ရော်နယ်ဒို အသင်းပြောင်းပါက အကျိုး အမြတ် များစွာ ရရှိမယ့် တန်ဟတ်

Posted on

လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကြယ်ပွင့် ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုသာ အသင်းကနေ ထွက်ခွာခဲ့ရင် မန်ချက်စတာယူနိုက်တက် နည်းပြကြီး အဲရစ်တန်ဟတ်အနေနဲ့ အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၁၀၀ ခန့် ထပ်မံရရှိသွားဖွယ် ရှိနေပါတယ်။

နယ်သာလန်သား နည်းပြကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသုံးစရိတ် ပေါင်သန်း ၇၀ ခန့်ထုတ်ပေးသွားဖို့ စီစဉ်ထားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ပေါ်တူဂီ ဂန္တဝင်ကြီးသား အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် နောက်ထပ်အသုံးစရိတ် ပေါင်သန်း ၃၀ ကို ထပ်မံရရှိသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကတည်းက အသင်းမှ ထွက်ခွါလိုနေခဲ့တဲ့ ရိုနယ်ဒိုတစ်ယောက် လက်ရှိ အသင်းနဲ့ ဆက်လက်ပူးပေါင်းနေရပေမယ့် လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့ ကာလအတွင်း အသင်းသစ် ထပ်မံပြောင်းရွှေ့ခွင့်ရဖို့ ကြိုးစားသွားဖွယ် ရှိနေပြီး အကယ်၍ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ပါက တန်ဟတ်ဂ်အတွက် ကောင်းသတင်းတစ်ခု ဖြစ်လာဦးမှာ ဖြစ်ပါတယ်။

နည်းပြတန်ဟတ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာကတည်းက ပေါင်သန်း ၂၃၀ အထိ အသုံးပြုခဲ့ပြီး မန်ချက်စတာစီးတီး ၊ လီဗာပူးတို့နဲ့အပြိုင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့ နောက်ထပ်ကစားသမား ၃ ယောက်လောက်ထိ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

တစ်ပတ်ကို ပေါင် ၄၅၀၀၀၀ ရရှိနေတဲ့ ချန်ပီယံလိဂ် ၅ ဆုရှင်သာ ထွက်ခွာခဲ့မယ်ဆိုရင် ပေါင်သန်း ၃၀ လောက် အသုံးစရိတ် ပိုထွက်လာမှာဖြစ်တာကြောင့် နယ်သာလန်သား နည်းပြကြီးအနေနဲ့ ဆောင်းရာသီမှာ လိုအပ်တဲ့ ကစားသမားတွေကို ပိုမိုဝယ်ယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့အတွင်း မန်ယူအသင်းဟာ ကစားသမားဖြည့်တင်းမှု များစွာ ပြုလုပ်ခဲ့ပေမယ့်လည်း အဓိက တိုက်စစ်မှူးနေရာအတွက်တော့ အင်အားဖြည့်တင်းခဲ့ခြင်း မရှိပဲ အကယ်၍ ရိုနယ်ဒိုသာ အသင်းမှ ထွက်ခွါဖြစ်ခဲ့ပါက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း တိုက်စစ်မှူးစစ်စစ် တစ်ယောက် ထပ်မံခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိပါတယ်။