သူ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အေဂျက်ဇ်အသင်းအပေါ် ပေါက်ကွဲစကားတွေဆိုလိုက်တဲ့ အန်တိုနီ

Posted on

အိုင်းယက်စ် တောင်ပံလူ အန်တိုနီ ကတော့ သူ့ရဲ့ အပြောင်းရွှေ့ပြုလုပ်ခွင့်အတွက် အစွမ်းကုန် တိုက်ပွဲဝင်လျက်ရှိပြီး ယူနိုက်တဒ် ကို ပြောင်းရွှေ့နိုင်ဖို့ ဘာမဆို ပြုလုပ်သွားမယ်လို့ အတိလင်းဖွင့်ဟလိုက်ပါတယ်။ ယူနိုက်တဒ် ရဲ့ ဒုတိယအကြိမ်ကမ်းလှမ်းမှုဖြစ်တဲ့ ယူရိုသန်း(၈၀) ကို အိုင်းယက်စ် အသင်း က ပယ်ချခဲ့ပြီးနောက် လေ့ကျင့်ခန်းဆင်းရန် ငြင်းဆန်ခဲ့သလို ယမန်နေ့က ယူရိုသန်း(၉၀) တန်ကမ်းလှမ်းချက်ကို ထပ်မံပယ်ချခဲ့ပြီးနောက် ရိုမာနို ထံကတဆင့် သူ့ရဲ့ ထွက်ခွာလိုမှုကို အတည်ပြုပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

အန်တိုနီ က “ပြီးခဲ့တဲ့ ဖေဖဝါရီထဲက ကျွန်တော့်အေးဂျင့် က အမ်စတာဒမ် ကို လာရောက်ပြီး ကျွန်တော့်ရဲ့ အနာဂတ်နဲ့ပက်သက်လို့ စတင်ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ စိန်ခေါ်မှုအသစ်တွေကိုရှာဖွေလိုပြီး စိတ်ဝင်စားတဲ့ကလပ်အသင်းကြီးတွေက မှန်ကန်တဲ့ကမ်းလှမ်းမှု ရှိလာရင် ရောင်းချပေးဖို့ ပြောဆိုခဲ့ပြီးသားပါ။ဇွန်လ မှာတော့ ကျွန်တော့်အားလက်ရက်က ပြန်လာပြီးထဲက နည်းပြသစ်ကိုရော အသင်းကိုပါ ကျွန်တော့်ရဲ့ထွက်ခွာလိုမှုနဲ့ ပက်သက်ပြီး အတည်ပြုခဲ့သလို သူတို့ကလည်း ဖြစ်နိုင်ချေရှိတဲ့ ကမ်းလှမ်းမှုဆိုရင် စဉ်းစားမယ်လို့အကြောင်းပြန်ခဲ့ပါတယ်”

” ဘာလို့လည်းဆိုတော့ ကျွန်တော်ဒီကို ပြောင်းရွှေ့ခဲ့တာက နှစ်ရာသီစီမံကိန်းအတွက်ပဲ ပြောင်းရွှေ့ခဲ့တာကြောင့်ပါ။ဒီအပြောင်းရွှေ့ရာသီထဲမှာပဲ ကျွန်တော် နဲ့ အိုင်းယက်စ်ကြား ဆွေးနွေးမှုတွေ မကြာခဏပြုလုပ်ခဲ့သလို အသင်းဖက်ကလည်း စာချုပ်သစ် အတွက် ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ်ပေးပို့ခဲ့ပါတယ်။ကျွန်တော့်ရဲ့တုံပြန်မှုကတော့ ‘ထွက်ခွာမယ်’ ဆိုတာပါပဲ”လို့ဆိုပါတယ်။

ဆက်လက်ပြီး အန်တိုနီက “ဒီနေ့(သောကြာ)လည်း ကျွန်တော်တို့ထပ်တွေ့ကြပြီး ကျွန်တော်ကတော့ယခင်အတိုင်း ပြောင်းရွှေ့ခွင့်ရဖို့ကိုပဲ ဦးစားပေးတောင်းဆိုခဲ့ပါတယ်။ဒီတချိန်ကတော့ ယခင်နဲ့မတူတာက စားပွဲပေါ်မှာ သိပ်ကောင်းတဲ့ကမ်းလှမ်းမှုတစ်ခုကလည်း အသင့်စောင့်ကြိုနေတာပါပဲ။အခြားသောကမ်းလှမ်းမှုတချို့လည်း ရောက်ပေမယ့် အိုင်းယက်စ် ကတော့ ငါးရက်အတွင်း ပြန်လည်ဲဖြည့်တင်းရန်မဖြစ်နိုင်လို့ ကျွန်တော့်ကို မရောင်းချနိုင်ဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။”

” ကျွန်တော်က အိုင်းယက်စ် ကနေ ကျွန်တော့်ကို ထုတ်ပေးပါလို့တောင်းဆိုနေတာ မဟုတ်ပါဘူး။ကျွန်တော့်ကို ဒချ့်လိဂ် ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောင်းပေးပါလို့တောင်းဆိုနေတာပါ။ကျွန်တော့်ဖက်ကပြီးခဲ့တဲ့ ဖေဖဝါရီ ထဲက တောင်းဆိုခဲ့တာဖြစ်ပြီး သူတို့သာ ကျွန်တော့်ဆန္ဒကိုအလေးထားရင် အသင်းကို တည်ဆောက်ဖို့ ကြိုတင်ပြင်ဆင်ခဲ့သင့်တာပါ”လို့ဆိုပါတယ်။