယ်။အထူးသဖြင့် ပရီးမီးယားလိဂ် ဟာ နယ်သာလန်လို ပွဲတိုင်းဒီလူစာရင်းပဲ ကစားလို့မရတဲ့ လိဂ်ဖြစ်ပြီး ပိုမိုကြမ်းတမ်းသလို ပွဲဆက်များတဲ့ဒဏ်ကိုလည်း ခံရနိုင်တာကို သတိပြုဖို့ အချက်ပေးခေါင်းလောင်းထိုးခဲ့သလို ယူနိုက်တဒ် ကစားသမားအများစုကို တစ်ပွဲနိုင်ရုံနဲ့ မယုံကြည်သင့်ကြောင်း ခေါင်းလောင်းထိုးခဲ့တဲ့ ပွဲလည်းဖြစ်ပါတယ်။

ယူနိုက်တဒ် ရဲ့ ပထမပိုင်း ကစားပုံက ပြီးပြည့်စုံခဲ့သလို ချဲလ်ဆီး ကို နည်းဗျူဟာပိုင်းအရ အသာစီးရယူနိုင်ခဲ့ပေမယ့် လေးကွေးတဲ့ ကစားသမားတချိူ့ က အသင်းရဲ့တန်ပို ကို ကျစေခဲ့ပါတယ်။ အဲရခ်ဆင် နဲ့ ဘရူနို ကို တွဲပြီး အသုံးပြုတာက အလုပ်မဖြစ်သလို ရရှ်ဖိုဒ့် ကိုလည်း အထောင်တိုက်စစ်မှာအသုံးပြုတာက မှားယွင်းနေကြောင်း စတန်းဖိုဒ့်ဘရချ့် မှာ တန်ဟဂ် သိဖို့ လိုပါပြီ။ ဆန်ချို က ယုံကြည်ဖို့ခက်ခဲနေသူ ဖြစ်ပြီး သူဟာ အချိန်တစ်ခုယူကာ လေ့ကျင့်သင့်တဲ့ ကစားသမား ဆိုတာ ဂရုပြုဖို့လည်းလိုပါပြီ။ နည်းဗျူဟာပိုင်းအရတော့ ချဲလ်ဆီး ဟာ ပွဲကစားချိန် အများစုကို ခံစစ်အနေထားနဲ့သာ ကစားခဲ့ရပြီး တန်ပြန်တိုက်စစ်သာချောင်းကစားနေရသလို ယူနိုက်တဒ် ကွင်းလယ် နဲ့ ခံစစ် ကလည်း အလွတ်မပေးလို့ အတော်လေး ခက်ခဲတဲ့ စတင်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ယူနိုက်တဒ် အတွက် ပွဲအစပိုင်းမှာတင် အန်တိုနီ ရဲ့ ကန်ချက်က ဂိုးဝင်နိုင်ပေမယ့် ကီပါ ကောင်းခဲ့သလို ရရှ်ဖိုဒ့် သယ အွန်နရီ ပြောသလို ဉာဏ်သုံးခဲ့ရင် ဦးဆောင်ဂိုးကို စမြင်ရနိုင်ပါတယ်။ ယူနိုက်တဒ် ဘယ်ခြမ်း က ဆန်ချို-ရှော အတွဲ ချိတ်ဆက်မှု ပျောက်နေတာက ချဲလ်ဆီး တောင်ပံတိုက်စစ်ကို ရံဖန်ရံခါ မြင်ရသယောင် ရှိပေမယ့် ညာခြမ်းက အန်တိုနီ-ဒါးလော့ ကြောင့် ပေါ်တာ အနေနဲ့ တိုက်စစ် ဆင်ချိန်တွေမှာအပြည့်အဝ တိုက်စစ်ဆင်ကစားနိုင်စွမ်းမရှိတာ ကို မြင်တွေ့ခဲ့ရပါတယ်။ ယူနိုက်တဒ်ဖက်မှာလည်း အဲရခ်ဆင် ကို လူစားလဲနောက်ကျတာ၊ ဆန်ချို နေရာ ဖရဒ် ဝင်ကစားတဲ့အချိန် ဘရူနို ကို ဘယ်ပို့ပြီး ရရှ်ဖိုဒ့် ကို အထောင်မှာဆက်ထားကာ နည်းစနစ်ပိုင်းမှားယွင်းခဲ့တာ နဲ့ (၇၉)မိနစ်မှ လူစားလဲတာတွေက အားနည်းချက် ဖြစ်ခဲ့လို့ ချဲလ်ဆီး တို့ ကံကောင်းသွားတာပဲ ဖြစ်ပါတယ်။

တဖက်မှာလည်း ကစားသမားအများစုက ပွဲပန်းနေလို့ ကစားအားကျနေတာကို သိသာစွာမြင်ခဲ့ရပြီး ကြားရက် ယူရိုပါလိဂ် မှာတော့ ကြီးမားတဲ့အပြောင်းလဲတွေနဲ့အတူ ကစားသမားအများစု ကို အနားပေးဖို့လိုပါတယ်။စတန်းဖိုဒ့်ဘရချ့် မှာ အန်တိုနီ ခြေစွာခဲ့သလို ကတ်စမဲရိုး ရဲ့ ကွင်းလယ်ထိန်းချုပ်နိုင်စွမ်း၊ဖြန့်ဝေနိုင်မှု နဲ့ ချေပဂိုးရရှိမှုက ဒီနေ့ပွဲရဲ့ MOTM နဲ့ ထိုက်တန်တဲ့ ခြေစွမ်းဖြစ်သလို ချဲလ်ဆီးရဲ့တောင်ပံ တိုက်စစ်ကို ဟန့်တားရာမှာ အခရာကျတဲ့ ဒါးလော့ ကိုလည်း မေ့လျော့ထားလို့မရပါဘူး။

ချယ်ဆီးအတွက် သွင်းဂိုးကိုတော့ တော်မီနေးရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကနေ ဂျူနင်ဟိုက ပင်နယ်တီက တဆင့်သွင်းယူခဲ့တာဖြစ်ပြီး မန်ယူနိုက်တက် ချေပဂိုးကိုတော့ အချိန်ပိုမိနစ်မှာ ကွင်းလယ်လူ ကတ်စီမဲရိုးက သွင်းယူခဲ့တာဖြစ်ပါတယ်။ဒီပွဲဟာ တန်ဟဂ် အတွက် ပွဲပန်းမှုဒဏ်ကို ပထမဆုံး ကြုံတွေ့ရတဲ့ ပွဲဖြစ်ပြီး လာမယ့် ဒီဇင်ဘာမတိုင်ခင် ကမ္ဘာ့ဖလားကြောင့် ဒဏ်ရာမရလိုတဲ့ ကစားသမားတွေနဲ့ ပွဲဆက်များတဲ့ပြသနာကြား ဘယ်လိုအဖြေရှာမလည်းဆိုတာကို အဖြေညှိယူဖို့တော့ လိုနေပြီပဲ ဖြစ်ပါတယ်။