ဖရန်ကီဒီဂျောင် အပြောင်းရွှေ့အတွက် အခက်ကြုံနေရဆဲဖြစ်တဲ့ အဲရခ်တန်ဟဂ်

Posted on

မန်ယူနိုက်တဒ်အသင်းဟာ ဖရန်ကီဒီဂျောင် ကို ခေါ်ယူရန်အတွက် ကာလရှည်ကြာကြိုးပမ်းနေတာက မကြာခင်မှာ ဈေးကွက်ပိတ်သိမ်းမှုနဲ့အတူ တခန်းရပ်ရဖွယ်ရှိပါတယ်။စက်တင်ဘာ(၁)ရက်နေ့ ပိတ်သိမ်းမယ့် ဈေးကွက် အတွင်း ယူနိုက်တဒ် အနေနဲ့ ဘာစီလိုနာ ထံ ကနဦးပေးချေရန် သဘောတူညီထားခဲ့တဲ့ ယူရို(၇၅)သန်း+ယူရို(၁၀)သန်းတန် ကမ်းလှမ်းမှုဟာ ရက်လွန်သွားပြီဖြစ်ကြောင်း အသိပေးထားသလို ထပ်တိုးကမ်းလှမ်းမှုတွေလည်း ပြုလုပ်ခြင်းမရှိသေးတာကြောင့် အေးခဲတဲ့ ဆက်ဆံရေးအဖြစ် ပြောင်းလဲသွားပါပြီ။

အဲရခ်တန်ဟဂ် က ဖရန်ကီဒီဂျောင် ခေါ်ယူရေး ကို ဦးစားပေးခေါ်ယူရန် သတ်မှတ်ထားတာကြောင့်လည်း ယူနိုက်တဒ်ဘုတ်အဖွဲ့ဟာ ရက်ပေါင်း(၁၀၀)ကျော်ကြာအောင် ဆွေးနွေးပွဲထဲ ရှိခဲ့ပြီး လက်တလောမှာတော့ သတင်းတွေက နှစ်မျိုးကွဲထွက်နေတာကို မြင်တွေ့ရပါတယ်။

ဘာစီလိုနာ ဖက်ကသတင်းတွေကတော့ သူတို့ရဲ့ ဒီဂျောင် ရောင်းချလိုမှုကို အတိလင်း ဖွင့်ဟထားပေမယ့် မကြာခန အသင်းကြီးတွေကို ဆွဲသွင်းကာ ကြွေးကျန် (၁၉)သန်းကို ယူနိုက်တဒ် ကသာ ပေးချေရန် ကြိုးစားခဲ့ပါတယ်။ ဘာစီလိုနာ ဆွဲသွင်းခဲ့တဲ့ ချဲလ်ဆီး၊PSG၊ဘိုင်ယန် တို့ဟာ ဖရန်ကီဒီဂျောင်ကို ခေါ်ယူရန် စိတ်ဝင်စားမှုမပြခဲ့တာကြောင့် အဆုံးသတ်မှာတော့ ဘာစီလိုနာ ရဲ့ အခြမ်းက အလုပ်မဖြစ်ခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။

ဖရန်ကီဒီဂျောင် နဲ့ နီးစပ်တဲ့ အသိုင်းဝန်းမှာတော့ ကစားသမားဟာ ယခုနွေမှာပဲ ယူနိုက်တဒ် ကို ပြောင်းရွှေ့နိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး နယ်သာလန်သတင်းရင်းမြစ်တွေက အပြောင်းရွှေ့ဖြစ်နိုင်ကြောင်းဆိုပါတယ်။

အဲရခ်တန်ဟဂ် နဲ့ နီးစပ်တဲ့သတင်းအရင်းမြစ်တွေ ကို သိရှိထားတဲ့ Simon Mullok ကလည်း အဲရခ် က ဖရန်ကီ ကို ဒီနွေမှာပဲ အမိအရ ခေါ်ယူမယ်လို့ အတိလင်းပြောဆိုခဲ့ပါတယ်။သို့သော်လည်း Laurie Whitwell,Simon Stone တို့လို Club Source တွေမှာတော့ ယူနိုက်တဒ် အနေနဲ့ ဖရန်ကီဒီဂျောင် ကို ခေါ်ယူရန် လက်လျှော့သွားပြီလို့ ပြောဆိုနေပြီး ကစားသမား၊နည်းပြ နဲ့ ကလပ်အသင်းရဲ့ source တွေကြားမှာကွဲလွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။

သို့သော်လည်း ယူနိုက်တဒ်ရဲ့ စိတ်ဝင်စားမှုက အမှန်တကယ် လျော့ကျသွားတယ်ဆိုတာကို ကြားနေဂျာနယ်လစ်တွေဖြစ်တဲ့ David Ornstine/Romano တို့ကဖော်ပြခြင်း မရှိသေးပဲ ယခင်အတိုင်းသာဖြစ်တယ်လို့ ဆိုထားလို့ laurie whitwell တို့ရဲ့ဖော်ပြချက်က ဘာဆာ ကို ဖိအားပေးလိုတဲ့ ယူနိုက်တဒ် ရဲ့ club brief သာဖြစ်ဖွယ်ရှိပြီး ဖရန်ကီဒီဂျောင် ကို deadline day အမှီခေါ်ယူနိုင်ဖွယ်ရှိပါတယ်။