ဒါဘီပွဲမှာ ရော်နယ်ဒိုကို ထုတ်မသုံးခဲ့ရခြင်း အကြောင်းအရင်း(၂)ခုကို ရှင်းပြလိုက်တဲ့ တန်ဟတ်

Posted on

ယမန်နေ့ည အစောပိုင်းက ကစားခဲ့ကြတဲ့ မန်စီးတီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကတော့ အိမ်ရှင် စီးတီးတို့က ၆-၃ နဲ့ အပြတ်အသက် အနိုင်ယူနိုင်ခဲ့ပါတယ်။နောက်ပိုင်းပွဲစဉ်တွေကို တောက်လျှောက်အနိုင်ယူပြီး ထင်တိုင်းကြဲနေခဲ့တဲ့ မန်ယူအသင်းကတော့ ဒီနေ့ပွဲမှာ စီးတီးရဲ့ ကောင်းကောင်းပညာပေးခြင်း ခံခဲ့ရပြီး တစ်ပွဲလုံးလိုလို စီးတီးကသာ ပိုင်စိုးပိုင်နင်း ကစားပြသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းအတွက် ဟာလန်းနဲ့ ဖိုဒန်တို့က ဂိုးတွေ အလှည့်ကျသွင်းရင်း ဟတ်ထရစ် ကိုယ်စီ ရယူသွားနိုင်ခဲ့ပြီး မန်ယူအသင်းအတွက်တော့ အန်တိုနီ နဲ့ လူစားဝင်ကစားသမား မာစီယဲလ်က ၂ ဂိုးသွင်းယူပေးခဲ့တာကြောင့် ယခုလို အရှက်မကွဲခဲ့ရတာ ဖြစ်ပါတယ်။အဆိုပါပွဲမှာတော့ နည်းပြ တန်ဟတ်က မန်ယူနိုက်တက်တိုက်စစ်မှုး ရော်နယ်ဒိုကို အရန်ခုံမှာသာ ထိုင်စေခဲ့ပြီး လူစားဝင် ကစားသမားအဖြစ်တောင် အသုံးမပြုခဲ့ပါဘူး။

ရော်နယ်ဒိုနဲ့ ကတ်စမဲရိုးဟာ မယုံနိုင်လောက်စရာ ဆုဖလားတွေရယူထားတဲ့ ဂန္တဝင်ကစားသမားတွေပါ။ဘဝရဲ့ ကြီးမားတဲ့အခိုက်အတန့်တွေအတွက် အတူရှိခဲ့ကြပြီး ဆုဖလားများစွာရရှိခဲ့ပါတယ်။ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ ကာစီမီရိုတို့ဟာ သူတို့ရဲ့မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေ မရှုမလှ ရှုံးနိမ့်နေတာကို မယုံကြည်နိုင်စွာ ဘေးကနေ ထိုင်ကြည့်နေခဲ့ကြရပါတယ်။

ရီးယဲလ်မက်ဒရစ်တွင် ချန်ပီယံလိဂ် လေးကြိမ် ဆွတ်ခူးခဲ့သည့် ၎င်းတို့နှစ်ဦးဟာ ပြီးခဲ့သည့်လက ပရီးမီးယားလိဂ်တွင် ကောင်းစွာစွမ်းဆောင်နိုင်ခဲ့သော် ၎င်း၏အသင်းမှ အဲရစ်တန်ဟက်က အရန်ခုံတွင် သာထားခဲ့တာဖြစ်ပါတယ်။ ရိုနယ်ဒိုအတွက် လုံးဝ စိတ်မကောင်းဖွယ်ရာပါပဲ။ ဒါဘီပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်နည်းပြကြီး တန်ဟတ်က ရော်နယ်ဒိုကို ထုတ်မသုံးခဲ့တဲ့ အကြောင်းအရင်း (၂)ချက်ကို ရှင်းပြသွားခဲ့ပါတယ်။

အသက် ၅၁ နှစ်အရွယ်ရှိတန်းဟက်က မန်စီးတီးနှင့်ပွဲတွင် ရော်နယ်ဒိုကို အသုံးမပြုခြင်းက သူ့ရဲ့ကြီးကျယ်ခန်းနားတဲ့ ဘောလုံးသမားဘဝသမိုင်းကြောင်းကို လေးစားလို့ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ တန်ဟတ်က ” ကျနော် ရော်နယ်ဒိုကို ထည့်မသုံးရခြင်းက သူ့ရဲ့ကြီးးကျယ်ခန်းခမ်းနားတဲ့ ကစားသမားဘဝကို လေးစားမှုရှိလို့ ဖြစ်ပါတယ်။ နောက်ထပ်အကြောင်းအရာကတော့ မာစီရယ်ကို ထည့်သုံးရင် အားသာချက်ရှိမယ်ထင်လို့ပါ။ ပြီးတော့ သူ ပွဲကစားချိန်မိနစ်တွေ လိုအပ်နေတယ်လေ။ ” လို့ ဆိုပါတယ်။