မက်ဆီနဲ့ ရော်နယ်ဒိုတို့ မဟုတ်တဲ့ အန်တိုနီရဲ့ Idol ကစားသမားများ

Posted on

မက်ဆီနဲ့ ရော်နယ်ဒိုတို့ မဟုတ်တဲ့ အန်တိုနီရဲ့ Idol ကစားသမားများ

ယူနိုက်တက် အသင်းဟာ ယမန်နေ့ညကပဲ ဘရာဇီး တောင်ပံ ကစားသမားလေး အန်တိုနီ ကို နယ်သာလန် ကလပ် အိုင်ယက်စ် နေ ခေါ်ယူမှု ပြီးမြောက်ကြောင်း တရားဝင် ကြေညာသွားခဲ့ ပါတယ် ။အန်တိုနီ ဟာ နယ်သာလန် လိဂ် သမိုင်းမှာ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ရရှိသူ ဖြစ်လာခဲ့ပြီး ယူနိုက်တက် ဟာ ချန်ပီယံလိဂ် ၅ လုံးရှင် အသင်းကို ယူရို သန်း ၁၀၀ ( ၉၅ သန်း + ဆုကြေး ၅ သန်း ) ပေးချေ ရမှာပဲ ဖြစ်ပါတယ် ။

အန်တိုနီ ရဲ့ အသင်းဟောင်း ဘရာဇီး ကလပ် ဆာအိုပေါ်လို ဟာလည်း ပြောင်းရွှေ့ကြေးရဲ့ ရာခိုင်နှုန်း အစိတ်အပိုင်း အချို့ကို ရရှိမယ်လို့ သိရပါတယ်။ ၂၂ နှစ် အရွယ် တောင်ပံ ကစားသမားလေးဟာ အိုင်ယက်စ် ကို အဲရစ်တန်ဟတ် ကိုင်တွယ် နေစဉ်အတွင်းမှာ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး အခု မန်ချက်စတာ ယူနိုက်တက် မှာ ဆရာဟောင်း နဲ့ ပြန်လည် ဆုံတွေ့ တော့မှာမို့ အတော်လေး ပျော်ရွှင်နေပုံပါဘဲ။

ဘရာဇီးသားဟာ ယူနိုက်တက်နဲ့ ပထမဆုံးအင်တာဗျူးမှာ သူ ငယ်စဉ်ကတည်းက လေးစားအားကျခဲ့ရတဲ့ ကစားသမားတွေကို ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ အန်တိုနီရဲ့အိုင်ဒိုးတွေကတော့ မက်ဆီ ရော်နယ်ဒိုတို့မဟုတ်ဘဲ ဘရာဇီး ဂန္တဝင်ကြယ်ပွင့်ကစားသမားတွေသာ ဖြစ်ပါတယ်။

အန်တိုနီက သူ ငယ်စဉ်ကတည်းက စံပြပုဂ္ဂိုလ်အဖြစ် ထားရှိခဲ့တဲ့ ကစားသမားတွေက ဘရာဇီးကစားသမားဟောင်းတွေဖြစ်တဲ့ ရော်နယ်ဒင်ဟိုနဲ့ ရော်နယ်ဒိုတို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဘရာဇီးကြယ်ပွင့်ဟောင်းတွေကလည်း သူ့ခေတ်အခါက လျမ်းလျမ်းတောက် ကျော်ကြားခဲ့သူတွေဖြစ်ပြီး ပရိသတ်အတော်များများ အကြိုက်တွေ့တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။

သူ့ရဲ့အိုင်ဒိုးတွေနဲ့ပတ်သက်ပြီး အန်တိုနီက “ ကျွန်တော် ငယ်ဘဝက အားကျခဲ့ရတဲ့ စံပြပုဂ္ဂိုလ်တွေလား ? အများကြီးတော့ရှိတယ်ဗျ၊ ။ ဒါပေမယ့် အလိမ်အခေါက်တွေမှာ ဆိုရင်တော့ ဘရာဇီးသားတွေဖြစ်ကြတဲ့ ရော်နယ်ဒင်ညိုနဲ့ ရော်နယ်ဒိုတို့ကို ကြိုက်ပါတယ်၊ ကျွန်တော်သူတို့ရဲ့ ကစားပုံတွေကို အမြဲတမ်းလေ့လာ သင်ယူခဲ့တာပါ၊ ကျန်တဲ့ကစားသမားတွေလည်း အများကြီးရှိပေမယ့် ဒီနှစ်ယောက်ကတော့ အကြိုက်ဆုံးပေါ့ဗျာ “ ဟုဆိုသွားခဲ့ပါတယ်။