တန်ဟဂ်ကိုသာ ယုံကြည်ပေးပြီး ခေါ်ယူခဲ့ရင် အသင်းအတွက် ရှယ်ကြမ်းမယ့် တိုက်စစ်မှုး(၂)ယောက်

Posted on

ယူနိုက်တဒ် အနေနဲ့ တန်ဟဂ် စိတ်တိုင်းကျ တိုက်စစ်မှုးနှစ်ယောက်ထဲက တစ်ယောက်ကို အရယူခေါ်ယူပေးနိုင်ရင် ယခုထက်ပိုကောင်းတဲ့ ပြောင်းလဲမှုတွေကိုမြင်တွေ့ရမှာသေချာပါတယ်။ယူနိုက်တဒ် ရဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲမှာ တန်ဟဂ် ရဲ့ ကစားသမား ခေါ်ယူမှုက အဓိက ကျ ပါတယ်။

အသင်းမှာ ကင်ဆာလို အမြစ်တွယ်နေတဲ့ လူပိုတွေကို တခနအတွင်းရှင်းထုတ်နိုင်ခဲ့သလို နည်းပြရဲ့အမိန့်ကိုတသွေမတိမ်းလိုက်နာပြီး အသင်းရဲ့အမှတ်တံဆိပ်အတွက် ကစားပေးမယ့် ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာက ယူနိုက်တဒ် ပြောင်းလဲခြင်းရဲ့ ကနဦးခြေလှမ်းဖြစ်သလို တန်ဟဂ် အတွက်လည်း အကြီးမားဆုံးစိန်ခေါ်မှုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တန်ဟဂ် အနေနဲ့ ရှေ့နည်းပြတွေ လိုပဲ လိုတာမရ/ရတာမလို တွေ ဖြစ်ပြိး အပြောင်းရွှေ့ဈေးကွက်မှာတင် ဘုတ်အဖွဲ့နဲ့ ပြသနာများတာမျိုး ဖြစ်မှာကို စိုးရိမ်ခဲ့ကြသူတွေ အတွက် ရင်အေးစေခဲ့တယ်လို့ဆိုနိုင်ပါတယ်။

ယူနိုက်တဒ် အနေနဲ့ တန်ဟဂ် ရဲ့ ခေါ်ယူမှုတွေ ဖြစ်တဲ့ အဲရခ်ဆင်၊မလာစီယာ၊မာတီနက်ဇ်၊အန်တိုနီ တို့အပြောင်းရွှေ့တွေမှာ ကန့်ကွက်ခြင်း မရှိပေမယ့် ဖရန်ကီဒီဂျောင် ကို မခေါ်ယူနိုင်တာကြောင့် ကတ်စမဲရိုး လို ကမ္ဘာ့နံပတ်(၁) DM ကို ပြောင်းလဲခေါ်ယူခဲ့တာက နည်းပြကို ရာနှုန်းပြည့်ထောက်ခံထားကြောင်းပြသလိုက်တာပဲဖြစ်ပါတယ်။

သိူ့သော်လည်း တိုက်စစ်ပိုင်းမှာတော့ တန်ဟဂ် အလိုရှိခဲ့တဲ့ အန်နာတိုဗစ် နဲ့ ကော်ဒီဂတ်ပို တို့ကို ခေါ်ယူနိုင်ခြင်း မရှိတာက လက်ရှိစွမ်းဆောင်ရည်တွေအရ အသင်းအနေနဲ့ လိုအပ်ချက်ရှိခဲ့တယ်လို့ ထောက်ပြဝေဖန်လို့ရပါတယ်။ လက်ရှိမှာ အသက်(၃၃)နှစ်ရှိပြီဖြစ်တဲ့ ဝက်စ်ဟမ်း တိုက်စစ်မှုးဟောင်း အန်နာတိုဗစ် က ဆီးရီးအေ မှာ (၆)ပွဲကစား (၆)ဂိုးသွင်းယူကာ သူ့အပေါ် သံသယရှိသူတွေကို ချေဖျတ်ထားနိုင်ပါတယ်။

PSV တိုက်စစ်မှုး ကော်ဒီဂတ်ပို က ယူနိုက်တဒ် နဲ့ အလုံးစုံသဘောတူညီမှုရရှိထားပြီး အန်တိုနီ ခေါ်ယူမှုကြောင့် ဘက်ဂျက်ထိန်းလိုက်တဲ့ အတွက်သာ မရောက်ရှိတာဖြစ်ပါတယ်။ဂတ်ပို က လက်ရှိရာသီမှာ ဂန္နဝင်တိုက်စစ်မှုးကြီး ရုဒ်ဗန်နစ္စတရွိုင်း လက်အောက်မှာ ကစားရင်း (၁၂)ပွဲကစား (၉)ဂိုးသွင်း (၆)ဂိုးဖန်တီးကာ ဂိုးနဲ့ဖန်တီးမှု (၁၅)ကြိမ်ပြုလုပ်ထားကာ (၆၄)မိနစ်တိုင်းမှာ တစ်ဂိုး တိုက်ရိုက်ပါဝင်ပက်သက်ထားပါတယ်။

ဂတ်ပို က မိနစ်အားဖြင့် (၉၆၂)မိနစ် သာ ကစားထားပေမယ့် အခွင့်အရေးဖန်တီးမှု (၃၉)ကြိမ် အထိ ပြုလုပ်ထားနိုင်ပြီး ဒါဟာ ပွဲကစားချိန် မိနစ်(၁၀၀၀) မပြည့်သေးတဲ့ ကစားသမားတွေ အနက် အမြင့်ဆုံးစွမ်းဆောင်ရည်ပဲဖြစ်ပါတယ်။ ယူနိုက်တဒ် ရဲ့ လက်ရှိတိုက်စစ်ဟာ အသက်ရွယ်နဲ့စိတ်ကျဝေဒနာခံစားနေရတဲ့ ရော်နယ်ဒို၊ကြံခိုင်မှုမကောင်းတဲ့ မာစီရယ် တို့ အပေါ်သာ မှီခိုနေရလို့ ဘုတ်အဖွဲ့ကသာ အန်နာတိုဗစ် ဒါမှမဟုတ် ဂတ်ပို ကို ယုံကြည်စွာနဲ့ ခေါ်ယူပေးခဲ့ရင်…..