ရလာဒ်ကောင်းပြန်ရဖို့ အဲရခ်တတ်ဟဂ် အလျှင်အမြန်ဖြေရှင်းရမယ့် ပြသနာ (၃)ရပ်

Posted on

ရလာဒ်ကောင်းပြန်ရဖို့ အဲရခ်တတ်ဟဂ် အလျှင်အမြန်ဖြေရှင်းရမယ့် ပြသနာ (၃)ရပ်

မန်ယူနိုက်တဒ်အသင်းရဲ့ ဘရိုက်တန်နဲ့ ပွဲက အခြေအနေဟာ ပရိတ်သတ်တွေအတွက် အတော်လေး လက်ခံရခက်ခဲတဲ့ အနေထားကို ရောက်ခဲ့ပြီး လာမယ့် ဘရန်းဖို့်ဒ်အသင်းနဲ့ ပွဲမှာတော့ မတူညီကွဲပြားတဲ့ အခြေအနေတချို့ကို ဖန်တီးနိုင်ဖို့ လိုနေပါတယ်။

အထူးသဖြင့် ကစားသမား အပြောင်းရွှေ့မှာလည်း ဖရန်ကီဒီဂျောင် ကို ခေါ်ယူနိုင်ဖို့ အခက်တွေ့နေတာကြောင့် ဖိအားပိုတိုးလာတဲ့ ယူနိုက်တဒ် အနေနဲ့ ကွင်းတွင်းရလာဒ်ကောင်းရရှိဖို့အရေးတကြီးလိုအပ်နေပါတယ်။ တန်ဟဂ် အနေနဲ့ ဒုတိမြောက် ပွဲစဉ်ကိုလည်း ရလာဒ်ကောင်းမရယူနိုင်ခဲ့ရင် အသင်းရဲ့အခြေအနေကထင်တာထက်များစွာဆိုးရွားသွားပါလိမ့်မယ်။

တန်ဟဂ် ပထမဆုံးပြုလုပ်ရမယ့်အချက်က ရော်နယ်ဒို ကို နေရာပေးဖို့ဖြစ်ပြီး ပေါ်တူဂီသားဟာ ကြံခိုင်မှု နဲ့ အသင်းနည်းစနစ်အံဝင်ဂွင်ကျဖြစ်မှုတွေ မှာ ပြသနာမရှိဘူးဆိုတာ ဘရိုက်တန်နဲ့ ပွဲမှာ သက်သေပြခဲ့ပြီးပါပြီ။ ယူနိုက်တဒ် အနေနဲ့ ရော်နယ်ဒို ကိုလအရံခုံပေါ်တင်ထားတာက ရလာဒ်ကောင်းမရယူနိုင်ရင် ဖိအားပိုတိုးတာပဲ ရှိတာကြောင့် သွင်းဂိုးတွေရရှိဖို့သေချာတဲ့ ကစားသမားကို သေချာပေါက် အသုံးပြုဖို့လိုပါတယ်။

ဒုတိယအနေနဲ့ မက်/ဖရဒ် အတွဲကိုအနားပေးဖို့လိုပါတယ်။ နည်းပြလေးဆက်တိုင် ပြသနာအဖြစ်ဆုံး ကစားသမားနှစ်ယောက်ဖြစ်တာကြောင့် ယူနိုက်တဒ် အနေနဲ့ သေချာပေါက် အရံခုံပေါ်တင်ဖို့အစီစဉ်ကိုစတင်သင့်ပြီး ရာဘီယော့ ကို အလျှင်အမြန်ကမ်းလှမ်းနေတာက တော်မနေး ရဲ့ ညံဖျင်းလှတဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ ဖြစ်ပါတယ်။

ဂျိမ်းစ်ဂါနာ၊အဲရခ်ဆင် တို့နဲ့ ကွင်းလယ်မှာ အသုံးပြုတာက ပိုပြီးသင့်လျော်ပါလိမ့်မယ်။တတိယတစ်ချက်အနေနဲ့ အင်္ဂလန်သားတွေဖြစ်တဲ့ ရှော၊မက်ဂွိုင်းယား နဲ့ မားကပ်စ်ရရှ်ဖိုဒ့် တို့ကို အရံခုံတင်ဖို့လိုပါတယ်။

လက်ရှိအသင်းမှာ ဘယ်သူမှ နေရာတစ်ခုအတွက် အပိုင်စားမရှိနေကြောင်းပြသရန်လိုပြီး ဗာရန်း၊မလာစီယာ၊ဂါနာချို တို့အတွက် နေရာပေးဖို့ အချိန်ကောင်းလည်းဖြစ်ပါတယ်။တန်ဟဂ် အနေနဲ့ ဆုံးဖြတ်ချက်တွေကိုပြတ်သားစွာပြုလုပ်ရန်လိုအပ်ပြီး အချိန်ထပ်ဆွဲနေရင်တော့ ပိုမိုကြီးမားတဲ့ ဆန္ဒပြပွဲတွေကို ကြုံတွေ့ရဖွယ်ရှိပါတယ်။