ဘရာဇီးလက်ရွေးစင်အသင်းအတွက် လူရွေးချယ်မှုမှာ အာဆင်နယ်ကို အပြတ်အသတ်အသာရထားတဲ့ ယူနိုက်တက်

Posted on

ဘရာဇီးလက်ရွေးစင်အသင်းအတွက် လူရွေးချယ်မှုမှာ အာဆင်နယ်ကို အပြတ်အသတ်အသာရထားတဲ့ ယူနိုက်တက်

ယနေ့မနက် အစောပိုင်းမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းဟာ ၎င်းတို့ရဲ့ လက်ရွေးစင်လူစာရင်းကို ကြေညာခဲ့ပါတယ်။ဘရာဇီးလက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲစဉ်(၂)ပွဲ ကစားသွားမှာပါ။

ယခုလထဲမှာပဲ ဘရာဇီးအသင်းအနေနဲ့ ခြေစမ်းပွဲစဉ်တွေအဖြစ် ဂါနာ၊ တူနီးရှား လက်ရွေးစင်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ယနေ့အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ဘရာဇီးအသင်းရဲ့ လူစာရင်းမှာတော့ ယူနိုက်တက်ကစားသမား(၄)ဦးအထိ ပါဝင်လာခဲ့ပါတယ်။

ယူနိုက်တက်က နောက်ဆုံးခေါ်ယူခဲ့တဲ့ တောင်ပံကစားသမား အန်တိုနီဟာ ဘရာဇီးလက်ရွေးစင်လူစာရင်းမှာ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။အန်တိုနီအနေနဲ့ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ပထမဆုံး ပွဲထွက်လာခဲ့သလို၊ ပွဲဦးထွက် သွင်းဂိုးကိုလည်း သွင်းယူနိုင်ခဲ့တာပါ။

ယူနိုက်တက်ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ ကတ်စမဲရိုးနဲ့ ဖရဒ်အတွဲအဖက်ကလည်း ဘရာဇီးလက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ကစ္စမဲရိုးအနေနဲ့ လက်ရှိအချိန်မှာ နည်းပြကြီး အဲရစ်တန်ဟန့်ရဲ့ ယူနိုက်တက်မှာ အံဝင်ခွင်ကျဖြစ်ဖို့ အကောင်းဆုံး ကြိုးစားနေလျက် ရှိပါတယ်။

ဖရက်ဒ်အနေနဲ့ လက်ရှိရာသီမှာ အနည်းငယ် ရုန်းကန်နေရတာပါ။ဘရာဇီးအသင်းရဲ့ လူစာရင်းမှာ ပါဝင်လာတဲ့  နောက်ထပ်ယူနိုက်တက်ကစားသမားကတော့ ဆီဗီလားအသင်းသို့ တစ်ရာသီအငှားဖြင့် ထွက်ခွါသွားနေတဲ့ အဲလက်စ်တဲလက် ဖြစ်ပါတယ်။

တဖက်မှာတော့ အာဆင်နယ်အသင်းမှာ ပုံစံကောင်းပြသနေတဲ့ ဘရာဇီးသားတွေကတော့ လက်ရွေးစင်အသင်း လူစာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။အာဆင်နယ်အတွက် ခြေစွမ်းပြနေတဲ့ ဂျီးဆပ် ၊ ဂါဘရီယယ်နဲ့ မာတင်နယ်လီတို့လည်း မပါဝင်ခဲ့ဘဲ ဘရာဇီးနည်းပြကြီး တီထီရဲ့ ရွေးချယ်မှုက အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။