အဲရခ်တန်ဟဂ် လက်အောက်မှာ အနာဂတ်မရှိတော့တဲ့ ကစားသမား (၃)ဦး

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ အပြောင်းရွှေ့တံခါးဟာ လာမယ့် ဇန်နဝါရီမှာပြန်ပြီးဖွင့်လှစ်မှာကြောင်း နည်းပြကြီးအဲရခ်တန်ဟဂ် က ဝန်ခံထားပါတယ်။ကစားသမား တွေ များပြားတာကြောင့် လစာငွေဖောင်းပွတဲ့ ပြသနာကို ဖြေရှင်းရန်လိုသလို လူငယ်တွေကိုနေရာပေးဖို့နဲ့ လူသစ် တွေထပ်မံဖြည့်တင်းရန် အတွက် ရှိရင်းစွဲ လူပိုတချို့ကို ရှင်းထုတ်ရမယ့် အသင်းမှာ အနာဂတ်ပျောက်ဆုံးနေတဲ့ ကစားသမားတချို့ က တန်ဟဂ် ရဲ့ ရှင်းလင်းခြင်းကို စောလျှင်စွာ ခံယူရဖွယ်ရှိပါတယ်။ အထူးသဖြင့် အသင်းရဲ့ အနာဂတ်စီမံကိန်း နဲ့ မဟာဗျူဟာ မှာ ပါဝင်ခြင်းမရှိတော့တဲ့ ကစားသမားတွေဟာ ယခင်လို ပေကပ်ပြီးအသင်းမှာ တွယ်ကပ်လို့ရမှာ မဟုတ်လို့ စွန့်ပစ်ခြင်းခံရဖွယ်ရှိပါတယ်။

(၃) အာရွမ်ဝမ်ဘစ်ဆာကာ

ပဲလေစ့်ကနေ ပေါင်သန်း(၅၀)ငွေသားရှင်းပြီး ခေါ်ယူခဲ့တဲ့ ဘစ်ဆာကာ က လက်ရှိအချိန်မှာ ပြန်လည်ခေါ်ယူလိုတဲ့ အသင်းမရှိသလို အသင်းဟောင်းပဲလေစ့်ကတောင်မှ အငှားနဲ့သာ ခေါ်ယူလိုနေပါတယ်။တိုက်စစ်လိုက်ပါမှု အင်မတန်ညံဖျင်းသလို ဖြတ်တင်ဘောမရ၊ချိတ်ဆက်နိုင်စွမ်း အားနည်းတဲ့ အင်္ဂလန်သား ဟာ တန်ဟဂ် အတွက်တော့ သုံးမရတဲ့ အမှိုက်သာသာ ဖြစ်နေပြီး လာမယ့် ဆောင်းဈေးကွက်မှာ ရှင်းထုတ်ခံရဖွယ် ရှိပါတယ်။

(၂)ဟယ်ရီမက်ဂွိုင်းယား

အသင်းကပ္ပတိန်ရာထူးကို စာရွက်ပေါ်မှာ ရယူထားနိုင်ဆဲဖြစ်ပေမယ့် လက်တွေ့မှာတော့ ဘရူနို က အသင်းခေါင်းဆောင်တာဝန် ကို လွှဲပြောင်းရယူသွားပါပြီ။မက်ဂွိုင်းယား ရဲ့ လေးကွေးမှု နဲ့ ဆုံးဖြတ်ချက်မပြတ်သားမှုတွေက ခံစစ်တန်းယိုပေါက်ကို ပိုဆိုးစေသလို ဗာရန်း နဲ့ မာတီနက်ဇ် တွဲဖက်ထားတဲ့ ခံစစ်တွဲကို ထိုးဖောက်နိုင်ဖို့ လည်းအခက်ခဲတွေရှိနေပါတယ်။သို့သော်လညါး အင်္ဂလန်လက်ရွေးစင်ဖြစ်တာကြောင့် မက်ဂွိုင်းယား ကို ချက်ချင်းကြီးထုတ်ပယ်လိုက်တာမျိုးကတော့ ဖြစ်နိုင်ချေနည်းပါတယ်။

(၁) ဗန်ဒီဘိခ့်

တန်ဟဂ် ရဲ့ တပည့်ဟောင်းဖြစ်ခဲ့သလို ဆရာဟောင်းနဲ့လက်တွဲပြီး ထူးရှယ်ခြေစွမ်းမျိုး ပြန်ရနိုင်တယ်လို့ထင်ခဲ့ပေမယ့် ဗန်ဒီဘိခ့် အတွက် မန်ချက်စတာမှာ တိမ်ထူတဲ့နေ့တွေသာ ဖြတ်သန်းနေရပါတယ်။ယူနိုက်တဒ် ကွင်းလယ်မှာ လူတွေပုံနေသလို တန်ဟဂ် အတွက်ရွေးချယ်စရာများတဲ့အနေထားမှာ ဗန်ဒီဘိခ့် ရဲ့ ကန့်သတ်ချက်ရှိနေတဲ့ လုပ်ဆောင်နိုင်စွမ်းက အတားဆီးတစ်ခုဖြစ်လာပါတယ်။လက်တလောမှာတော့ ဆောင်းမှာ အိုင်းယက်စ် ကိုအငှားနဲ့ပြန်လည်ပြောင်းရွှေ့ဖို့ ဆွေးနွေးလျက်ရှိပါတယ်။