တန်ဟဂ်ရဲ့ နည်းစနစ်မှာ လုံးဝ အံမဝင်တော့တဲ့ ကစားသမား (၃)ဦး

Posted on

ရီးရဲလ်ဆိုစီဒက်ကို အရေးနိမ့်ခဲ့တဲ့ ပွဲဟာ တန်ဟဂ် အတွက် အရင်းနှီးကြီးတဲ့ အမြတ်ထွက်မှုလို့ ဆိုနိုင်ပါတယ်။အရံ နဲ့ ပွဲကစားချိန်မရသေးသူတွေကို မျှတစွာအသုံးပြုခဲ့တဲ့ ပွဲအတွင်း ကစားသမားတချို့ဟာ လာမယ့် ပွဲတွေမှာပါ ဆက်လက်ကစားနိုင်ဖို့ အခက်ခဲတွေ ရှိနေတယ်ဆိုတာ ဖော်ပြခဲ့ကြသလို ဘာကြောင့် တူညီလူစာရင်းကိုပဲ (၄)ပွဲဆက်အသုံးပြုခဲ့ရလည်းဆိုတဲ့ အဖြေလည်း ထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ ဘရိုက်တန် နဲ့ ဘရန်းဖိုဒ့် ကို အရေးနိမ့်ခဲ့တဲ့ ပွဲတွေရဲ့ ကစားသမားအများစု ပါဝင်ခဲ့တဲ့ ဆိုစီဒက်နဲ့ပွဲမှာ ကစားသမားတချို့ဟာ တန်ဟဂ် ရဲ့ စနစ်ကို လိုက်မှီဖို့ခက်ခဲနေတယ်ဆိုတာ ပြသခဲ့ကြပါတယ်။

မက်ဂွိုင်းယား

အသင်းခေါင်းဆောင်ဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယား ဟာ ယူနိုက်တဒ် အခင်းအကျင်း ရဲ့ အဓိက အရေးအပါဆုံး နေရာဖြစ်တဲ့ build up တွေ စတင်သူအဖြစ် တာဝန်ယူရတဲ့ အခြေအနေ မှာ အတော်လေး လေးလံတဲ့ ကစားဟန်၊safe side ယူလွန်းတဲ့ လူပေးပုံတွေအပြင် အနီးနားက လင်ဒီလောဖ့် ထံ ကိုသာ ပေးပို့နေမှုတွေကြောင့် အတော်လေး ကစားရခက်ခဲခဲ့တာပဲ ဖြစ်ပါတယ်။

လင်ဒီလောဖ့်

မက်ဂွိုင်းယားနည်းတူ လင်ဒီလောဖ့် ဟာ ယူနိုက်တဒ်ခံစစ်မှာ ကစားဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည် နဲ့ ကစားအားကို မပြနိုင်တာကြောင့် အတော်လေး အခက်ကြုံခဲ့ကြပါတယ်။ ဗာရန်း နဲ့ မာတီနက်ဇ် အတွဲဖက် ရဲ့ လျှင်မြန်ပြီး တိကျတဲ့ ပေးပို့မှု အသင်းလိုက်ရုန်းကန်အားတွေကို မမြင်တွေ့ရပဲ အတော်လေး ဆိုးရွားလေးလံတဲ့ ကစားပုံသာပြခဲ့ပြီး လာမယ့် ဆောင်းရာသီမှာတော့ သေချာပေါက်ရောင်းထုတ်ရမယ့် ကစားသမားဖြစ်လာပါလိမ့်မယ်။

ဖရဒ်

ကတ်စမဲရိုး နဲ့ တွဲကစားရင် အဆင်ပြေမယ်ထင်ခဲ့ပေမယ့် ဖရဒ် ရဲ့ ကပျက်ကချော် ကစားပုံက အသင်းကိုပါ ဆွဲချခဲ့တဲ့အထိ ဖြစ်ခဲ့သလို အသင်းဖော်တွေအတွက်ပါ အတော်လေး ဆိုးရွားတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။တိုက်စစ်မှာ ပေးပို့တဲ့အခင်းအကျင်း တွေ အားနည်းချက်များခဲ့သလို ခံစစ်ပိုင်းမှာလည်း ကူဖော်မရခဲ့တဲ့ ဖရဒ် ဟာ အသင်းအတွက် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခံရတဲ့ ဆူး တစ်ချောင်းဖြစ်ခဲ့ပြီး ရှုံးနိမ့်မှုရဲ့ လက်သည်တရားခံလို့ ဆိုနိုင်ပါတယ်။ ယူနိုက်တဒ်အနေနဲ့ရှေ့ဆက်သွားလိုရင် ဖရဒ် ကို ရောင်းချဖို့လိုပါတယ်။