ဆောင်းဈေးကွက်မှာ ယူနိုက်တဒ် ခေါ်ယူသင့်တဲ့ နံပါတ်(၉)စစ်စစ် တိုက်စစ်မှုး (၃)ဦး

Posted on

မန်ယူနိုက်တဒ်အသင်းစာ လာမယ့်ဆောင်းဈေးကွက်အတွင်း လှုပ်ရှားမှုတွေပြုလုပ်ရန် အကန့်သတ်ရှိနေပေမယ့် ရော်နယ်ဒို ရဲ့အခြေအနေကြောင့် ဈေးကွက်ထဲဝင်ရောက်ရဖွယ်ရှိတယ်လို့သိရပါတယ်။ရော်နယ်ဒို က လာမယ့်ဆောင်းဈေးကွက်မှာ အသင်းပြောင်းရွှေ့ဖွယ်ရှိနေပြီး ဘုတ်အဖွဲ့ကလည်း တန်ဟဂ် တောင်းဆိုထားတဲ့ တိုက်စစ်မှုးတစ်ဦးဖြည့်တင်းရေးအစီစဉ်အရ ပေါ်တူဂီသားကို လက်လွှတ်ကာ ပြန်လည်ထွက်ပေါ်လာမယ့် ငွေကြေးကို တိုက်စစ်မှုးပြန်လည်ဝယ်ယူရေးမှာအသုံးချဖွယ်ရှိတယ်လို့သိရပါတယ်။

အိုင်ဗန်တိုနေး

ဘရန်းဖိုဒ့် တိုက်စစ်မှုး ကို ယူနိုက်တဒ်ချိန်ရွယ်နေတာကြာပါပြီ။တိုနေး ဟာ အတိုးအလှုပ်ကောင်းပြီး အဆုံးသတ်စွမ်းရည်လည်းမြင့်မားသလို အင်တိုက်အားတိုက် ကစားတတ်သူ ဖြစ်တာကြောင့် ပျားတို့ရဲ့ဒရော့ဘာ လို့ တင်စားခံထားရသူလည်းဖြစ်ပါတယ်။ တိုနေး ကို ခေါ်ယူမယ်ဆိုရင် ယူနိုက်တဒ် အနေနဲ့ အလွယ်တကူ ရရှိနိုင်ချေမရှိပဲ ပရီးမီးယားလိဂ်ကလပ်ချင်းဖြစ်တာကြောင့် ဈေးနှုန်းမြင့်မားစွာ ပေးချေရနိုင်ပါတယ်။

ကော်ဒီဂတ်ပို

PSV တိုက်စစ်မှုးက လိဒ် နဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ချက်ချင်းဆိုသလိူ ငြင်းဆန်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လိုကြောင်းတော့ ဝန်ခံထားပါတယ်။ဂတ်ပို ကို ပြီးခဲ့တဲ့ရာသီထဲက ယူရို(၃၅)သန်းနဲ့ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အန်တိုနီအပြောင်းရွှေ့ကြောင့် ပျက်ပြယ်ခဲ့တာဖြစ်ပြီး လာမယ့် ကမ္ဘာ့ဖလားအပြီးမှာ နောက်တစ်ကြိမ်ကြိုးစားဖွယ်ရှိပါတယ်။

ရာဖေးလ်လီယို

အေစီမီလန် ရဲ့ ပေါ်တူဂီတောင်ပံတိုက်စစ်မှုး က တန်ဟဂ် ရဲ့ စာရင်းထဲ ပါဝင်နေကြောင်း The Athletic က ဖော်ပြလာပါတယ်။ ယူနိုက်တဒ် အနေနဲ့ အေစီတောင်ပံကစားသမားအတွက် အကြိုကမ်းလှမ်းမှုတွေပြုလုပ်ထားပေမယ့် ချဲလ်ဆီး၊ဘိုင်ယန် တို့ကလည်းချိတ်ဆက်နေတာကြောင့် လွယ်ကူမှာတော့မဟုတ်ပါဘူး။အေစီမီလန် အသင်းကလည်း ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၇၀)ဝန်းကျင် အလိုရှိနေတာကြောင့် ဆောင်းဈေးကွက်အတွက် အနည်းငယ်ခက်ခဲနိုင်ပါသေးတယ်။