မန်စီးတီးကို အရေးနိမ့်ခဲ့ပေမယ့် အသင်းအတွက် အမြတ်ထွက်ခဲ့တဲ့ အချက်(၃)ချက်

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ မန်စီးတီး ကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ပွဲဟာ တန်ဟဂ် အတွက် နာလိုခံခက်ဖြစ်ရပေမယ့် ခြေစွမ်းကောင်းနေချိန်မှာ နိုင်ငံတကာပွဲတွေ ဝင်ရောက်လာတာကြောင့် ရပ်တံ့ခဲ့ရလို့ ဇက်-တ်ခံရတဲ့မြင်းလို အရှိန်လျော့သွားခဲ့တာကိုတော့ မေ့ဖျောက်လို့မရပါဘူး။ ယူနိုက်တဒ် အနေနဲ့ အရေးနိမ့်ခဲ့တာကြောင့် အရှုံးများစွာရှိခဲ့ပြီး အဆို အရှုံးတွေထဲကအမြတ်ကတော့ တန်ဟဂ် အနေနဲ့ အသင်းရဲ့ ဖြစ်နိုင်စွမ်း ကို အမြင့်ဆုံးစွမ်းရည်နဲ့ မှတ်ကျောက်တင်ရာမှာ ထွက်ပေါ်လာတဲ့ စမ်းသပ်ခံနိုင်စွမ်း နဲ့ ကစားသမားတွေရဲ့ ဖိအားဒဏ်ခံနိုင်ရည်ပဲ ဖြစ်ပါတယ်။

မာစီရယ် ရဲ့ အသုံးဝင်နိုင်စွမ်း

တန်ဟဂ် ရဲ့ အထောင်တိုက်စစ်အတွက် pure 9 မလိုအပ်ပေမယ့် f9 ကစားနိုင်မယ့် ကစားကွက်နဲ့ ပေါင်းစပ်လို့ရပြီး ချိတ်ဆက်ကစားမှုမြင့်မားတဲ့ ကစားသမားတစ်ယောက်လိုပါတယ်။ တန်ဟဂ် ရဲ့ အိုင်းယက်စ် နှစ်ခေတ်လုံးမှာ တာဒစ် က အခရာကျခဲ့ပြီး မာစီရယ် က အဲရခ်အတွက် ပိုမိုကောင်းမွန်တဲ့ F9 တစ်ယောက် ဖြစ်လာပါလိမ့်မယ်။မာစီရယ် ရဲ့ အတိုးလှုပ် နဲ့ ရုန်းအား အပြင် ချိတ်ကစားနိုင်စွမ်း၊ပေါင်းစပ်တိုက်စစ်မှု နဲ့ တစ်ကိုယ်တော်ခြေစွမ်းက လက်ရှိယူနိုက်တဒ် တိုက်စစ်ရဲ့ အကြီးမားဆုံးသော လိုအပ်ချက်လည်း ဖြစ်တယ်ဆိုတာကို အီတီဟဒ် မှာ သက်သေပြနိုင်ခဲ့ပါတယ်။

အန်တိုနီ vs ဆန်ချို/ရရှ်ဖိုဒ့်

အန်တိုနီ ရဲ့ခြေစွမ်း က ဆန်ချို/ရရှ်ဖိုဒ့် တို့ရဲ့ ခြေစွမ်းကို lv တူယှဉ်နိုင်ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ ဘရာဇီးလ်သားက အဆမတန်သာလွန်နေပါတယ်။အင်္ဂလန်တောင်ပံတစ်စုံဟာ မန်ချက်စတာဒါဘီ မှာ နှစ်ဦးပေါင်းဖိအားပေးမှု (၁၆)ကြိမ်သာ ပြုလုပ်ခဲ့ပေမယ့် အန်တိုနီ ကတော့ တစ်ယောက်ထဲနဲ့ (၁၈)ကြိမ်ပြုလုပ်ပြခဲ့ပါတယ်။ဒါဟာ အသင်းအပေါ်ထားရှိတဲ့ တိုက်ပွဲဝင်စိတ်ကို ပြသခဲ့တာဖြစ်ပြီး တန်ဟဂ် ဘာကြောင့် သန်း(၁၀၀) ပေးခဲ့ရလည်းဆိုတဲ့ အဖြေလည်း ဖြစ်ပါတယ်။

အသုံးမဝင်တော့တဲ့ လက်တစ်စုံ

ဒဟေးယား လက်တော်မှာ ကျွန်တော်တို့ခိုနားခဲ့ဖူးတယ်၊ဒီလက်တစ်စုံရဲ့နောက်ကွယ်မှာ အိမ်မက်တွေ ကို ထုစစ်ခဲ့ဖူးကြတယ်၊ဒီလက်တစ်စုံဟာ ကျွန်တော်တို့ရဲ့မျှော်လင့်ချင်းတွေကို အသက်ဆက်စေခဲ့တဲ့ ကာကွယ်သူ လည်း ဖြစ်ပြန်တယ်။ဒါတွေဟာ အနှစ်နှစ်အလလ မှာ ကျန်နေခဲ့တာမဟုတ်သည့်တိုင် ခေတ်ရေစီးကြောင်းအပြောင်းလဲကြောင့် တောင်းဆိုမှုက မြင့်မားလာတဲ့အခါ ကျွန်တော်တို့အနေနဲ့ ပြုလွယ်ပြုလွင် မဖြစ်ခဲ့သည်ရှိသော် လွင့်စင်သွားရတာပဲ မဟုတ်လား။ဒဟေးယား ဟာ ကံတော်ကုန်တဲ့ အိမ်ရှေ့စံတစ်ပါး ပြီးတော့ သူ့ရဲ့ခေတ်ဟာ သမိုင်းမှာ အတိတ်အဖြစ် ကျန်ခဲ့ပါပြီပေါ့။