ကစားသမား (၃) ဦးအတွက် ပေါင်သန်း(၂၅၀) အသုံးပြုမယ့် မန်ယူနိုက်တဒ်

Posted on

မန်ယူနိုက်တဒ် အသင်းဟာ ၁၉၉၂ နောက်ပိုင်း အဆိုးရွားဆုံး ပရီးမီးယားလိဂ်အဖွင့်နဲ့ ကြုံတွေ့ခဲ့ရပြီးနောက် အသင်းကို အားဖြည့်တင်းဖို့ အကြီးကျယ်ပြင်ဆင်နေပါတယ်။

အဲရခ်တန်ဟဂ် ရဲ့ တောင်းဆိုမှုနဲ့အတူ ယူနိုက်တဒ် တာဝန်ရှိသူတွေက အသင်းရဲ့ ပြောင်းရွှေ့ကြေးအသုံးစားရိတ်ကို တိုးမြှင့်ပေးရန် ခွင့်ပြုခဲ့ပြီး နောက် လက်ရှိအချိန်မှာတော့ ကစားသမား အများအပြား ကို ခေါ်ယူရန် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ယနေ့ လီဗာပူးလ် နဲ့ ပွဲမတိုင်ခင်မှာ ကတ်စမဲရိုး ကို ကြေငြာမှုပြုလုပ်ခဲ့ပြီး နောက်ထပ် ကစားသမား(၃)ဦးကို ခေါ်ယူရန်ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။

မန်ယူနိုက်တဒ် အသင်းဟာ အိုင်းယက်စ် ရဲ့ အန်တိုနီ အတွက် ယူရိုသန်း(၈၀)တန်ကမ်းလှမ်းချက် ပြုလုပ်ထားသလို PSV ရဲ့ ကော်ဒီဂတ်ပို ကို လည်း ယူရိုသန်း(၄၀) နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

ကစားသမား နှစ်ဦးလုံးနဲ့ အကြိုသဘောတူညီမှု ရရှိထားပြီး သက်ဆိုင်ရာအသင်းတွေ နဲ့ သဘောတူညီမှု့ရရှိရန်သာကျန်ရှိပါတယ်။ ဂတ်ပို က PSV အသင်းရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲအပြီး မှာ အသင်းပြောင်းရွှေ့ဖို့ဆုံးဖြတ်ထားတာကြောင့် ခက်ခဲတဲ့ ညှိနှိူင်းမှု မဖြစ်နိုင်ပဲ အန်တိုနီ က သာ ခက်ခဲစွာ ညှိနှိုင်းရဖွယ်ရှိပါတယ်။သို့သော်လည်း အိုင်းယက်စ် အသင်းဟာ အန်တိုနီ နေရာကို အစားထိုးနိုင်ရန် အတွက် ချဲလ်ဆီးထံရောင်းချခဲ့တဲ့ ကစားသမားဟောင်း ဟာကိမ်ဇီယချ် ကို ပြန်လည်ခေါ်ယူဖွယ် ရှိပါတယ်။

ယူနိုက်တဒ် အနေနဲ့ အန်တိုနီ နဲ့ ဂတ်ပို ကို ခေါ်ယူတာက ရော်နယ်ဒို ဒါမှမဟုတ် မားကပ်စ်ရရှ်ဖိုဒ် ထွက်ခွာမှုကဖြစ်လာနိုင်မလားဆိုတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ယူနိုက်တဒ် အနေနဲ့ ကွင်းလယ်ကိုလည်း ဖြည့်တင်းဖွယ်ရှိပြီး ဖရန်ကီဒီဂျောင် အတွက် နောက်တစ်ကြိမ်ပြန်ပြီး ကမ်းလှမ်းဖို့ ကြိုးစားပါလိမ့်မယ်။ ဖရန်ကီ အတွက် ပိုမိုမြင့်မားတဲ့ လုပ်ခလစာနဲ့ ပြောင်းရွှေ့ကြေးကိုပေးချေသွားဖွယ်ရှိပြီး လာမယ့် ရက်ပိုင်းအတွင်း ယူနိုက်တဒ် တာဝန်ရှိသူတွေဟာ ဘာစီလိုနာ ကို သွားရောက်ကာ အပြောင်းရွှေ့အတွက် ပြန်လည်ညှိနှိုင်းဖွယ်ရှိပါတယ်။