အဲရခ်တန်ဟဂ်ရဲ့ အကောင်းဆုံး ခေါ်ယူမှု ဖြစ်ခဲ့တဲ့ ကစားသမား (၃)ဦး

Posted on

မန်ယူနိုက်တဒ် အသင်းရဲ့ ယခုရာသီပြန်လာနိုင်ခြင်းမှာ ကစားသမားသစ်တွေရဲ့စွမ်းရည် က အဓိက ကျနေပါတယ်။ အထူးသဖြင့် တချိန်က ခေါ်ယူလိုက်တဲ့ ကစားသမားအများစု ဟာ အရံခုံပေါ်တက်ထိုင်ရလည်း အဆင်ပြေကြတဲ့ လစာမက်လို့ ပြောင်းရွှေ့လာကြသူတွေဖြစ်ပေမယ့် လက်ရှိအချိန်မှာပြောင်းရွှေ့လာကြသူတွေကတော့ ပွဲထွက်ခွင့်သေချာပေါက်ရရှိစေရန် ကြိုးစားကစားမယ့် သူတွေဖြစ်တာကြောင့်လည်း အသင်းရဲ့ ကစားအား နဲ့ ကစားဟန် က ပိုပြီး အသက်ဝင်လာတာပဲဖြစ်ပါတယ်။ ယခုရာသီမှာ ကစားသမား (၆)ယောက် ခေါ်ယူထားပြီး အဆိုပါ (၆)ယောက်ထဲက အကောင်းဆုံး (၃)ယောက်ကိုရွေးထုတ်ကြည့်တဲ့အခါမှာတော့

(၃) မလာစီယာ

PSV ဘယ်နောက်ခံလူကို လိုင်ယွန်အသင်းထံမရောက်ခင် ကြားဖြတ်လုယူထားတာ ဖြစ်ပြီး တန်ဟဂ် အတွက် နယ်သာလန်မဟာပြိုင်ဘက် ထံကနေ ခေါ်ယူထားတာကြောင့် စွန့်စားမှုကြီးတဲ့ အပြောင်းရွှေ့လည်းဖြစ်ခဲ့ပါတယ်။မလာစီယာ ဟာ ရှေ့-နောက် လွန်းထိုး ကစားနိုင်သလို ခံစစ်ပိုင်းလည်း စိတ်ချရတဲ့ ကစားသမားဖြစ်ပါတယ်။ ရှော အတွက်တော့ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာခဲ့ပြီး အရံခုံပေါ်ပါ ရောက်ရှိသွားစေခဲ့ပါတယ်။

(၂) အန်တိုနီ

အန်တိုနီ ဟာ တစ်ပွဲသာ ကစားရပေမယ့် အတော်လေး တိုးတက်ကောင်းမွန်တဲ့ အရွေ့တွေ ပြသထားနိုင်ပါတယ်။ညာတောင်ပံအတွက် ဘယ်ခြေသုံးကစားသမား အရေးတကြီး လိုအပ်ချိန် ဖြစ်လို့ အန်တိုနီ ရောက်ရှိလာခြင်းက အကောင်းဆုံး ခေါ်ယူမှုလို့တောင် တံဆိပ်ကပ်လို့ရနိုင်ပါတယ်။အန်တိုနီ ရဲ့ high press ကစားနိုင်စွမ်း နဲ့ အတွင်းကို ချိုးဝင်ကစားနိုင်စွမ်း က တန်ဟဂ် အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်လာပါလိမ့်မယ်။

မာတီနက်ဇ်

တန်ဟဂ် ရဲ့အကောင်းဆုံး ခေါ်ယူမှုက အဲရခ်ဆင် ကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်လို့ တန်ဖိုးပါရှိနေတဲ့ အပြောင်းရွှေ့တွေထဲမှာတော့ မာတီနက်ဇ် ကသာ အမြင့်ဆုံး အပြောင်းရွှေ့ဖြစ်ပါတယ်။ မာတီနက်ဇ် ရဲ့ ရဲရင့်ခြင်း၊မာထန်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့ ကစားသမားဖြစ်ပြီး ယူနိုက်တဒ်ခံစစ် ရဲ့ ဗီဒစ်အလွန် အကောင်းဆုံး ခေါ်ယူမှု ဖြစ်ခဲ့ရပါတယ်။